Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Fujifilm Myanmar မှ မိုရီဆာကီဝင်းကို Brand Ambassador အဖြစ် ခန့်အပ်

$
0
0

Fujifilm Myanmar Limited က မြန်မာပြည်ဖွား၊ ဂျပန် အဆိုတော် သရုပ်ဆောင် မိုရီဆာကီဝင်း (ခ) အဝင်းကို Brand Ambassador အဖြစ် ခန့်အပ်တဲ့ အခမ်းအနားကို ယနေ့၊ မေလ ၂၃ရက်နေ့၊ ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

မိုရီဆာကီဝင်းက Fujifilm Myanmar က Brand Ambassador အဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် Fujifilm ရဲ့ ကုန်ပစ္စည်း အသစ်မိတ်ဆက်ပွဲမှာ ကုန်ပစ္စည်းအသစ် ကိုယ်စားလှယ်အနေနဲ့ တက်ရောက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်က Fujifilm က Brand Ambassador အဖြစ် အရွေးခံရတဲ့အတွက် ဂုဏ်ယူပါတယ်ခင်ဗျာ။ ကျနော်က မြန်မာပြည်မှာ မွေးတယ်။ ၁၀ နှစ်သား အရွယ်က ဂျပန်ပြည်ကို ရောက်သွားတယ်။ မြန်မာနဲ့ဂျပန် နှစ်နိုင်ငံ ပေါင်းစပ်မှုပေါ့ ခင်ဗျာ။ အဲဒီလိုမျိုး အနေနဲ့ ဒီလိုမျိုး အခွင့်အရေးကို ပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ” လို့ မိုရီဆာကီဝင်း (ခ) အဝင်းက ပြောပါတယ်။

Fujifilm Myanmar ရဲ့ Brand Ambassador ခန့်အပ်ခြင်း အခမ်းအနား (ဓာတ်ပုံ – ယုဖြူဟန်/ဧရာဝတီ)

မိုရီဆာကီဝင်းကတော့ Fujifilm ရဲ့ ဒုတိယမြောက် Brand Ambassador အဖြစ်ခန့်အပ်ခြင်း ခံရသူ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ Fujiflim Myanmar ရဲ့ အမျိုးသမီး Brand Ambassador အဖြစ် အဆိုတော် ရတနာမိုင်ကို ၂၀၁၇ ခုနှစ်က ခန့်အပ်ခဲ့ပါတယ်။

Fujifilm မှ ထုတ်လုပ်သော  Digital Mirrorless Camera များအား ယနေ့ခေတ် မျိုးဆက်သစ်လူငယ်များအကြား အလျင်အမြန် ထိုးဖောက်ရောက်ရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ Brand Ambassador များ ခန့်အပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

The post Fujifilm Myanmar မှ မိုရီဆာကီဝင်းကို Brand Ambassador အဖြစ် ခန့်အပ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...