Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

တောင်ကိုရီးယားမှာ လူကြည့်နှုန်း စံချိန်ချိုးလိုက်တဲ့ “Avengers: Infinity War”ရုပ်ရှင်

$
0
0

Marvel ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “Avengers: Infinity War” ရုပ်ရှင်ဟာ တောင်ကိုရီးယားနိုင်ငံမှာ ပထမဆုံး ရုံတင်  ပြသတဲ့နေ့မှာပဲ  ပရိသတ် တသန်းနီးပါး ကြည့်ရှုခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ရုံတင်ခဲ့တဲ့ “The Battleship Island” ရုပ်ရှင်ကို ပထမဆုံးရုံတင်တဲ့နေ့မှာ ကြည့်ရှုခဲ့တဲ့ ပရိသတ် (၉၇၂၁၆၁) ထက်ကို ကျော်လွန်ခဲ့တယ်လို့ ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

Marvel ရဲ့ စူပါဟီးရိုးရုပ်ရှင်ကို ဧပြီ ၂၅ ရက်မှာ စတင်ပြသခဲ့တာဖြစ်ပြီး  နိုင်ငံတွင်းရုပ်ရှင်ရုံတွေမှာ ရောင်းချရတဲ့ လက်မှတ် အားလုံးရဲ့ ၉၄ ရာခိုင်နှုန်း ကျော် ရောင်းချခဲ့ရပြီး  ပရိသတ် ၉၇၆၈၃၅ ဦး ဝင်ရောက်ကြည့်ရှုခဲ့တယ်လို့ ကိုရီးယား ရုပ်ရှင်  ကောင်စီက ဆိုပါတယ်။

အဲဒီရုပ်ရှင်ဟာ ဧပြီ ၂၆ ရက်နံနက်ပိုင်းမှာပဲ ကြည့်ရှုသူအရေအတွက်သူ တသန်းကျော်သွားခဲ့ပြီ ဖြစ်တယ်လို့ ဒေသတွင်း  ရုပ်ရှင်ဖြန့်ဖြူးရေး  Walt Disney Company Korea  က ဆိုပါတယ်။ ဒါ့အပြင်  အဲဒီရုပ်ရှင်ဟာ  တောင်ကိုရီးယားမှာ  ပြခဲ့ဖူးသမျှ Avengers ရုပ်ရှင်တွေထဲမှာလည်း လူကြည့်နှုန်းအများဆုံး ဖြစ်လာခဲ့ပါတယ်။ “Avengers: Age of Ultron” ရုပ်ရှင်ကို လူစုစုပေါင်း ၁၀၄၉၀၀၀၀ ဦးကြည့်ရှုခဲ့ပြီး ပထမဆုံးနေ့မှာ လူ ၆၂၅၆၆၆ ဦးရှိခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ပြသတဲ့ “Infinity War” ရုပ်ရှင်ရဲ့ ကြီးမားတဲ့ ဖွင့်ပွဲမှာ ကြိုတင်လက်မှတ် ၁ သန်းကျော်  ရောင်းချခဲ့ရတယ်လို့ ခန့်မှန်းထားပါတယ်။ တတိယမြောက် “Avengers” ရုပ်ရှင်မှာ တော့ Marvel Cinematic Universe ထဲက Iron Man (Robert Downey Jr.), Captain America (Chris Evans), Black Widow (Scarlett Johansson), Thor (Chris Hemsworth) နဲ့ Hulk (Mark Ruffalo) တို့အပါအဝင် စူပါဟီးရိုး ၂၂ ယောက်က စကြာဝဠာ တဝက်ကို ဖျက်ဆီးဖို့ ရောက်လာတဲ့ ဗီလိန် Thanos ကို ရင်ဆိုင်တိုက်ခိုက်ကြပုံအား ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။

Yonhap

The post တောင်ကိုရီးယားမှာ လူကြည့်နှုန်း စံချိန်ချိုးလိုက်တဲ့ “Avengers: Infinity War” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ