တရုတ် အက်ရှင်မင်းသားကြီးဂ ျက်လီဟာ ပြင်းထန်တဲ့ သိုင်းရွိုက်အကျိတ် မူမမှန် ရောဂါရဲ့ ဒဏ်တွေကို ခံစားနေရတာ အတော် ကြာနေပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ပရိသတ်တဦးက အသက် ၅၅ နှစ်အရွယ် တရုတ်သိုင်း အက်ရှင် စူပါစတား ဂျက်လီရဲ့ ဓာတ်ပုံတပုံကို တင်ခဲ့ပြီး အဲဒီ ဓာတ်ပုံထဲမှာဆိုရင် hyperthyroidism ရောဂါနဲ့ ကျောရိုး ဝေဒနာကြောင့် ဂျက်လီကို အသက်အရွယ် အိုမင်းရင့်ရော်နေပုံရကြောင်း တွေ့ခဲ့ကြရပါတယ်။
TMZ မီဒီယာရဲ့အဆိုအရ မင်းသားကြီးလီဟာ ၂၀၁၃ ခုနှစ်ကစလို့ hyperthyroidism ရောဂါကို ခံစားနေရတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပေမယ့် Disney က ထုတ်လုပ်မယ့် “Mulan” ရုပ်ရှင်အပါအဝင် ရုပ်ရှင် တော်တော်များများမှာ ပါဝင်မှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
မင်းသားကြီးရဲ့ ပရိသတ်တွေကတော့ အွန်လိုင်း ပေါ်မှာ အဲဒီဓာတ်ပုံနဲ့ ပတ်သက်လို့ အထိတ်တလန့် ဖြစ်ပြီး ဝမ်းနည်းခဲ့ကြ ပါတယ်။ ဒါပေမယ့် အက်ရှင် စတားကြီးရဲ့ မန်နေဂျာကတော့ မင်းသားကြီး လီရဲ့ ကျန်းမာရေးဟာ ပုံထဲမှာ တွေ့မြင်ရသလို ဆိုးရွား မနေဘဲ ဓာတ်ပုံရဲ့ အလင်းရောင်အားနည်းခြင်းကို အပြစ်တင်ခဲ့ပြီး မင်းသားကြီး ကျန်းကျန်းမာမာ ရှိတဲ့အကြောင်း တုန့်ပြန် ပြောဆိုခဲ့ပါတယ်။
မင်းသားကြီး လီရဲ့ မန်နေဂျာ Steven Chasman ကတော့ “သူဟာ hyperthyroidism ရောဂါကို ခံစားနေရတာ ၁၀ နှစ် လောက် ရှိပါပြီ။ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ အထိတော့ မဟုတ်ပါဘူး” လို့ ဝါရှင်တန်ပို့စ်သတင်းစာနဲ့ USA Today မီဒီယာတို့ကို ပြောကြားခဲ့ပါတယ်။
မန်နေဂျာ Chasman က “လူတိုင်းရဲ့ စိုးရိမ်မှုကို ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ဂျက်လီဟာ အကောင်း အတိုင်းကြီး ရှိပါသေးတယ်။ သူဘာမှ မဖြစ်ပါဘူး။ အသက် အန္တရာယ်ရှိနေတဲ့ ဖျားနာမှုလည်း မရှိပါဘူး။ သူဟာ ဟန်မပျက် ရှိနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
Ref:etcanada
ဆက်စပ် သတင်းလင့်ခ် – တရုတ် အက်ရှင်မင်းသား ဂျက်လီရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားနေပြီလား
The post တရုတ် အက်ရှင်မင်းသား ဂျက်လီ ကျန်းကျန်းမာမာ ရှိကြောင်း သူ့ရဲ့ မန်နေဂျာကဆို appeared first on ဧရာဝတီ.