Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဒိန်းပိုပိုဒေါင်ရဲ့ စုကြေးလေလံမဲ ငွေကြေးအရှုပ်အရှင်း

$
0
0

ဟာသသရုပ်ဆောင် ဒိန်းဒေါင်ရဲ့ သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်ကို နိုင်ငံပိုင်သတင်းစာမှတဆင့် အွန်လိုင်းစုကြေး ငွေများအား ရောင်းချပြီး ငွေပြန် မထုတ်ပေးတဲ့အတွက် ၇ ရက်အတွင်း ဖြေရှင်းပေးရန် မေလ ၆ ရက်နေ့ထုတ် အစိုးရ သတင်းစာမှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ကြေညာချက်ထဲမှာတော့ နေပြည်တော်မှာ နေထိုင်တဲ့ မမေသူကြွယ် (ခေါ်) မမေသူအား ဒိန်းပိုပိုဒေါင်က Facebook မှတဆင့် စုကြေးလေလံမဲများအား အမြတ်ရရှိမည် ဟုဆိုကာ ယုံကြည်အောင် ပြောဆိုရောင်းချခဲ့တဲ့အတွက် မမေသူကြွယ်က စုကြေးလေလံမဲ ၁၀ ခုစာအတွက် ငွေကျပ်သိန်း ၂၉၀ ကို Mobile Banking ဖြင့်လွှဲပေးခဲ့ကာ ပြန်လည် ထုတ်ပေးရတော့မယ့် နေ့ရက်များတွင် ထုတ်ပေးနိုင်ခြင်း မရှိဘူးလို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်၍ ဒိန်းပိုပိုဒေါင်က သူမရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာမှာ အခုလို ရေးသား ထားပါတယ်။ “ယခုလက်ရှိ အဓိက ပြဿနာသည် ကျမ တာဝန်ယူထားသောသူများ အပေါ် ကျမတို့ တောင်းပန်ထားပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေပါလျှက် အချိန်တခုထိ မစောင့်ပေးဘဲ ကျမအဖေနဲ့ ကျမအား ဂုဏ်သရေ ညှိုးနွမ်းကျဆင်းအောင် နည်းမျိုးစုံဖြင့် Post များတင်၊ စာစောင်တွေထဲထည့် ကြေငြာနေသော မိန်းမအချို့အား ကျမ တာဝန်ယူမှုအပေါ် လုံးဝထည့်သွင်း စဉ်းစားပေးမည် မဟုတ်ပါ။ ထို့်အတွက် ဥပဒေဖြင့်သာ ဆက်လက်လုပ်ဆောင်မည်။”

“ကျန်တဲ့သူများအား ကျမတို့ဘက်မှ အကောင်းဆုံး လုပ်ဆောင်ပေးနေသောကြောင့် အချိန်တခုပဲ စောင့်ဆိုင်းပေးရန် လိုအပ်သည်။ ကျမတို့ဘက်မှ မဖြိုးသီရိထွန်း ဆီမှ ဖမ်းမိသည့်ညက ငွေ ၁၀၃ သိန်းမှ လွဲ၍ ထပ်မံငွေရရှိခြင်း လုံးဝ မရှိသေးပါ။ ယခု သတင်းထွက်ရှိနေသော ကျမတို့အား ငွေတဝက် လျော်ထားသည်ဆိုသည့် သတင်းမှာလည်း လုံးဝ အမှန် မဟုတ်ပေ။ ရရှိထားခဲ့လျှင် ကျမတို့ဒီလို ဆက်လက် စိတ်ဆင်းရဲခံနေမည် မဟုတ်။ နေ့ရောညပါ မျက်ရည်နဲ့ မျက်ခွက်၊ မအိပ်နိုင် မစားနိုင်နဲ့ ဒီကိစ္စကိုသာ လုပ်နေခြင်းကြောင့် ရက်အနည်းငယ်သာ စောင့်ဆိုင်းစေလိုသည်။”

“ပူးပေါင်းကြံစည်မှု ဟုတ်မဟုတ်ကို ထိုနေ့ညက လာရောက်ခဲ့ကြသော အလိမ်ခံရသည့် အစ်ကို၊ အစ်မများ မျက်မြင် ဖြစ်သည့်အတွက် ဦးနှောက်ရှိသူတိုင်း စဉ်းစားတတ်သည်။ ထိုမျက်မြင်များကိုလည်း မေးမြန်းနိုင်သည် ကျမတို့ ဘယ်လို တောင်းခဲ့တယ်ဆိုတာ ထိုမျက်မြင်သူများလည်း ကျမအဖေကို မစော်ကားကြဖို့ ထပ်မံ မေတ္တာရပ်ခံပါရစေ။ မျက်မြင်ကိုယ်တွေ့ ကိုယ်တိုင်မြင်ပါလျှက် ပူးပေါင်းကြံစည်သည်ဟု ပြောသောသူများ စေတနာဖြင့် မတန်သောကြောင့် ဆက်လက် စကားမပြောတော့ပါ။ မေတ္တာရောင်ပြန်ဟပ်တတ်သည်။ ကျမတို့အားလုံးပေါ် စေတနာ မေတ္တာ ထားခဲ့သည်။ ဤမှန်ကန်သော သစ္စာစကားကြောင့် ကျမတို့ ယခုဖြစ်ပေါ်နေသော အခက်ခဲများကြားမှ အမြန်ဆုံး ပြေလည်ပါစေ” လို့ ဒိန်းပိုပိုဒေါင်က ပြောထားပါတယ်။

ဒိန်းပိုပိုဒေါင်က အဆိုပါ ကိစ္စများမှာ သူမနဲ့သာ သက်ဆိုင်ပြီး သူမရဲ့ဖခင်ဖြစ်သူ ဒိန်းဒေါင်နဲ့ သက်ဆိုင်ခြင်း မရှိတဲ့ အတွက် နာမည်တပ် ပြောဆိုခြင်းများ မပြုကြရန်နှင့် သူမအနေဖြင့် ဆုံးရှုံးသွားသောငွေကြေးများကို ပြန်လည်ရရှိရန် ကြိုးစားနေတယ်လို့ ပြောထားပါတယ်။

မမေသူကြွယ် ရှေ့နေဘက်မှ ထုတ်ပြန်ထားတဲ့ကြေညာချက်အရ ဒိန်းပိုပိုဒေါင် လက်ခံထားတဲ့ ငွေကျပ်သိန်း (၂၉၀) ကို ကြေငြာချက် ပါရှိတဲ့ရက်မှ ၇ ရက်အတွင်း ပြန်လည်ပေးအပ်ရမှာဖြစ်ပြီး လိုက်နာမှု မရှိပါက တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

The post ဒိန်းပိုပိုဒေါင်ရဲ့ စုကြေးလေလံမဲ ငွေကြေးအရှုပ်အရှင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...