ဘောလိဝုဒ် ရုပ်ရှင်လောကရဲ့ ဒိတ်ဒိတ်ကြဲ စတားနှစ်ဦးဖြစ်တဲ့ Amitabh Bachchan (အမီတာဘတ်ချန်း) နဲ့ Rishi Kapoor (ရီရှီကပူးရ်) တို့ဟာ ဆယ်စုနှစ်သုံးခုကျော် ကြာမြင့်ခဲ့ပြီးတဲ့နောက်မှာ ပထမဆုံးအကြိမ် အတူ တွဲဖက်သရုပ် ဆောင်ထားတဲ့ “102 Not Out” ဆိုတဲ့ ဟာသဇာတ်မြူးရုပ်ရှင်ကို မေ ၄ရက်မှာ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။
ဒါရိုက်တာ Umesh Shukla ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်မှာဆိုရင် မင်းသားကြီး Bachchan ဟာ အသက် ၁၁၈ နှစ် အရွယ်အထိ နေထိုင်ပြီး ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ် ဖြစ်ဖို့ ရည်မှန်းထားတဲ့ အသက် ၁၀၂ နှစ်အရွယ် အဖိုးအို တဦးအနေနဲ့ သရုပ်ဆောင်ထား ပါတယ်။
အဲဒီလို ရည်မှန်းထားတဲ့အတွက် ဆင်းရဲတဲ့ အသက် ၇၅ နှစ်ရွယ်သားဖြစ်သူ (Kapoor) ကို လူအိုရုံ ပို့လိုက်ဖို့ ဆုံးဖြတ် လိုက်တဲ့ အကြောင်း ဇာတ်အိမ် တည်ထားတာလည်း ဖြစ်ပါတယ်။ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်လွန်နှစ် တွေမှာ လက်တွဲ ညီခဲ့ကြတဲ့ အဲဒီသရုပ်ဆောင်နှစ်ဦးဟာ ၁၉၉၁ ခုနှစ်တုန်းက ရုပ်ရှင်တခုမှာ နောက်ဆုံးအတူတူ သရုပ်ဆောင်ခဲ့ ကြပါ တယ်။ အသက် ၇၅ နှစ်အရွယ် မင်းသားကြီး Bachchan က “Rishi နဲ့ ၂၇ နှစ်လောက်ဝေးကွာပြီး မှ ပြန်ပေါင်းစည်း တာဟာ စက်ဘီးပေါ်ကဆင်းလိုက်ပြီး စက်ဘီးပေါ် ပြန်တက်လိုက်တာနဲ့ တူပါတယ်” လို့ပြောကြားခဲ့ပါတယ်။

“Big B” လို့လည်း ခေါ်ကြတဲ့ မင်းသားကြီး Bachchan ဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ရိုက်ကူးခဲ့တဲ့ “Zanjeer” နဲ့ “Sholay” ရုပ်ရှင်တွေနဲ့ နာမည်ကျော်ကြားခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။ သူဟာ ဘောလိဝုဒ် ရုပ်ရှင်တွေမှာ တရားမျှတမှုမရှိတဲ့ စနစ်ကို တိုက်ထုတ်ပြီး ရန်လိုတဲ့ စိတ်ဓါတ်တွေကို ဖြည့်သွင်းပေးတဲ့ ကြမ်းကြမ်းတမ်းတမ်း သူရဲကောင်း တယောက်အဖြစ် သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ၁၉၇၃ ခုနှစ်မှာ “Bobby” ရုပ်ရှင်နဲ့ အချစ်သူရဲကောင်တယောက်အဖြစ် နာမည်ရရှိခဲ့တဲ့ မင်းသား Kapoor ကတော့ အိန္ဒိယသရုပ်ဆောင် Kapoor မိသားစုဝင်တဦးလည်း ဖြစ်ပါတယ်။
မင်းသားကြီး Bachchan နဲ့ Kapoor တို့ရဲ့ ပထမဆုံးအတူတွဲ ရိုက်ခဲ့တဲ့ ရုပ်ရှင်ကတော့ ၁၉၇၆ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “Kabhi Kabhie” ဆိုတဲ့ ရိုမန့်စ်ဒရမ်မာပဲဖြစ်ပါတယ်။ “102 Not Out” ရုပ်ရှင်ကတော့ နာမည်ကျော် ဂူဂျာရက် ပြဇာတ်တပုဒ်ကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။
Ref: asiaone
The post ဘောလိဝုဒ်စူပါစတား Amitabh Bachchan နဲ့ Rishi Kapoor တို့ရဲ့ အနုပညာဖန်တီးမှု appeared first on ဧရာဝတီ.