Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အမေ မကြိုက်တာ ကို ရှောင်ကြဉ်ပြီး အမေကို ကျေးဇူးဆပ်တဲ့ ထွန်းထွန်း( Example)

$
0
0

ဒီနေ့မှာ ကျရောက်တဲ့ အမေများနေ့နဲ့ ပတ်သတ်လို့ အဆိုတော်ထွန်းထွန်း ( Example) က မိခင်ဖြစ်သူနဲ့ ခံစားချက်များကို ဧရာဝတီကို အခုလိုဆိုပါတယ်။

ထွန်းထွန်းက “ကျနော် အမေက အမေအစစ်ကြီးလေ ။ ဘယ်လိုလည်း ဆိုတော့ သူငယ်ချင်းလို အမေမျိုး မဟုတ်ဘူး ။တချို့အမေတွေက သားသမီးကိုသူငယ်ချင်းပေါင်း ပေါင်းကြတယ်။ ကျွန်တော့်အမေ က အဲဒီလိုမဟုတ်ဖူး ။ အမေလိုနေတဲ့အမေပေါ့ “လို့ ဆိုပါတယ်။

အမေနဲ့ ပတ်သတ်ပြီး အမှတ်တရများစွာရှိပြီး ဒါနဲ့ပတ်သတ်လို့ အဆိုတော် ထွန်းထွန်းက “အမေနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကတော့ အများကြီးပဲ။ ကျနော် အလုပ် မလုပ်ဖြစ်တဲ့ အချိန်တွေမှာဆိုရင်၊ ကိုယ့် ဟာကိုယ် ဘေးရောက်နေတဲ့ အချိန်တွေမှာဆိုရင် ကိုယ့်အဖေနဲ့ အမေက ကိုယ့်ကိုယ် ယုံကြည်မှုထားခဲ့တဲ့အတွက် ၊ကိုယ့်အပေါ်ကိုယုံကြည်ချက်ထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အလုပ်ပြန်လုပ်တဲ့အချိန်မှာလည်း ကလေးလို စောင့်မကြည့်ဘဲနဲ့ တယောက်တည်း သွား ၊ လုပ်စရာရှိတာလုပ်ဆိုပြီး တကယ်ကို စိတ်ချယုံကြည်ခဲ့တဲ့ အတွက် အလုပ်ပြန်လုပ်နိုင်ခဲ့တာပါ။ အမေနဲ့ပတ်သက်တာတော့ အများကြီးပဲ။ ဒါပေမဲ့အလုပ်အတွက် ယုံကြည် စိတ်ချလိုက်တာကတော့ ကျနော် အတွက် အမှတ်တရ အဖြစ်ဆုံးပဲ” လို့လည်း ထွန်းထွန်း က ဆိုပါတယ်။

မနှစ်ကတော့ အမေ့ကိုပစ္စည်းတွေအများကြီး မပေးဖြစ်ဘဲ အမေ မကြိုက်တဲ့အရာတခုကို မလုပ်တော့ပါဘူးလို့ ကတိပေးခဲ့ပြီး မိခင်ကို စိတ်ချမ်းသာအောင် ထားခဲ့တယ်လို့လည်း သိရပါတယ်။ ဒီနှစ်မှာတော့ အမေအတွက် ဘယ်လိုအစီအစဉ်ရှိလည်း ဆိုတာနဲ့ ပတ်သတ်ပြီး “ဒီနှစ်လည်း အမေမကြိုက်တာဘာရှိလဲမေးမယ်။ ပြီးရင် အဲဒါကိုတကယ်ရှောင်ကြဉ်မယ်ဆိုတဲ့စိတ်ရှိပါတယ်။”အထွေအထူးတော့မဟုတ်ပါဘူး။ အမေတို့နဲ့ပဲအမြဲနေတယ်။ ဒီနေ့လည်းအမေက ရိုက်ကွင်းလိုက်လာတယ် ဆိုတော့လေ။ နေ့တိုင်းမှာ မိဘကိုကျေးဇူးဆပ်ခွင့်ရနေတာက ကိုယ့်အတွက် အဖိုးမဖြတ်နိုင်တဲ့ ၊ တန်ဖိုးအရှိဆုံး ကိစ္စတခုလို့ ကျနော် က မှတ်ယူထားတယ်။ မိဘတွေသက်ရှိထင်ရှားရှိနေတဲ့အချိန်မှာ နှစ်ယောက်စလုံးကိုအကောင်းဆုံးဖြစ်အောင် သူတို့ စိတ်ချရတဲ့သားဖြစ်အောင် အမြဲကြိုးစားနေတယ်”လို့လည်း ပြောပြခဲ့ပါတယ်။

အဆိုတော်ထွန်းထွန်း(Example) က အနုပညာပိုင်းမှာ အကယ်ဒမီထူးချွန်ဆုကို ရရှိထားတဲ့အထိ အောင်မြင်တဲ့ အနုပညာရှင်တဦး ဖြစ်သလို အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှုအခိုင်အမာ ရရှိထားတဲ့ အဆိုတော်တဦးလည်း ဖြစ်ပါတယ်။

The post အမေ မကြိုက်တာ ကို ရှောင်ကြဉ်ပြီး အမေကို ကျေးဇူးဆပ်တဲ့ ထွန်းထွန်း( Example) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...