Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မင်းသားကြီး Tom Hanks ရဲ့ ပရိသတ်တွေ ပြန်လည် ကြည့်ရှုခံစားသင့်တဲ့ Big (1988)

$
0
0

ရုပ်ရှင်ချစ်သူတွေကို အခုတခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ ပြန်လည် ကြည့်ရှုဖြစ်နေတဲ့ ၁၉၈၀ ခုနှစ် လောက်က ရုပ်ရှင်တွေထဲကမှ မင်းသားကြီး Tom Hanks ကို စူပါမင်းသားတလက်ဖြစ်အောင် ကျော်ကြားစေခဲ့တဲ့ Big ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

IMDB rating (7.3) ရရှိထားတဲ့ ဒီဇာတ်ကားမှာ ၁၉၈၀ ခုနှစ်လောက်က ခေတ်စားခဲ့တဲ့ ဖက်ရှင်တွေနဲ့ အဲ့ဒီ ခေတ်ကာလ တုန်းက နောက်ခံ မြင်ကွင်းတွေကို တွေ့မြင်ရမှာ ဖြစ်တာကြောင့် ဇာတ်ကားဟောင်း ဇာတ်ကားကောင်း ကြိုက်သူတွေ ကတော့ အကြိုက်တွေ့ကြမှာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Josh ဆိုတဲ့ ၁၃ နှစ်အရွယ်ကောင်လေးဟာ ကလေးဘဝမှာ မနေချင်တော့ဘဲ လူကြီး ဖြစ်ချင်တာကြောင့် သူတို့မြို့မှာ ခဏလာရောက်ဖွင့်လှစ်တဲ့ ကစားကွင်းတခုက Zoltar ဆိုတဲ့ မှော်ဆန်ဆန်ဂိမ်းစက်တခုမှာ လူကြီးဖြစ်ချင်တယ်လို့ ဆုတောင်းလိုက်ပါတော့တယ်။ ဒီလိုနဲ့ သူ့ဆုတောင်းဟာ မနက်အိပ်ရာကနိုး တဲ့အချိန်မှာပဲ ပြည့်သွားပြီး အသက် ၃၀ အရွယ်လူကြီးတယောက် ဖြစ်သွားခဲ့ရာကနေ သူ့မိဘတွေကပါ နေ့ချင်းညချင်း လူကြီး ဖြစ်သွား တဲ့ သူ့ကို မယုံတော့ဘဲ ရဲတိုင်တာကတဆင့် Josh တယောက် အိမ်နဲ့ဝေးရာကို ထွက်ပြေး ပါတော့တယ်။

လူကြီးဘဝဟာ သူထင်ထားသလို ပျော်စရာကောင်းမနေဘဲ စိတ်ညစ်စရာတွေ တပုံတပင်နဲ့ ရင်ဆိုင်လာရတာကြောင့် Josh တယောက် သူ့ကို ကလေးပြန်ဖြစ်စေနိုင်မယ့် Zoltar ဆိုတဲ့ဂိမ်းစက်ကို ရှာပုံတော် ဖွင့်ပါတော့တယ်။ အသက် ၃၀ အရွယ်လူကြီး တယောက် ဖြစ်သွားပေမယ့် စိတ်က ၁၃ နှစ်သားစိတ်ကြောင့် Josh တယောက် ဘယ်လိုအလွဲတွေ ကြုံရဦးမလည်း ဆိုတာ ရယ်နဲ့ သူရှာနေတဲ့ Zoltar စက်ကိုရော ရှာတွေ့ဦးမှာလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှု ကြည့်ဖို့ တိုက်တွန်း ချင်ပါတယ်။

ဒီဇာတ်ကားမှာ လူကြီးခန္ဓာကိုယ်နဲ့ ကလေးစိတ်ဖြစ်နေတဲ့ Josh အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Tom Hanks ရဲ့သရုပ်ဆောင်မှုဟာ ရုပ်ရှင်ကြည့်ရှုနေသူကိုပါ Josh နေရာကနေ ဝင်ပြီးခံစားရစေအောင် သရုပ်ဆောင် ပီပြင်လွန်း တာ ကြောင့် Tom Hanks ရဲ့ ပရိသတ်တွေ ကြည့်ဖြစ်အောင် ပြန်လည် ကြည့်ရှုသင့်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ရပါ တယ်။

The post မင်းသားကြီး Tom Hanks ရဲ့ ပရိသတ်တွေ ပြန်လည် ကြည့်ရှုခံစားသင့်တဲ့ Big (1988) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...