Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကျေနပ်လောက်တဲ့အခွင့်အရေး မရှိသေးပေမယ့် နိုင်ငံတကာလူရွေးပွဲတွေအထိ ကြိုးစားနေတဲ့ လှယဉ်ကျေး

$
0
0

အခုလောလောဆယ် ညီမ ခက်ခဲနေတယ်။ ညီမအချက်အလက်တွေ ပို့ထားပေမယ့် မဆက်သွယ်လာဘူး။ ညီမဘယ်လိုဆက်လုပ်ရမလဲတော့ မသိဘူးဖြစ်နေတယ်။ အခွင့်အရေးပေါ်လာရင်တော့ လုပ်မှာပဲ”လို့ ဧရာဝတီကို ပြောကြားလာသူက လတ်တလော မြန်မာ့ရုပ်ရှင်လောကကို ဂယက်ထသွားစေတဲ့ “မုဒြာခေါ်သံ”ရုပ်ရှင်ကားမှာ တခန်းတကဏ္ဍ ပါဝင်ခွင့်ရခဲ့တဲ့ လှယဉ်ကျေးပါ ။ လှယဉ်ကျေးက   သရုပ်ဆောင်အပြင့်  ဇာတ်ညွှန်းရေးသားခြင်းကိုပါ   လုပ်ကိုင်နေတဲ့ အတွက် ဒါနဲ့ ပတ်သတ်ပြီး ပြောဆို လိုက်တာ ဖြစ်ပါတယ်။

“ညီမက ကိုယ်လုပ်ဖူးတဲ့အလုပ်မှန်သမျှ Video File အတိုလေးတွေ၊ မုဒြာရိုက်ကွင်း ကဖြတ်ထားတဲ့ ဆင်းန်းအတိုလေးတွေ၊ မောင့်အိမ်သူ  ထွေလာလေးတွေ ၊ညီမကိုယ်တိုင် ပြိုင်ပွဲဝင်ထားတဲ့ ဇာတ်ညွှန်းလေးတွေ ညီမရဲ့အနုပညာနဲ့ ပတ်သက်တဲ့ အရာတွေအကုန်လုံးကို ပရိုဖိုင်းလေးလုပ်ထားတယ်။ ညီမဘာပဲလုပ်ခဲ့၊လုပ်ခဲ့ ကမ်းလှမ်းမှုမရဘူး။ အချိန်ကလည်း ၁၅နှစ်လောက်ကုန်ခဲ့ပြီဆိုတော့ ဘာမှမဖြစ်လာတဲ့အခြေအနေမှာ ဒါကိုစွန့်လွှတ်လိုက်ရမလားလို  ပြန်စဉ်းစားတဲ့အချိန်မှာ ၁၅ နှစ်ကိုနှမြောတယ် လို့ ဆိုပါတယ်။

လှယဉ်ကျေး ကသရုပ်ဆောင်တာ အရမ်းဝါသနာပါတဲ့အတွက် ဘာပဲဖြစ်ဖြစ် တနှစ်တကားလောက်တော့ ရိုက်ကူးချင်တယ်ဆိုတဲ့စိတ်ရှိသူပါ။

သရုပ်ဆောင် လှယဉ်ကျေး

“ရုပ်ရှင်နှစ်ကားရိုက်ထားတဲ့အတွက်လည်း လူရွေးပွဲတွေဝင်ပြိုင်စရာမလိုဘူးဆိုတဲ့ စိတ်မျိုးလည်း  ညီမမှာ မရှိဘူး။

အဲဒါကြောင့်ညီမနဲ့လိုက်တဲ့ဇာတ်ရုပ်၊ ကြိုက်တဲ့ဇာတ်လမ်းဆိုရင် ဝင်ပြိုင်မိမှာပဲ။ အန်တီဂရေ့စ် အဆက်အသွယ်နဲ့ အိန္ဒိယနဲ့မြန်မာဖက်စပ်ရိုက်ကူးမယ့် ရုပ်ရှင်မှာ Reporter လိုတယ်ဆိုလို့ လူရွေးပွဲမှာ ဖောင်တင်ဆို တင်လိုက်တာပဲ။ တကယ်ပါခွင့်ရရင် ထူးခြားတဲ့အခွင့်အရေးပဲလေ။  ပြီးတော့ စင်ကာပူက စာရေးဆရာရေးတဲ့ ဝတ္ထုကို ဟောလိဝုဒ်ကထုတ်ဝေမယ့် ရုပ်ရှင်ကား။ သူကတကမ္ဘာလုံးကိုကြော်ငြာပြီးတော့ အာရှသရုပ်ဆောင်တွေလိုတယ်။ You tube ကနေပို့လို့ရတယ်ဆိုလို့  ညီမလည်း You tube ကတင်ထားလိုက်တာပဲ။ အခွင့်အရေးသေးသေးလေးကအစ အကုန်လုပ်ကြည့်တယ်။ လက်လှမ်းမီတာမှန်သမျှလိုက်လုပ်နေတယ်။ အခုထိတော့ ကျေနပ်ရလောက်အောင်လို့ ညီမလက်ထဲမှာ အခွင့်အရေး မရှိသေးပါဘူး  “လို့လည်း ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။

လှယဉ်ကျေးက” အခွင့်အရေးရဖို့ကိုလည်း ထိုင်စောင့်မနေဘဲ ကိုယ်တိုင်သွားပြီး ကြိုးစားနေပါတယ်။ ရလာရင်လည်း  မုဒြာတို့ မောင့်အိမ်သူတို့တုန်းကလို ကာရိုက်တာနဲ့ လိုက်ဖက်အောင် 100 % ကြိုးစားမှာပါ”လို့လည်း ဧရာဝတီကိုပြောကြားခဲ့ပါတယ်။

The post ကျေနပ်လောက်တဲ့အခွင့်အရေး မရှိသေးပေမယ့် နိုင်ငံတကာလူရွေးပွဲတွေအထိ ကြိုးစားနေတဲ့ လှယဉ်ကျေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...