Quantcast
Viewing all articles
Browse latest Browse all 7343

“တကယ်ယူတော့မယ် ဆိုမှပဲ ပရိသတ်ကိုကြေငြာပါ့မယ်” ဆိုတဲ့ မအေးသောင်းရဲ့ အချစ်ရေး

Facebook ပေါ်မှာ Follower ပရိသတ်ပေါင်း ၁၁ သိန်းကျော် ရှိတဲ့ မအေးသောင်းလို့ ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းနဲ့ ပတ်သက်ပြီး ပရိသတ်စိတ်ဝင်စားမှု များတဲ့အထဲမှာ သူ့ရဲ့အချစ်ရေးလည်း ပါဝင်နေပါတယ်။ ပရိသတ်သိချင်နေတဲ့ မအေးသောင်းရဲ့ အချစ်လို့ဆိုတော့ “အချစ်ဆိုတာ အမြဲ ရှင်သန်နေတယ်။ အမြဲပေါက်ဖွားနေတယ်။ အဲဒါကြောင့်မို့ ပေါက်စီက ချစ်နေရတာကို ကြိုက်ကိုကြိုက်တာ။ သူမရှိရင် လွမ်းမယ်။ သူရှိရင် ချစ်မယ်ပေါ့”လို့ ပြောပါတယ်

ပရိသတ်နဲ့ အမြဲမပြတ် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံချင်တာကြောင့် မအေးသောင်းက သူမ Brand ambessador အဖြစ်တက်ရတဲ့ ပွဲတွေကို တလေးတစား တက်လေ့ရှိတယ်လို့ ဆိုပါတယ်။ ပရိသတ်ကို အလေးထားတဲ့ မအေးသောင်းက မန္တလေး Remax ပွဲကိုလည်း မန္တလေးပရိသတ်နဲ့ တွေ့ဖို့အတွက် လိုက်ပါပေးဦးမယ်လို့ သိရပါတယ်။

မအေးသောင်းရဲ့ အချစ်အကြောင်းကို မေးတဲ့အခါ “စိတ်များများ ကောက်တယ်။အချစ်ကို နုပျိုနေအောင်ဆိုတာထက် ပေါက်စီက အချစ်ဆိုတာမှာ အသက်အရွယ် မရှိဘူးလို့် ထင်တယ်။ ဘယ်အရွယ်မဆို ချစ်တာပဲ။ အသက်ကြီးကြီး၊ ငယ်ငယ်ချစ်ကြတာပဲ။ အချစ်မှာ အသက်အရွယ် ကန့်သတ်ချက် မရှိဘူး။ ပိန်တာ၊ ဝတာလည်း မရှိဘူး။ အဲဒီအတွက်ကြောင့် အချစ်ဆိုတာ ရှိနေသရွေ့ လူကအမြဲလတ်ဆတ်ပြီး နုပျိုနေမယ်လို့ထင်တယ်”လို့ ဆိုပါတယ်။

မအေးသောင်းကို အပျိုကြီးလုပ်ဖို့ အစီအစဉ်ရှိမရှိ ဆိုတာကိုတော့” ဟိုးတလောက FM တခုမှာ အစ်မရော၊ ညီမရောက ဖြေလိုက်တာက သူက ၁၀၀ ရာခိုင်နှုန်း အပျိုကြီး သူလုပ်မှာတဲ့။ သူတို့က အရှေ့က ပိတ်ပြောလိုက်တော့ ပေါက်စီက ဘာပြောရမှန်း မသိတော့ဘူး။ ကိုယ်က ယောက်ကျားယူချင်ရင်တောင် သူတို့ပြောထားတာနဲ့ပဲ အပျိုကြီးလုပ်ရမယ့်ပုံ ပေါက်နေပြီ”

“ပေါက်စီက အခုလတ်တလောတော့ ယူဖို့အစီအစဉ် မရှိသေးပါဘူး။ ဒါပေမဲ့ လူဆိုတာက မပြောနိုင်ဘူးလေ။ အရမ်း မခွဲနိုင်ရင်လည်း မနက်ဖြန်ပဲ ယူချင်ယူလိုက်မယ်လေ။ တကယ်ယူတော့မယ် ဆိုမှပဲ ပရိသတ်ကိုကြေငြာပါ့မယ်။ ချစ်သူဆိုတာက ချစ်သူအဆင့်ပဲ ဆိုတော့လေ။ ကိုယ်က Public ကို ချပြလိုက်ရင် သူ့အတွက် ကောင်းတာ ရှိတယ်။ မကောင်းတာ ရှိမယ်။ ပေါက်စီအတွက်လည်း အဲဒီလိုပါပဲ” လို့ မအေးသောင်းက ဧရာဝတီကို ပြောပါတယ်။

မအေးသောင်း ချစ်သူရဲ့စိတ်ထားကို မေးမြန်းကြည့်တဲ့အခါ “သူက နားလည်ပေးပါတယ်။ ပေါက်စီကို ချုပ်ခြယ်တာ၊ စိတ်ပူတာ၊ ဘာညာ မရှိပါဘူး။ ကိုယ့်အပေါ်ကို အမြဲနားလည်မှု ပေးထားတဲ့သူပါ။ အနုပညာနဲ့ ပတ်သက်လို့ကတော့ အကြံပေးတာပဲ များပါတယ်။ဟိုဟာလုပ်၊ ဒီဟာလုပ်ဆိုပြီး တခါမှ ဝင်မစွက်ဖက်ဘူး။ တကယ်ချစ်တဲ့သူက အချိန်ပေးတယ်။ပေါက်စီ သူ့ဆီက အချိန်ရပါတယ်”လို့ ဆိုပါတယ်။

The post “တကယ်ယူတော့မယ် ဆိုမှပဲ ပရိသတ်ကိုကြေငြာပါ့မယ်” ဆိုတဲ့ မအေးသောင်းရဲ့ အချစ်ရေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...