Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂ နှစ်ကြာပြီးနောက်ပိုင်း ဇာတ်လမ်းတွဲအသစ်မှာ အတူမြင်တွေ့ရတော့မယ့် ဆောင်ဂျွန်ကီ နဲ့ ကင်ဂျီဝန်

$
0
0

မြန်မာပရိသတ်တွေရဲ့ အချစ်တော် ဆောင်ဆောင်စုံတွဲလို့ ချစ်စနိုးနာမည်ပေးထားတဲ့ အွန်စောရဲ့ ခင်ပွန်းသည် မင်းသားချော ဆောင်ဂျွန်ကီ ကို လက်ထပ်ပြီး ပထမဆုံးအကြိမ် ဖန်သားပြင်ထက်မှာ မြင်တွေ့ခွင့်ရတော့မှာပါ ။ မေလ အစောပိုင်းတုန်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ မင်းသားဂျွန်ကီကို ရှေးဟောင်းဇာတ်လမ်းတွဲတခု မှာ ပါဝင်ဖို့ ကမ်းလှမ်းထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီနေ့ မေလ ၁၀ ရက်နေ့မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ မင်းသား ဂျွန်ကီ ဟာ ဒီဇာတ်လမ်းတွဲမှာပါဝင် သရုပ်ဆောင်ဖို့ လက်ခံလိုက်ပြီလို့ သိရပါတယ်။ တွဲဖက်သရုပ်ဆောင်မယ့် မင်းသမီးကလည်း ၂၀၁၆ ခုနှစ်တုန်း က ပရိသတ်ကြည့်ရှု့နှုန်း အမြင့်ဆုံးဖြစ်ခဲ့ပြီး နိုင်ငံတကာကပရိသတ်တွေရဲ့ အားပေးမှုကိုပါရခဲ့တဲ့ DOTS (Descendants of the Sun) ရဲ့ ဒုတိယ မင်းသမီး ကင်ဂျီဝန်ပါ။ သူတို့နှစ်ယောက်ဟာ ၂၀၁၆ ခုနှစ်မှာ အတူ တွဲသရုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း အခု ထပ်မံ မြင်တွေ့ ကြရမှာပါ။

ပရိသတ်တွေက ဇနီးသည် ဆောင်းဟေဂို နဲ့ နောက်ထပ် တွဲဖက်သရုပ်ဆောင်ဖို့ မျှော်လင့်နေပေမယ့် မင်းသားရဲ့ ဇာတ်လမ်းတွဲ အသစ်လက်ခံလိုုက်တဲ့ သတင်းကြောင့်လည်း ပျော်နေပါတယ်လို့ ဆိုရှယ်စာမျက်နှာတွေမှာ ရေး သားထားပါတယ်။ “Chronicle Of Asdal” လို့ ကနဦးနာမည်ပေးထားတဲ့ ရှေးရာဇဝင်ဇာတ်ကားမှာ သရုပ်ဆောင်ဖို့ မင်းသမီး ကင်ဂျီဝန်ဘက်က အရင်ဆုံး လက်ခံ သဘောတူခဲ့တာဖြစ်ပြီး မင်းသားဆောင်ဂျွန်ကီကတော့ ခုမှ လက်ခံ လိုက်တာပါ။

ဇာတ်ကားရဲ့ စာရေးဆရာတွေက နာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့ Tree with Deep Roots နဲ့ Six Flying Dragons ကို ရေးသားခဲ့သူတွေဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မင်းသမီး ကင်ဂျီဝန်က Netflix အတွက် Drama ဇာတ်ကား See You Again မှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်း ခံထားရပါသေးတယ်။

Ref: Kdramabuzz

The post ၂ နှစ်ကြာပြီးနောက်ပိုင်း ဇာတ်လမ်းတွဲအသစ်မှာ အတူမြင်တွေ့ရတော့မယ့် ဆောင်ဂျွန်ကီ နဲ့ ကင်ဂျီဝန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...