Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Toxic ( အဆိပ်သွေး) ဇာတ်လမ်းမှာ ဗီလိန်ဇာတ်ရုပ်နဲ့ တွေ့ရမယ့် မြနှင်းရည်လွင်

$
0
0

ဧဒင်ရဲ့ နတ်သမီး ရုပ်ရှင်ဇာတ်ကားမှာ ရှေ့နေမလေးဆောင်းနှင်းဆီအဖြစ် ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်ရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့တဲ့ သရုပ်ဆောင် မြနှင်းရည်လွင်က Toxic (အဆိပ်သွေး) ဇာတ်လမ်းတွဲမှာတော့ ဗီလိန်ဇာတ်ရုပ်နေရာက သရုပ်ဆောင်ထားတယ်လို့ဧရာဝတီကို ပြောပါတယ်။

“ချမ်းသာသွားပြီးတော့ မထင်ထားပဲ အရမ်းမုန်းခဲ့တဲ့သူကို ပြန်တွေ့လိုက်တဲ့အခါမှာ လိုက်ယုတ်မာတဲ့ ပုံစံမျိုး သရုပ်ဆောင် ထားပါတယ်။ မြနှင်း အရင်ထဲက ရင်ထဲမှာရှိတယ် ဗီလိန်ဇာတ်ရုပ်တွေ အရမ်းကြိုက်တယ်။ ဒီဇာတ်ရုပ်ကို ကမ်းလှမ်းလာတဲ့အတွက် ကွက်တိပဲ ဖြစ်သွားတယ်။ ဒီကားနဲ့ပတ်သက်ပြီးတော့ မြနှင်းကို မုန်းစေချင်တယ်။ မုန်းစေချင်တယ်ဆိုတာက မြနှင်းရည်လွင်ကို မဟုတ်ဘူး ပေါ့နော်။ ဒီကားထဲက “ဒေါ်Ruby ခင်” ကိုမုန်းစေချင်တယ်။ ဒီကားကိုကြည့်ပြီးတော့ “ဒေါ်Ruby ခင်” ကို မုန်းလိုက်တာဆိုတော့မှ မြနှင်းလုပ်ထားတာ အကျိုးရှိမယ်ထင်တယ်” လို့ မနှင်းရည်လွင်က ပြောပါတယ်။

သရုပ်ဆောင် မြနှင်းရည်လွင်

Toxic (အဆိပ်သွေး) လျှို့ဝှက်သည်းဖို ဇာတ်လမ်းတွဲထဲမှာတော့ စီးပွားရေးလုပ်ငန်းရှင် ဦးနေဖုန်းနိုင်ရဲ့ ဇနီး မာနရှင် ဒေါ် Ruby ခင် အဖြစ် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
မြနှင်းရည်လွင်ကတော့ “ဧဒင်ရဲ့နတ်သမီး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးတဲ့အချိန်တွင် အိမ်ထောင်ပြု လိုက်တဲ့အတွက် အနုပညာအလုပ်များနဲ့ ခဏတာ ဝေးကွာခဲ့ပြီးနောက် ၂၀၁၇ခုနှစ်နောက်ပိုင်းတွင် ကြမ္မာနွံ့၊ နွေကန္တာဦး ၊ ဇနီးချောများကွန်ရက် အစရှိတဲ့ ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်ရင်း သရုပ်ဆောင် အလုပ်ကို ပြန်လည် လုပ်လာခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင် မြနှင်းရည်လွင်

မြနှင်းရည်လွင်က သူ သရုပ်ဆောင်ချင်တဲ့ ဇာတ်ရုပ်နဲ့ ပတ်သက်ပြီး အခုလို ပြောပြပါသေးတယ်။ “ကျမက ဘယ်ကာရိုက်တာမျိုးမဆို လုပ်နိုင်အောင်လုပ်ချင်တယ်။ နောက်ထပ်ဗီလိန် အကြမ်းကြီးပဲ ဖြစ်နေပါစေဦးတော့ လုပ်မယ်။ အဓိကကတော့ မြနှင်းက မယားငယ်ပုံစံမျိုးဗီလိန်တော့ မကြိုက်ဘူး” လို့ ပြောပါတယ်။

The post Toxic ( အဆိပ်သွေး) ဇာတ်လမ်းမှာ ဗီလိန်ဇာတ်ရုပ်နဲ့ တွေ့ရမယ့် မြနှင်းရည်လွင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...