Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြန်မာအပါအဝင် အာရှတိုက်သားတွေ အတွေ့ချင်ဆုံး နံပါတ် ၁ ကိုရီးယား အနုပညာရှင် မင်းသမီး Song Ji Hyo

$
0
0

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတခုမှာ မင်းသမီး Song Ji Hyo (ဆောင်းဂျီဟို) ဟာ အာရှတိုက်သားတွေ အတွေ့ချင်ဆုံး ထိပ်တန်း ကိုရီးယားအ နုပညာရှင်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မေလ ၁၀ ရက်နေ့မှာ ကိုရီးယား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှု မြှင့်တင်ရေးအေဂျင်စီက ဒီနှစ်၊ မတ်လကနေ ဧပြီလအထိ ကောက်ယူခဲ့တဲ့ စစ်တမ်းရလာဒ်တွေကို ကြေညာခဲ့ပါတယ်။ အဲဒီ မဲစစ်တမ်းကို အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတို့အပါဝင် အာရှတိုက်မှာ ရှိတဲ့ နိုင်ငံ ၉ ခုမှာ ကောက်ယူခဲ့တာဖြစ်ပြီး ကိုရီးယားထုတ်ကုန်နဲ့ ပေါ့ပ် ယဉ်ကျေးမှုနဲ့ ပတ်သက်လို့ ပါဝင်မဲပေးသူတွေရဲ့ ကြိုက်နှစ်သက်မှုအကြောင်း မေးခွန်းတွေကို အဖွဲ့အစည်းက မေးမြန်းခဲ့တာလည်း ဖြစ်ပါတယ်။

မင်းသမီး Song Ji Hyo ဟာ စစ်တမ်းမှာပါဝင်သူတွေ တွေ့ချင်တဲ့ နံပါတ် ၁ ကိုရီးယား အနုပညာရှင် ဖြစ်ရုံသာမက အကောင်းဆုံး ကိုရီးယားထုတ်ကုန်တွေကို ကိုယ်စားပြုတဲ့ နံပါတ် ၁ ကိုရီးယားအနုပညာရှင်၊ ကိုရီးယားတွေရဲ့ တိုးတက်မှုကို ကိုယ်စားပြုတဲ့ နံပါတ် ၁ ကိုရီးယားအနုပညာရှင်နဲ့ ပါဝင်သူတွေရဲ့ ကိုယ်ပိုင်အ ကြိုက်နဲ့ လိုက်ဖက်တဲ့ နံပါတ် ၁ ကိုရီးယားအနုပညာရှင်လိုမျိုး လူကြိုက်နှုန်း တော်တော်များများ မှာလည်း ထိပ်ဆုံးမှာ နေရာယူခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ မင်းသမီး Song ဟာ ဂျာကာတာနဲ့ ဟိုချီမင်းမြို့တို့မှာ ပြုလုပ်ခဲ့တဲ့ 2017 Korea Brand & Entertainment Expo ပွဲနှစ်ခုလုံးရဲ့ ပရိုမိုးရှင်းဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါသေးတယ်။ မင်းသမီးဟာ လက်ရှိမှာတော့ SBS ရုပ်သံလိုင်းရဲ့ ရသစုံ အစီအစဉ်ဖြစ်တဲ့ “Running Man” မှာ ပါဝင်နေတဲ့အပြင် Onstyle ရဲ့ “Song Ji Hyo’s Beautiful Life” မှာလည်း တင်ဆက်သူအဖြစ် ပါဝင်ထားပါတယ်။

Ref ; soompi

The post မြန်မာအပါအဝင် အာရှတိုက်သားတွေ အတွေ့ချင်ဆုံး နံပါတ် ၁ ကိုရီးယား အနုပညာရှင် မင်းသမီး Song Ji Hyo appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...