အဆိုတော်ပိုပိုကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက မီဒီယာတခုရဲ့ အင်တာဗျူးမှာဖြေဆိုရင်း နောက်ပြောင် ပြောလိုက်တဲ့ အကြောင်းအရာကို မီဒီယာတခုက သတင်း ရေးသားလိုက်တဲ့အတွက် စိတ်မကောင်းဖြစ်ပြီး စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ ပြောထားပါတယ်။
“ကျမက တချိူ့ Journalist တွေနဲ့ခင်တော့ မောင်နှမတွေလို အမြဲနောက်ပြောင် ပြောလေ့ရှိပါတယ်။ journalist တွေကလဲ ကျမနောက်ပြောင်ပြောတာတွေ ရှောင်ပြီး အကောင်းဆုံး ရေးသား Interveiw ထည့်ပေးပါတယ် တချို့ journalist တွေ ကတော့ အိမ်ထောင်ဘယ်တော့ပြု မလဲ မေးရင်း ကျမ နောက်ပြောင်ပြောလိုက်တာကို အတည် ရေးသားထည့်ပေးပါတယ် အဲ့ဒါမြင်ပီး ကျမတော်တော် ဆွံအသွားပါတယ်။ စိတ်အနှောင့်ယှက်တော်တော် ဖြစ်မိပါတယ် စိတ်မကောင်းလည်း ဖြစ်မိပါတယ်။” လို့ ပိုပိုက သူမရဲ့ Facebook စာမျက်နှာတွင် ရေးသားထားပါတယ်။
အဲဒီ သတင်းကတော့ ပိုပိုက အိမ်ထောင်မပြုဖြစ်ရင်လည်း သုတ်အလှူခံပြီး ကလေးယူချင်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတာဖြစ်ပြီး ထိုကိစ္စနဲ့ ပတ်သတ်ပြီး အွန်လိုင်းပေါ်တွင် လူအများရဲ့ စနောက်မှု လှောင်ပြောင်မှုများကိုလည်း ခံနေရပါတယ်။
ပိုပိုကတော့ သူချစ်တဲ့ အဘွားဖြစ်သူကွယ်လွန်ပြီးတဲ့နောက်တွင် အထီးကျန်နေတဲ့ ကောင်မလေးတယောက်အဖြစ် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်လည်း ရေးသားခဲ့တာတွေကို တွေ့ရပြီး အောင်မြင်တဲ့ အဆိုရှင် ဖြစ်ဖို့အတွက်လည်း တယောက်တည်း ကြိုးစားလာခဲ့ရတဲ့ အဆိုတော်တယောက် ဖြစ်ပါတယ်။
The post မီဒီယာတခုရဲ့ရေးသားမှုအပေါ် စိတ်အနှောင့်အယှက်ဖြစ်ပြီး စိတ်မကောင်းဖြစ်မိတယ်ဆိုတဲ့ ပိုပို appeared first on ဧရာဝတီ.