နန်းသူဇာ က အနုပညာတွေ အများကြီးမလုပ်ပေမယ့် သူလုပ်သမျှ အနုပညာ ၊ သူဖန်တီးတဲ့ပွဲတက်fashionတွေနဲ့ ပရိသတ်မြင်ကွင်းကပျောက်မသွားတဲ့သူဖြစ်ပြီး သူမ ပါဝင်တဲ့ Let’s go အစီအစဉ်ကလည်းပရိသတ် သဘောကျတဲ့ အစီအစဉ်တခု ပါ။
Let’s goနဲ့ ပတ်သက်ပြီး နန်းသူဇာက”Let’s goရဲ့ ဒီတခေါက်ရိုက်ကူးရေးက ရုရှသွားဖို့ လုပ်နေတာပါ ။ ဒါပေမဲ့ အခု TV Channel နဲ့ ညှိနေတယ်။ ပြီးတော့ အခုခေတ်က Social Media ခေတ်ဆိုတော့လေ အဲဒီ Let’s go အစီအစဉ်ကို Online တင်ရင်ကောင်းမလားလို့ တိုင်ပင်နေလို့ အဲဒီအစီအစဉ်ကြန့်ကြာနေတာပါ “လို့ ဧရာဝတီကို ပြောပြ ပါတယ်။
ကြော်ငြာနဲ့ သီချင်းများသာ လုပ်ဖြစ်ပေမယ့် အလှအပ၊ Skin Care ကုမ္ပဏီများရဲ့ မျက်စိကျခြင်းခံရသူပါ ။ “နန်းသူဇာ က တခြားဟာတွေ မလုပ်ဖြစ်ပေမယ့် Skin Care တော့သဘောကျတယ်။ ဒီနိုင်ငံရဲ့ ရာသီဥတုအနေအထားအရ လုပ်လည်း လုပ်သင့်တယ်လို့ထင်တယ်။ မြန်မာ့ရာသီဥတုနဲ့ကိုက်အောင်လုပ်တဲ့ Product မျိုးဆို အဆင်ပြေတယ်။ အသားအရေ ဆိုတာ လူတယောက်အတွက် အရေးကြီးတော့ ထိန်းသိမ်း စောင့်ရှောက်သင့်တယ်”လို့လည်း နန်းသူဇာက အလှအပနဲ့ ပတ်သတ်ပြီးတော့လည်း ပြောဆိုပါတယ်။
အနုပညာနဲ့ ပတ်သက်လို့ ကိုယ်လုပ်ချင်တာလေးတွေလည်း လုပ်ပြီးသွားပြီ ဖြစ်တာကြောင့် စီးပွားရေးအတွက် စတင်စဉ်း စားနေပြီလို့ သိရပါတယ်။”အခုနန်းသူဇာ ကစီးပွားရေးပဲ လုပ်ချင်တော့တယ်။ အသက်အရွယ် ကြီးလာလို့လားတော့ မသိဘူးပေါ့လေ။ ပြီးတော့ နန်းသူဇာက အမြဲတမ်းတော့ Idea တွေကထွက်တယ်။ ဆိုင်လုပ်မယ်ဆိုလည်း ကိုယ်လုပ်ချင်တဲ့ ပုံစံဒီဇိုင်း ရှိတယ်။ လုပ်ချင်တာက အရမ်းများနေတယ်။ ပြီးတော့ အလုပ်အတွက် သုံးမယ့် Cost ကလည်းများနေတော့ ရှိတာလေးကနေ စရမှာပေါ့။ Plan ကလည်း ချနေတာကြာပြီ ။နာမည်ပေးထားတာလည်းမျိုးစုံုပဲ ။ တကယ်အကောင်အထည်ပေါ်လာရင်လည်း အားပေးပါဦးလို့ “ဆိုပြီးပြောဆိုပါတယ်။ ဒါပေမယ့် ဘာလုပ်မယ်ဆိုတာကိုတော့ ခဏထိန်ချန်ထားပါသေးတယ်။
အဆိုတော် ကျော်ထွဋ်ဆွေနဲ့ ချစ်သူသက်တမ်း ၇ နှစ်ကျော်လာပေမယ့် သိပ်ချစ်ကြတဲ့ ချစ်သူတွေအဖြစ် တွေ့နေရဆဲ ဖြစ်ပါတယ်။ နန်းသူဇာကို လက်ထပ်ဖို့ အစီအစဉ်နဲ့ ပတ်သတ်ပြီးမေးတဲ့အခါမှာ “ ညီမက ရာထူးမတက်နိုင်သေးပါဘူး ။ ရာထူးတက်ဖို့ ကြိုးစားနေတုန်းပဲ။ သူေဋ္ဌး ကပရိုမိုးရှင်း မပေးသေးလို့ပါ။ နောက်တာပါနော်။ တကယ်က နှစ်ယောက်စလုံးက မှန်းထားတဲ့ ဘဝကို မရောက်သေးတဲ့အတွက် အတူတူတွဲ ချီတက်နေတုန်းပါပဲ” လို့ အချစ်ရေးနဲ့ ပတ်သတ်လို့ ပြောဆိုပါတယ်။
The post နှစ်ယောက်စလုံးမှန်းထားတဲ့ ဘဝကို မရောက်သေးတဲ့အတွက် လက်ထပ်ဖို့ အချိန်ကြာဦးမယ့် နန်းသူဇာရဲ့ အချစ်ရေး appeared first on ဧရာဝတီ.