Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အမြင့်သံ (High Note) မဆိုနိုင်ဘူးလို့ ဝေဖန်ခံလိုက်ရတဲ့ အဆိုတော် Justin Bieber

$
0
0

ကမ္ဘာကျော်အဆိုတော် Justin Bieber ဆီမှာ ပရိသတ်ထောင်သောင်းချီပြီး ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အဲဒီအထဲ မှာတော့ အဆိုတော် Lionel Richie တော့ မပါဝင်ပါဘူး။ ကနေဒါအဆိုတော် Biber နဲ့ တခါတုန်း က တွဲခုတ်ခဲ့ဖူးတဲ့ သမီး ဖြစ်သူ Sofia Richie ရဲ့ ဖခင် Lionel ဟာ ဧပြီ ၂၃ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ American Idol အစီအစဉ် အင်တာဗျူးတခုမှာ အခုလိုမျိုး ဝေဖန်ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာ ထုတ်ပယ်ခံလိုက်ရတဲ့ အရည်အချင်းရှိတဲ့ အဆိုတော်တွေ အကြောင်း ပြောကြားရာမှာ အခုလိုမျိုး Lionel က အသက် ၂၄ နှစ်အရွယ် Bieber ကို ပြောဆို လိုက်တာ လည်းဖြစ်ပါတယ်။

သူက “မင်းတို့ကြည့်ပြီး စဉ်းစားကြည့်လိုက်စမ်းပါ၊ Note တိုင်းကို သေသေသပ်သပ် ရောက်အောင် ဆိုနိုင်မယ် ဆိုရင် ဘာလို့ အဲဒီလူတိုင်းက စူပါစတား မဖြစ်နိုင်ရမှာလဲ၊ အဖြေကတော့ ထူးခြားတဲ့ အရည်အသွေးလို့ ခေါ်ပါတယ်၊ Willie Nelson ကို ကြည့်လိုက်စမ်းပါ၊ သူူက Gospel သီချင်း Note ရောက်အောင် ဆိုနိုင်လို့လား၊ ပြီးတော့ Justin Bieber၊ သူလည်း အမြင့်သံမရောက်ဘူးလေ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Lionel နဲ့အတူ American Idol အစီအစဉ်မှာ ဒိုင်အဖြစ် ဆောင်ရွက်နေတဲ့ Katy Perry က Bieber ဘက်မှ ကာကွယ် ပြောဆိုပေးခဲ့ပါတယ်။ အဆိုတော် Katy က “သူအမြင့်သံတွေ ရောက်ပါတယ်” လို့ ဆိုပါတယ်။ အဲဒီအခါ Lionel က “ဒီအတိုင်းစကားအဖြစ် ပြောတာပါ” လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ ဒိုင်တဦးဖြစ်တဲ့ Luke Bryan က Katy ကို ပြန်လည်စနောက်ခဲ့ပါတယ်။ Luke က “မင်းက Bieber ကိုကာကွယ်ပေးတယ်၊ Bieber ကိုချစ်နေတာလား” လို့ ပြောဆိုခဲ့ပါတယ်။ အဆိုတော် Katy က “ကျမဆိုလိုတာက သူဟာ တော်တော်လေးကို အရည်အချင်းရှိပါတယ်” လို့ ချီးမွမ်းပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ ၂ လလောက် သမီးဖြစ်သူ Sofia နဲ့ Bieber တို့ တွဲခဲ့ကြတဲ့အပေါ် တခုခု တုန့်ပြန် ပြောဆိုလို တဲ့သဘောနဲ့ Lionel က Bieber ကို ဝေဖန်တာ ဖြစ်နိုင်ချေရှိပါတယ်။ အခုတော့ Scott Disick နဲ့တွဲနေတဲ့ အသက် ၁၉ နှစ်အရွယ် မော်ဒယ် Sofia နဲ့ Bieber တို့ဟာ အချစ်ရေးတခန်းမရပ်မီ အချိန်အထိ မက္ကဆီကိုနဲ့ ဂျပန်နိုင်ငံတွေ ကို သွားရောက်ခဲ့ကြပါတယ်။

aceshowbiz

The post အမြင့်သံ (High Note) မဆိုနိုင်ဘူးလို့ ဝေဖန်ခံလိုက်ရတဲ့ အဆိုတော် Justin Bieber appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ