Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကိန်းစ်ရုပ်ရှင်ပွဲတော်သို့ တက်ရောက်ခွင့် ပိတ်ပင်ခံထားရတဲ့ ဒါရိုက်တာနှစ်ဦးအတွက် ဖြေလျော့ စဉ်းစားပေးမည်ဟု မင်းသမီး Cate Blanchett ပြော

$
0
0

ဟောလိဝုဒ်မင်းသမီး Cate Blanchett က ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခွင့် ပိတ်ပင် ခံထားရတဲ့ ဒါရိုက်တာနှစ်ဦးအတွက် ကရုဏာဖြစ်မိကြောင်း ထုတ်ဖော် ပြောကြားခဲ့ ပါတယ်။ အော်စကာနှစ်ဆုရှင်လည်း ဖြစ်၊ Palme d’Or လို့ခေါ်တဲ့ အကောင်းဆုံး ဇာတ်ကားဆုကို ရွေးချယ်ပေမယ့် ဂျူရီဒိုင်အဖွဲ့ ဥက္ကဌလည်း ဖြစ်တဲ့ မင်းသမီး Cate က နှစ်စဉ် ကျင်းပမြဲ ရုပ်ရှင်ပွဲတော်အတွက် မေ ၈ ရက်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲကို ဖွင့်လှစ်ပေးခဲ့ပါ တယ်။ အဲဒီရုပ်ရှင်ပွဲတော်မှာ အခုသီတင်းပတ်အတွင်းမှာပဲ အထူးပွဲအနေနဲ့ ပြသတော့မယ့် “Leto” နဲ့ “3 Faces” ရုပ်ရှင်ဒါရိုက်တာ တွေဖြစ်ကြတဲ့ ရုရှားဒါရိုက်တာ Kirill Serebrennikov နဲ့ အီရန်ဒါရိုက်တာ Jafar Panahi တို့နဲ့ပတ်သက် တဲ့ သတင်းတွေနဲ့ ပတ်သက်လို့် အခုလိုမျိုး တုန့်ပြန် ပြောဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီ ဒါရိုက်တာနှစ်ဦးလုံးဟာ ပွဲတော်ကို တက်ရောက်ဖို့ သူတို့ရဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ တာဝန်ရှိသူတွေထံ ကနေ ပြင်သစ်နိုင်ငံ သွားရောက်ခွင့်ကို ပိတ်ပင်ခံထားရတာ ဖြစ်ပါတယ်။ မင်းသမီး Cate က အခုလိုမျိုး ပွဲမှာ သူတို့ နှစ်ဦး ပါဝင် နိုင်ခဲ့ခြင်း မရှိတဲ့အတွက် အထူး စိတ်မကောင်းဖြစ်မိကြောင်းနဲ့ အကောင်းဆုံး ရုပ်ရှင်ကို ရွေးချယ်တဲ့အခါ သူတို့ရဲ့ အခြေ အနေတွေကို အပြစ်တခုလိုမျိုး ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူးလို့ သတင်းသမားတွေကို အခိုင်အမာ ပြောလိုက်ပါတယ်။

သြစတေးလျမင်းသမီး Cate က “ ဒါဟာ နိုင်ငံရေးရုပ်ရှင်ပွဲ တခုဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်ပါတယ်၊ ပြီးတော့ အခုလိုမျိုး လုပ်ဆောင်တာလည်း နိုင်ငံရေးနဲ့ မဆက်နွယ်နိုင်ဘူးလို့ ထင်ပါတယ်၊ ဒါပေမယ့် ဒီရုပ်ရှင်ပွဲတော်က ကမ္ဘာ တဝန်းမှာ ဖြစ်နေတဲ့ အခြေအနေတွေကို လူတွေက မျက်စိဖွင့်၊ စိတ်ဖွင့်၊ နားစွင့်ကြတာအတွက် နိုင်ငံရေး အရ ဖိအားမျိုး တွေ ဖြစ်လာ နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာနိုဘယ်ငြိမ်းချမ်းရေးဆု မဟုတ်ပါဘူး၊ Palme d’Or ဆုပါ၊ ဒါ့ကြောင့် လုပ်ဆောင်ပုံ နည်းနည်းလေး ကွဲပါတယ်၊ ဒါပေမယ့် ရုပ်ရှင်ဒါရိုက်တာနှစ်ဦးက သူတို့ရဲ့ ရုပ်ရှင်တွေ ပြသမယ့် နေရာမှာ ရှိနိုင်မှာ မဟုတ်ဘူးဆိုတဲ့ ဆိုးရွားတဲ့ အခြေအနေကတော့ ရှိနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အမျိုးသမီး ငါးဦးနဲ့ အမျိုးသားလေးဦးပါဝင်မယ့် အခုနှစ် ဂျူရီအဖွဲ့မှာဆိုရင် အမျိုးသမီး ဒါရိုက်တာတွေ ဖြစ်ကြတဲ့ Ava Duvernay နဲ့ Denis Villeneuve တို့အပြင် မင်းသမီးတွေဖြစ်ကြတဲ့ Lea Seydoux နဲ့ Kristen Stewart တို့လည်း ပါဝင်ပါတယ်။

The post ကိန်းစ်ရုပ်ရှင်ပွဲတော်သို့ တက်ရောက်ခွင့် ပိတ်ပင်ခံထားရတဲ့ ဒါရိုက်တာနှစ်ဦးအတွက် ဖြေလျော့ စဉ်းစားပေးမည်ဟု မင်းသမီး Cate Blanchett ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...