မင်းသား၊ ဒါရိုက်တာ John Krasinski ရဲ့ “A Quiet Place’” ရုပ်ရှင်ကတော့ နောက်ဆုံး ဈေးကွက်ကြီးဖြစ်တဲ့ တရုတ် နိုင်ငံမှာ စတင်ပြသခဲ့ပြီးတဲ့နောက် မေလ ၂၂ ရက်နေ့ အထိ ကမ္ဘာတဝန်းကနေ ရုံဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၃၀၀ ရရှိခဲ့ပြီး ဖြစ်ပါတယ်။
မြောက်အမေရိက ဒေသမှာတော့ မေလ ၂၂ ရက်နေ့ အထိ ရုံဝင်ငွေ ကန် ဒေါ်လာ ၁၇၈ သန်း ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။ အဲဒါကြောင့် ရုံဝင်ငွေ ဒေါ်လာ ၆၉၇ ဒဿမ ၈ သန်းရရှိထားတဲ့ “Black Panther” ရုပ်ရှင်နဲ့ “Infinity War” ရုပ်ရှင်ပြီးရင် “A Quiet Place’” ရုပ်ရှင်က ယခုနှစ်အတွက် တတိယမြောက် ရုံဝင်ငွေ အများဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။
Paramount ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ အဆိုအရ “A Quiet Place” ရုပ်ရှင်ဟာ ရုံဝင်ငွေ ဒေါ်လာ ၁၇၆ သန်း ရရှိထားတဲ့ ဒါရိုက်တာ Jordan Peele ရဲ့ Get Out ရုပ်ရှင်ကို ကျော်ဖြတ်ပြီး နံပါတ် ၆ အဆင့်ရှိ ရုံဝင်ငွေ အများဆုံး သည်းထိတ်ရင်ဖို ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။ အဲဒီရုပ်ရှင်ရဲ့ ရိုက်ကူးကုန်ကျစရိတ်ဟာ ဒေါ်လာ ၁၇ သန်းပဲ ရှိတဲ့အတွက် Paramount အတွက် အကျိုးအမြတ်များစွာ ရရှိခဲ့ပါတယ်။
ဒါရိုက်တာ Krasinski ကိုယ်တိုင် ပါဝင်သရုပ်ဆောင် ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်ဟာ အသံကြောင့် ဂြိုဟ်သားတွေရဲ့ သတ်ဖြတ်မှု ခံနေရတဲ့ အန္တရာယ်ကနေ လွတ်ကင်းအောင်နေထိုင်တဲ့ မိသားစုတခုအကြောင်းကို ဇာတ်အိမ်တည်ထား ပါတယ်။
Ref: hollywoodreporter
The post တရုတ်နိုင်ငံမှာ ရုံဝင်ငွေ ဒေါ်လာ သန်း ၃၀၀ ကျော်သွားခဲ့တဲ့ “A Quiet Place’” ရုပ်ရှင် appeared first on ဧရာဝတီ.