Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဆိပ်သွေး ဇာတ်လမ်းတွဲထဲက လိုအပ်ချက်ကို ပြောပြတဲ့ မုဏ်း

$
0
0

ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်ရဲ့ သတိထားခြင်းခံလာရတဲ့ သရုပ်ဆောင်ကတော့ မုဏ်း ဖြစ်ပါတယ် ။ မုဏ်းကတော့ MRTV 4 ဇာတ်လမ်းတွဲများဖြစ်တဲ့ “ပန်းနုသွေး” ရုပ်သံဇာတ်လမ်းတွဲ နဲ့ သရုပ်ဆောင်လောကကို စတင် ဝင်ရောက်လာခဲ့ပြီး မကြာသေးခင်က ထုတ်လွှင့်ပြသပြီးသွားတဲ့ “ရွှေကြာဖူးသစ်” ဇာတ်လမ်းတွဲမှာတော့ ခေါင်းဆောင် မင်းသမီးအနေနဲ့ ပါဝင်ခဲ့ကာ ကံ ကံ၏အကျိုး ၊ ဟာသကျေးရွာ ၊ မမထိပ်နှင့် အမွှေစံအိမ် စတဲ့ ရုပ်သံ ဇာတ်လမ်းတွဲများမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ တဦး ဖြစ်ပါတယ်။

ပရိသတ်အားပေးမှု ရရှိထားတဲ့ မုဏ်းက က ထုတ်လွှင့် ပြသနေပြီဖြစ်တဲ့ Toxic (အဆိပ်သွေး) ဇာတ်လမ်းတွဲ မှာပါဝင် သရုပ်ဆောင်ထားသူ တဦလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မုဏ်းက အခု ရိုက်ကူးထားတဲ့ အဆိပ်သွေး ဇာတ်လမ်းတွဲနဲ့ ပတ်သတ်ပြီး ရိုက်ကူးစဉ်က အမှတ်တရများ လိုအပ်များနဲ့ ပတ်သတ်ပြီး ဧရာဝတီကို အခုလို ပြောပါ တယ်။

“ဒီကားမှာ သရုပ်ဆောင်တဲ့အခါမှာတော့ အရမ်းကို အေးနေလို့ စကားပြောတဲ့အချိန်မှာ ပါးစပ်ဖွင့်လို့ မရဘူး။ စကားပြောရတာ ခက်ခဲတာတွေရှိတယ်။ ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ရိုက်ထားရတယ်။ လိုအပ်ချက်ဆိုရင်တော့ ညီမ မျက်ခုံးမွှေးနည်းနည်းဆွဲထားတဲ့ အခန်းလေးတွေပါတယ်။ ဒါရိုက်တာက မျက်ခုံးမွှေး မဆွဲနဲ့ လို့ပြောတာကို ဆွဲမိတဲ့ အတွက် အခုချိန်မှာ ပြန်ကြည့်တဲ့အခါ အားတုံ့အားနာ ဖြစ်မိတယ်။ နားထောင်လိုက်ရင် ကောင်းသား ဆိုပြီး ဖြစ်မိတယ်။ ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်လို့ ပြောချင်ပါတယ်” လို့ မုဏ်းကေ ပြာပါတယ်။

သရုပ်ဆောင် မုဏ်းက Toxic (အဆိပ်သွေး) ဇာတ်လမ်းတွဲထဲမှာတော့ ကိုယ်ဝန်ဆောင်အမျိုးသမီး ဖြစ်ပြီး အချစ်ကိုတန်ဖိုးထားတဲ့ မြန်မာမိန်းကလေးတယောက်နေရာက သရုပ်ဆောင်ထားပါတယ်။

“ဒီဇာတ်လမ်းတွဲရဲ့ ရှေ့က ရွှေကြာဖူးသစ် ဆိုရင်လည်း ညီမလုပ်ကွက်ရတယ်။ ဒါပေမယ့်လည်း သာမန်ပေါ့ပေါ့ပါးပါး ဒီဘက်ခေတ် ဇာတ်လိုမျိုးပဲ ။ ဒီဇာတ်ကားကကျတော့ မတူတာကျတော့ သမာရိုးကျကနေ ကွဲထွက်နေတဲ့ ဇာတ်ကား ဖြစ်တယ်။ အခုအပိုင်း (၁) ပဲရှိသေးတယ်။ အပိုင်း (၁၂)ထိရှိတာ။ အဲဒီအပိုင်း (၁၂) ထိပြီးသွားရင်တော့ ပရိသတ်ဆီ က ကောင်းမွန်တဲ့ Feedback ရမယ်လို့ အပြည့်အဝယုံကြည်ထားပါတယ်” လို့ ဇာတ်လမ်းတွဲနဲ့ ပတ်သတ်ပြီး မုဏ်းက ဆိုပါတယ်။

The post အဆိပ်သွေး ဇာတ်လမ်းတွဲထဲက လိုအပ်ချက်ကို ပြောပြတဲ့ မုဏ်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...