Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Paris Hilton ၏ ဝတ်လစ်စလစ် ဓာတ်ပုံများကို ခိုးယူခဲ့သူ ဟက်ကာ အမျိုးသမီးတဦး ထောင် ၄ နှစ် ၉ လ ကျခံရ

$
0
0

၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း မော်ဒယ်၊ ဒီဂျေ Paris Hilton ဆီကနေ ဝတ်လစ်စလစ်ပုံတွေ ခိုးယူပြီး ငွေတောင်းခံခဲ့သူ အမျိုးသမီး ဟက်ကာတဦးကို ထောင်ဒဏ် ၄ နှစ်နဲ့ ၉ လချမှတ်လိုက်တယ်လို့ သိရပါတယ်။ Paytsar Bkhchadzhyan ဆိုသူဟာ အဲဒီအချိန်အတွင်းမှာ Paris နဲ့အခြားလူနှစ်ဦးဆီကနေ ခိုးယူမှုတွေ လုပ်ခဲ့ပြီး သူဌေးမလေး Paris ရဲ့ဘဏ်အကောင့်ထဲကို ခိုးဝင်ခဲ့ကာ ခရတ်ဒစ်ကဒ်ထဲကနေ ဒေါ်လာ ၃ သိန်းကျော်ကိုလည်း ယူခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Paytsar ဟာ Paris ရဲ့ iCloud သိုမှီးအကောင့်ထဲ ကနေ ဝတ်လစ်စလစ် ဓာတ်ပုံတွေကို ရယူသွားခဲ့တဲ့အပြင် Paris ရဲ့ နာမည်နဲ့ အခြားအကောင့်တွေရဲ့ လျှို့ဝှက်နံပါတ် တွေကို ရရှိဖို့ ကြိုးစားတဲ့အနေနဲ့ ဖခင်ဖြစ်သူ Rick နဲ့ အစ်မဖြစ်သူ Nicky တို့ ပိုင်ဆိုင်တဲ့ စနစ်တွေကိုလည်း ချိုးဖောက်ဝင်ရောက်ခဲ့ပုံရတယ်လို့လည်း ဆိုပါတယ်။

အသက် ၃၇ နှစ်အရွယ် အွန်လိုင်းဒီဂျေတဦးဖြစ်သူ Paris ရဲ့ အယောင်ဆောင်ပြီး အကောင့် တခုထဲကနေ ပိုက်ဆံလွှဲပေးဖို့ သူ့ရဲ့ လက်ထောက်ကို အီးမေးလ်ပို့ တောင်းဆိုခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။ Paytsar ကို ပြီးခဲ့တဲ့ နှစ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ဘဏ်လုပ်ငန်းလိမ်လည်ရန် ပူးပေါင်းကြံစည်မှုနဲ့ ရုံတင် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၇ ရက်မှာတော့ အမှုအမိန့်ချတဲ့ တရားခွင်ကို Paris တက်ရောက်ခဲ့ပြီး အခုလိုမျိုး ချိုးဖောက်ခိုးယူခံရတဲ့ ဖြစ်စဉ်ကြောင့် ဘယ်လောက်အထိ ထိခိုက်ခဲ့ရတယ် ဆိုတာကို ဖော်ပြထားတဲ့ ကြေညာချက်ကိုလည်း တင်သွင်းခဲ့ပါတယ်။

တရားခွင်မှာ Paris က “ဒီအမျိုးသမီးဟာ ကျမ ဘယ်တော့မှ မေ့လို့မရမယ့် ဖြတ်ကျော်သွားလို့မရမယ့် နည်းလမ်းနဲ့ ပစ်မှတ်ထားခဲ့ပါတယ်၊ ကျမ တော်တော်လေးကို ကြောက်လန့်သွားခဲ့ပြီး သူက ကျမရဲ့ဘဝနဲ့ အမှတ်အသားတွေကို ယူဆောင်သွားခဲ့ပါမယ်၊ ပိုက်ဆံအတွက် သူကျမကို လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင် လုပ်ဖို့ ကြိုးစားခဲ့တယ်၊ ရုပ်ရှင်တခုလိုမျိုး အပြင်မှာ တကယ်ဖြစ်နေတယ်ဆိုတာ မယုံကြည်နိုင်လောက်အောင်နဲ့ ရူးမတတ် ခံစားရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အခုလိုမျိုး အမိန့်ချမယ့် တရားခွင်ကို လာရောက်ဖို့ အလုပ်ကိစ္စ ခရီးတခုကို အချိန်ရွှေ့ဆိုင်းခဲ့ရပြီး တရားသူကြီး အနေနဲ့ သူ့အပေါ် ဘယ်လောက်တောင် ထိခိုက်မှုရှိခဲ့တယ် ဆိုတာနဲ့ ဘယ်လောက်ပြင်းထန်တဲ့ ရာဇဝတ်မှုလဲ ဆိုတာ နားလည်နိုင်မယ်လို့ ထင်တဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

တရားရုံးကနေ ပြန်လည် ထွက်ခွာခဲ့ချိန်မှာတော့ Paris ဟာ တရားသူကြီးကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ အခုလိုမျိုး စိုးရိမ်ထိတ်လန့်မှုကို ချန်ထားခဲ့နိုင်လို့ စိတ်သက်သာရာ ရမိတယ်လို့လည်း ဆိုထားပါတယ်။

Ref; aceshowbiz

The post Paris Hilton ၏ ဝတ်လစ်စလစ် ဓာတ်ပုံများကို ခိုးယူခဲ့သူ ဟက်ကာ အမျိုးသမီးတဦး ထောင် ၄ နှစ် ၉ လ ကျခံရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...