Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ကို သိန်း ၁၃၀၀ လောက် အကုန်ခံ ရိုက်ကူးထားတယ် ဆိုတဲ့ ကိုဘိုဆန်း

$
0
0

လူငယ်ကြိုက် ဇာတ်လမ်းကောင်းတွေကို ထုတ်လုပ်ရိုက်ကူးလေ့ရှိတဲ့ Bo Bo Entertainment က မကြာခင် ဇွန်လ ၁ ရက်နေ့မှာ “ငါ့ကိုနမ်းတဲ့မုန်တိုင်း”ရုပ်ရှင်ကားကြီးကို ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ အဆိုပါ ရုပ်ရှင်ကားကို ဒါရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးပြီး သရုပ်ဆောင်များအနေနဲ့ ထူးထူးခြားခြား အဆိုတော် လွှမ်းပိုင်နဲ့ ရဲရင့်အောင်၊ ဖွေးဖွေးတို့ ပါဝင်ထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး Bo Bo Entertainment မှ ထုတ်လုပ်သူ ကိုဘိုစန်းက “မင်းသားတယောက် သိန်း ၈၀ လောက် ခေတ်မှာ ကျနော် ထင်ပါတယ်။ ဒီကားကို ကျနော်တို့ တော်တော်လေး အကုန်အကျခံထားပါတယ်လွန်ခဲ့တဲ့ ၂ နှစ်က သိန်း ၁၃၀၀ လောက်ကုန်ထားတာပါ။ ၂ ခါလောက် ပြန်ရိုက်ရပါတယ်။ မကြိုက်လို့ ပြန်ရိုက်တယ်။ အသံတွေ နှစ်ခါပြန်ထပ်ရတာ ရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ရုပ်ရှင်ကြည့်ပရိသတ်တွေကို စေတနာထားတယ်။ ကျနော်တို့မှာလည်း လိုအပ်ချက်တွေ ရှိပါတယ်။ အဲဒါတွေကိုလည်း ပြင်သွားမှာပါ”လို့ ပြောပါတယ်။

Bo Bo Entertainment က သရုပ်ဆောင်ရဲတိုက်နဲ့ ဗီဒီယိုကားတကား ရိုက်ကူးပြီးစီးသွားပြီး နောက်ထပ်ရိုက်ရန် စာချုပ် လက်ကျန်ကားများလည်း ကျန်သေးတယ်လို့ ဆိုပါတယ်။

“ကျန်တဲ့ ဗီဒီယိုကားတွေလည်း ကျနော်တို့ ဆက်ရိုက်ဦးမှာပါ။ ကျနော်ကလည်း မအား၊ ရဲတိုက်ကလည်း ခရီးတွေထွက်နဲ့ မရိုက်ဖြစ်သေးတာပါ။ ပထမဆုံးကား “မှန်”ကလည်း ရဲတိုက်လွတ်ကာစ ရိုက်တဲ့ကား ဖြစ်နေတာရယ်၊ သူက နေမကောင်း ဖြစ်သွားတာရယ်ကြောင့် ကြာသွားတယ်။ အခုတော့ အဲဒီကားကို အွန်လိုင်းက စပြနေပြီ။ အစတုန်း ကတော့ ဗီဒီယိုအနေနဲ့ ဖြန့်မလို့ပဲ။ ဈေးကွက်ကလည်း ပျက်နေတော့ “လာလာကြည့်” အွန်လိုင်းမှာ စပြနေပါပြီ”လို့ ကိုဘိုဆန်းက ဧရာဝတီကို ပြောပါတယ်။

ဗီဒီယို ဈေးကွက် ပျက်တယ်ဆိုပေမယ့် ဗီဒီယိုတွေ ဆက်ရိုက်နေတဲ့အပေါ် ကိုဘိုဆန်းက ” ဗီဒီယိုကလည်း သူ့ဟာသူ ကြည့်မယ့်သူတော့ ရှိပါသေးတယ်။ နှစ်ကားလောက် ထပ်ရိုက်ဖို့ ရှိတယ်။ ဇာတ်တွေလည်း ဝယ်ထားပြီးသား။ ဗီဒီယိုုလည်း ရိုက်ဦးမယ်။ ကျနော်ကို လုပ်ပေးတဲ့သူတွေလည်း ရှိနေလို့ပါ။ စပွန်ဆာတွေ ရှိတယ်။ ဝိုင်းကူညီကြလို့ပါ”လို့ ပြောပါတယ်။

ဆက်လက်ပြီး “ကျနော်တို့က ဝါသနာအရလုပ်လို့ပါ။ စီးပွားဖြစ်အနေနဲ့ဆိုရင်တော့ ဗီဒီယိုက မြတ်ဖို့ မရှိပါဘူး။ ရုပ်ရှင်လည်း ဒီနှစ်ထဲမှာ ထပ်ရိုက်ဖို့ ရှိပါတယ်”လို့ ဆိုပါတယ်။ ကိုဘိုဆန်းက အိန္ဒိယမှ ဇာတ်လမ်းများကို ရုပ်ရှင် ရိုက်ကူးရန်အတွက် ဝယ်ယူထားပြီး၊ ဒီက ရိုက်နေကျလူတွေ မဟုတ်ဘဲနဲ့ နိုင်ငံခြားမှာ သွားရောက်ရိုက်ကူးမှုများ ပြုလုပ်သွားမယ်လို့လည်း ဆိုပါတယ်။

The post “ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ကို သိန်း ၁၃၀၀ လောက် အကုန်ခံ ရိုက်ကူးထားတယ် ဆိုတဲ့ ကိုဘိုဆန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...