Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဧရာဝတီ သတင်းဌာန ၂၅ နှစ်မြောက်အတွက် အနုပညာရှင်များ၏ ဆုတောင်းစကားများ (၁)

$
0
0

ဧရာဝတီဌာန၏ ၂၅နှစ်မြောက် အထိမ်းအမှတ် နှစ်ပတ်လည်နှင့် ပတ်သက်ပြီး နိုင်ငံကျော် အနုပညာရှင်များ ဖြစ်ကြသည့် ဂီတမှူး နိုင်ဇော်၊ သရုပ်ဆောင် လင်းဇာနည်ဇော်၊ တေးသံရှင် စိန်ဝင်းထွန်းတို့၏ ဆုတောင်း စကားသံများကို ဖော်ပြပေးလိုက်သည်။

“ဧရာဝတီသတင်းဌာနအတွက် ဆုတောင်းစကားပြောရမယ်ဆိုရင်တော့ ဧရာဝတီဆိုတာ ကျနော်တို့နိုင်ငံအတွက် အသက် သွေးကြောပါ။ ဧရာဝတီကို ထိရင် ဘယ်သူမှ မခံနိုင်တဲ့သူတွေချည်းပါပဲ။ အဲဒီလိုပဲ မြန်မာနိုင်ငံရဲ့ အသက်သွေးကြော တခု ဖြစ်သလို မြန်မာနိုင်ငံရဲ့ သတင်းအရင်းအမြစ်တွေ စီးဆင်းရာမြစ်ကြီးတခုလို ဖြောင့်တန်းစွာ စီးဆင်းနိုင်ပါစေ။ ဘယ်လို အခက်အခဲတွေပဲ တွေ့တွေ့ ကိုယ်သွားချင်တဲ့လမ်းကို ရောက်အောင် အောင်မြင်စွာသွားနိုင်တဲ့ သတင်းဌာနဖြစ်ပါစေလို့ ၂၅နှစ်ပြည့်တဲ့အနေနဲ့ ဆုတောင်းပေးပါတယ်။ ဧရာဝတီ အဓွန့် ရှည်ပါစေ”ဟု ဂီတမှူး နိုင်ဇော်က ဧရာဝတီအတွက် ဆုတောင်းပေးသည်။

သရုပ်ဆောင် လင်းဇာနည်ဇော်ကလည်း “အနုပညာသမားတွေက ပရိသတ်နဲ့ ဆက်သွယ်နေသလို မီဒီယာကို ပြစ်ပယ်ထားလို့ မရဘူးလေ။ အမတို့ဘာဖြစ်နေလဲ ဘာလုပ်နေလဲဆိုတာကို မီဒီယာကတဆင့် တင်ပြပေးမှသာ ပရိသတ်နဲ့အနုပညာသမား နီးစပ်မှာပါ။ ဒါကြောင့်မို့ မီဒီယာတွေကျေးဇူးလည်း အမတို့အနုပညာသမားတွေမှာ အများကြီးရှိပါတယ်။ ဧရာဝတီဟာ အောင်မြင်ပြီးသားဖြစ်ပါတယ်။ အောင်မြင်သထက် အောင်မြင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”ဟု ဆိုသည်။

နိုင်ငံကျော် တေးသံရှင် စိန်ဝင်းထွန်းက “ဧရာဝတီ သတင်းဌာန ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။ မီဒီယာနဲ့ အနုပညာသမားဆိုတာ ညီအစ်ကို မောင်နှမလိုပါပဲ။ တယောက်နဲ့တယောက်က ကူညီရတယ်လေ။ မီဒီယာက ကူညီလို့ ကျနော်တို့ အနုပညာရှင်တွေ အောင်မြင်တာလည်း အများကြီးရှိပါတယ်။ မီဒီယာက ကျနော်တို့လိုတဲ့ သတင်းလေးတွေ ကို ကောင်းတဲ့သတင်းလေးတွေကိုရတဲ့အတွက် အောင်မြင်ကြတာကို တယောက်နဲ့တယောက် ညီအကို မောင်နှမတွေလိုပါပဲ” ဟု ဧရာဝတီအတွက် ဆုတောင်းစကား ပြောသည်။

ဧရာဝတီသတင်းဌာနကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ထိုအချိန်မှစ၍ ဧရာဝတီသည် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် မြန်မာနှင့် အရှေ့တောင်အာရှရေးရာ သတင်း ၊သတင်းဆောင်းပါး ၊ သတင်းသုံးသပ်ချက်နှင့် အယ်ဒီတာ့ အာဘော်များဖြင့် စာဖတ် ပရိသတ်၏ ယုံကြည်ကိုးစားသော သတင်းဌာနဖြစ်လာခဲ့သည်။

The post ဧရာဝတီ သတင်းဌာန ၂၅ နှစ်မြောက်အတွက် အနုပညာရှင်များ၏ ဆုတောင်းစကားများ (၁) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...