Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Netflix ရဲ့ ရတနာလို့ တင်စားရတဲ့ ရုပ်ရှင်ဇာတ်ကား (၆) ကား

$
0
0

ရုပ်ရှင်ကြည့်တော့မယ်ဆိုရင် ဘယ်လိုဇာတ်ကားမျိုးကို ရွေးချယ်ကြည့်ရှုရမလဲလို့ ခေါင်စားနေစရာ မလိုရအောင် အားလပ် ရက်တွေမှာ အချိန်ပေး ကြည့်ရှုသင့်တဲ့ Netflix ရဲ့ ရတနာတွေလို့တောင် တင်စားရလောက်တဲ့ ရုပ်ရှင်ဇာတ်ကား စာရင်း တွေကို ဧရာဝတီရဲ့ စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေး လိုက်ပါတယ်။

(၁) A Girl Like Her(Movie)

နာမည်ကြီးအထက်တန်းကျောင်းက ကျောင်းသူလေးတဦး ကျောင်းမှာ အနိုင်ကျင့်ခံရာကနေ ကိုယ့်ကို ကိုယ် သတ်သေ သွားရ လောက်အောင်ထိ ဖြစ်သွားရတဲ့ နောက်ကွယ်မှာ ဘယ်လိုဇာတ်လမ်းတွေ ထပ်ရှိ နေသေးလဲဆိုတာကို အသေးစိတ် ခြယ်မှုန်းထားတဲ့ မှတ်တမ်းရုပ်ရှင်ဆန်ဆန် ရုပ်ရှင်ဇာတ်ကားကောင်း တကား ဖြစ်တာကြောင့် လက်မလွှတ်တမ်း ကြည့်ရှု့ သင့်ပါတယ်။

(၂) The Last Five Years (Movie)

နယူးယော့ခ်မြို့ကြီးကို နောက်ခံထားပြီး ချစ်သူနှစ်ယောက်ရဲ့ ဂီတနဲ့ပက်သက်တဲ့ လှုပ်ရှားရုန်းကန်မှုတွေကို ရိုက်ကူး ပြသထားတဲ့ ဂီတဆိုင်ရာ ဒရာမာ ရုပ်ရှင်အမျိုးအစားပဲ ဖြစ်ပါတယ်။

(၃) Timer (Movie)

ခေတ်ဆန်လွန်းတဲ့ အချစ်ရုပ်ရှင်ဖြစ်ပြီး ကြည့်နေစဉ်မှာရော ကြည့်ပြီးတဲ့အချိန်မှာပါ သင့်ရဲ့စိတ်ခံစားချက်ကို ပြန်လည် မေးခွန်းထုတ်မိစေမယ့် ရုပ်ရှင်ဇာတ်ကားကောင်း ဖြစ်ပါတယ်။

(၄) Black Mirror (TV Series)

Netflix ရဲ့ TV series တွေထဲမှာ လူကြိုက်များသလို အောင်မြင်လှတဲ့ ဒီရုပ်ရှင်ဇာတ်လမ်းတွဲဟာ The Twilight Zone နဲ့ ခပ်ဆင်ဆင် တူတယ်ဆိုပေမယ့် Black Mirror ကတော့ ယခု မျက်မှောက်ခေတ်အတွက်ပဲ ဖြစ်ပါတယ်။

(၅) Sense 8 (TV Series)

ကမ္ဘာ့နိုင်ငံအနှံ့အပြားက တဦးနဲ့တဦး မသိကြတဲ့ လူစိမ်း ၈ ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာချင်း တွယ်ဆက်နေပုံကို ဇာတ်လမ်း၊ ဇာတ်အိမ် ခိုင်မာစွာနဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

(၆) Scream (TV Series)

Crime, horror drama အမျိုးအစား ဖြစ်တဲ့ ဒီရုပ်ရှင်ဇာတ်လမ်းတွဲဟာ ဆိုရင်လည်း scream ရုပ်ရှင်တွေကို မှီငြမ်းထားပြီး ပုံစံအသစ်တမျိုးနဲ့ ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မှောင်မိုက်တဲ့ အတိတ်ကာလနဲ့ ဒဏ္ဍာရီဆန်လှတဲ့ လူသတ် သမား တွေစတင်ခဲ့တဲ့အကြောင်းကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားပဲ ဖြစ်ပါတယ်။

Ref.https:// www.buzzfeed.com

The post Netflix ရဲ့ ရတနာလို့ တင်စားရတဲ့ ရုပ်ရှင်ဇာတ်ကား (၆) ကား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...