Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဆိုတော်အစ္စဏီ ကျူးလွန်ခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး ပရိသတ်ကို အရမ်း ရှင်းပြချင်နေတယ်လို့ အစ်ကိုဖြစ်သူပြော

$
0
0

မော်ဒယ် စူးရှထက်(ခေါ်) မဇာခြည်ဌေး ကို မတရား သားမယား ပြုကျင့်ခဲ့သည်ဟုဆိုကာ မုဒိန်းမှု ၊ တုံးသောလက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု ၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှု အမှု ၃မှုဖြင့် အဆိုတော် အစ္စဏီကို တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး အစ္စဏီက ပရိသတ်ကို အရမ်းရှင်းပြချင်နေတယ်လို့ သူ့ရဲ့အကိုဖြစ်သူ ကိုကျော်စွာက ဧရာဝတီကို ပြောပါတယ်။

“ပရိသတ်ကိုက အရမ်းရှင်းပြချင်တယ်။ ဒါပေမယ့် ဒီလိုအခြေအနေကြီးနဲ့ကျတော့ Fair မဖြစ်ဘူး။ အဲဒီအတွက် ကျနော်တို့ဘက်က ပြောလိုက်ပါလို့ ပြောဖို့ကျတော့ မတရားတာကျလွန်းတယ်။ သူကတော့ အရမ်းရှင်းပြချင်တယ်” လို့ အစ္စဏီရဲ့ အစ်ကို ဖြစ်သူ ကိုကျော်စွာက ပြောပါတယ်။

အဲဒီ အမှုများနဲ့ ပတ်သက်ပြီး အဆိုတော် ဟန်ထွန်းဇော် (ခ) အစ္စဏီကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၇၆/၃၂၃/၃၂၄ စသည့် ပုဒ်မသုံးခုဖြင့် တာမွေမြို့နယ် တရားရုံးတွင် ရမန်နှစ်ပတ် ယူပြီးနောက် ယနေ့ မနက်ပိုင်းက တရားစွဲဆို လိုက်ပြီ ဖြစ်ပါတယ်။

အမှုပိတ်သိမ်းပေးရန်အတွက် တောင်းဆိုမှုတွေရှိတယ်လို့ သတင်းစကားများထွက်ပေါ်ခဲ့တာနဲ့ ပတ်သက်ပြီး “ကျနော်တို့ဘက်က အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ ပိတ်ပေးဖို့ လုံးဝမပြောခဲ့ဘူး ၊ ကျနော် ပြောနိုင်တာ တခုကတော့ လက်သည်းတွေရိုက်ချိုးတယ်တို့ ပုလင်းကွဲနဲ့ခြေထောက်ကို လုပ်တယ်ဆိုတာက ဒါကသာမန်လူတယောက် မလုပ်နိုင်ဘူး ။ စိတ္တဇဆန်သွားပြီ ဒါက ဘယ်လိုမှ မဟုတ်ဘူးဆိုတာ နှစ်ပေါင်း ၃၀ ကျော်ကျော်ပေါင်းလာတဲ့ သူအနေနဲ့သိတယ်” လို့ ညီဖြစ်သူ အစ္စဏီနဲ့ပတ်သတ်ပြီး ကိုကျော်စွာက ဧရာဝတီကို ပြောပါတယ်။

အဲဒီ အမှုနဲ့ပတ်သက်ပြီး မေလ ၂၃ ရက်နေ့တွင် တရားလို မော်ဒယ်စူးရှထက်(ခ) မဇာခြည်ဌေး ကို စတင်စစ်ဆေး သွားမှာဖြစ်ပြီး တရားပြသက်သေ ၁၁ဦး တင်သွင်းထားတယ်လို့လည်း သိရပါတယ်။

ယနေ့ရုံးချိန်းမှာတော့ တရားစွဲဆိုခံရသူ အစ္စဏီက ရုံးထုတ်တဲ့အချိန်မှာတော့ မီဒီယာများရဲ့ မေးမြန်းမှုကို တစုံတရာ ပြန်လည် ဖြေကြားခဲ့ခြင်း မရှိခဲ့ပါဘူး။

The post အဆိုတော်အစ္စဏီ ကျူးလွန်ခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး ပရိသတ်ကို အရမ်း ရှင်းပြချင်နေတယ်လို့ အစ်ကိုဖြစ်သူပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...