Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“LGBT မဟုတ်ပါဘူး၊ ယောကျာ်းလေးပဲ စိတ်ဝင်စားတာပါ” ဆိုတဲ့ အဆိုတော် ဆိုဖီယာ

$
0
0

Myanmar Idol သီချင်းဆိုပြိုင်ပွဲ ဝင်ပြိုင်ရင်း ပရိသတ်အားပေးခြင်း ခံရသူကတော့ အဆိုတော် ဆိုဖီယာပါ။ ဆိုဖီယာက “နင်ရဲ့”နဲ့ “NVM (Never Mind)”ဆိုတဲ့ တကိုယ်တော် တေးစီးရီး နှစ်ခွေ ထွက်ရှိထားပြီး အတွဲသီချင်းတွေမှာလည်း ပါဝင် သီဆိုထားသူတဦး ဖြစ်ပါတယ်။

လက်ရှိမှာလည်း အဆိုတော် စန္ဒီမြင့်လွင်နဲ့ အတူတူ တွဲဖက်သီဆိုထားတဲ့ “IDFC” (I Don’t Fucking Care) ဆိုတဲ့ သီချင်းကလည်း ပရိသတ်များကြား ရေပန်းစားနေပါတယ်။ ဖက်ရှင်ပိုင်းမှာလည်း Sexy ကျကျ ဝတ်စားဆင်ယင်တတ်တဲ့ အဆိုတော် ဆိုဖီယာက လတ်တလော Facebook မှာလည်း ဆိုဖီယာရဲ့ Sexy ကျကျ ပွဲတက်ဖက်ရှင်တွေက ရေပန်းစားနေ ပြန်ပါတယ်။

ဒါကြောင့်မို့လို့ အဆိုတော် ဆိုဖီယာကို သူ့ရဲ့ “IDFC” သီချင်းအကြောင်း၊ သီချင်းထဲမှာ ရိုက်ကူးထားတဲ့ Lesbian ၊ မိန်းမချင်း ချစ်ကြိုက်နေတဲ့ပုံစံ ရိုက်ကူးထားတာနဲ့ ပတ်သက်ပြီး LGBT (Lesbian, Gay, Bisexual, Transgender) တွေ အပေါ်အမြင်၊ ဆိုဖီယာရဲ့ ဖက်ရှင်တွေ အကြောင်း စတာတွေကို ဧရာဝတီ အနုပညာ သတင်းထောက် ချစ်ပိုးက ဆိုဖီယာနဲ့ ဆက်သွယ်ပြီး မေးမြန်းထားပါတယ်။

မေး။   ။ အခု အွန်ုလိုင်းမှာတင်ထားတဲ့ “IDFC” (I Don’t Fucking Care) သီချင်း သီဆို၊ ရိုက်ကူးဖြစ်တဲ့ အကြောင်းကို သိချင်ပါတယ်။

ဖြေ။   ။ ဒီ Music Video လေးက ၂၀၁၇ ခုနှစ်တည်းက ရိုက်ထားတာပါ။ အခုမှ ပရိသတ်လက်ထဲ ချပြပေးတာပေါ့။ FG Entertainment ကနေပဲ ရိုက်ကူးပေးထားတာပါ။သီဆိုဖြစ်တာကတော့ သီချင်းပုံစံလေးကို ကြိုက်တာကြောင့်ပါ။

မေး။   ။ ဒီသီချင်းထဲမှာ မိန်းမချင်း ကြိုက်တဲ့ပုံစံမျိုး ရိုက်ထားတာတွေ့ရတယ်။ အဲဒီတော့ LGBT တွေအပေါ် အမြင်ရယ်၊ သူတို့တွေကိုရော ကိုယ်က အားပေးလား၊ ဘယ်လိုမျိုးလဲ။

ဖြေ။   ။ LGBTတွေကို အားပေးတယ်ဆိုတာထက် ပုံမှန်ပဲပေါ့။ မိန်းမအချင်းချင်း ကြိုက်တာက ထူးခြားတဲ့ ဖြစ်စဉ် ဆိုပေမယ့် ဒါကမေတ္တာ တခုဘဲပေါ့။ အာလုံးက အတူတူပဲ ဆိုတော့။ ညီမ အနေနဲ့ အားပေးပါတယ်။ မိန်းကလေးချင်းပဲ ချစ်ချစ်၊ ယောကျာ်းလေး ချင်းချင်းပဲ ချစ်ချစ်၊ ယောကျာ်းလေး မိန်းကလေးပဲ ချစ်ချစ်၊ ညီမ Fan ထဲမှာလည်း အဲ့လို LGBT ရှိတယ်။ သူတို့ဟာ သူတို့လည်း အဆင်ပြေနေကြတယ်။ အဓိကက တကယ်အချစ်စစ်၊ မစစ်ဆိုတာပဲ အရေးကြီး ပါတယ်။ ညီမ သူငယ်ချင်းတွေထဲမှာလည်း ရှိတယ်။ သိသလောက်က သူတို့တွေက နည်းနည်း ပြတ်သားတယ်။ သူက သိပ်ကြောက်တတ်တဲ့ စိတ်တွေ ဘာတွေလည်း မရှိဘူး။

အဆိုတော် စန္ဒီမြင့်လွင်နဲ့ ဆိုဖီယာတို့ သီဆိုထားတဲ့ “IDFC” သီချင်း

မေး။   ။ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားတဲ့ ဒီ Music Video ထဲမှာ သရုပ်ဆောင်မှုက ပီပီပြင်ပြင် တွေ့ရတယ်။ အဲ့အတွက် ဘယ်လိုပြင်ဆင်ဖြစ်တာလဲ။

ဖြေ။   ။ ဒီထဲမှာ မဒီး (စန္ဒီမြင့်လွင်)နဲ့ နှစ်ယောက်သား ချစ်ကြိုက်တဲ့ ပုံစံလေး သရုပ်ဆောင်ထားပါတယ်။ ပီပြင်သွားတာက ညီမ စိတ်နစ်ပြီး ကိုယ်တိုင် ဝင်ခံစားပြီး ရိုက်တာကြောင့် ပီပြင်သွားတာ ဖြစ်ပါလိမ့်မယ်။ ထွေထွေထူးထူး  ပြင်ဆင်ထားတာ မရှိပါဘူး။

မေး။   ။မိန်းကလေးချင်း ချစ်ကြိုက်တဲ့ ပုံသရုပ်ဆောင်ရတဲ့ အပေါ်မှာခံစားချက်က ဘယ်လိုရှိလဲ။

ဖြေ။   ။ မိန်းကလေး နှစ်ယောက်တွဲ သရုပ်ဆောင်ထားတာပေါ့။ LGBT ဘက် ဖော်ပြပြီး သွားချင်တာဆိုတော့ ပထမတော့ ပရိသတ်ပြောမယ်ဆိုမယ်လို့တော့ ထင်ထားတာ။ အခုတော့ ပရိသတ်တွေကသိပ်တော့လည်း မဝေဖန်ကြပါဘူး။ မိန်းကလေးချင်း သရုပ်ဆောင်ထားတာဆိုတော့ ဘာမှတော့ ခံစားချက်သိပ်မရှိပါဘူး။

မေး။   ။ အရင်တုန်းက LGBTတွေကို လက်မခံနိုင်ကြဘူး။သူတို့ ခိုးကြောင်ခိုးဝှက် ချစ်ကြိုက်ကြရတယ်၊ အခုတော့ ပွင့်လင်းလာကြပြီ။ ဒီအပေါ်မှာရော သူတို့ကိုဘာများပြောချင်လဲ။

ဖြေ။   ။မေတ္တာပေါ်မှာ အခြေခံကြတာဆိုတော့ မိန်းမချင်း မကြိုက်ရဘူး ၊ယောကျာ်းလေးချင်း မကြိုက်ရဘူး။ သွားပြောလို့ မရဘူးပေါ့နော်။ ဒါတွေအားလုံးကို နိုင်ငံတကာက လက်ခံနေချိန်မှာ ကိုယ်တွေလည်း လက်ခံရမယ်။ ကိုယ်မကြိုက်ရင် မကြိုက်ဘူးပေါ့။ ဒါပေမယ့် လက်ခံရမယ် ဆိုတာလေးကိုတော့ ဒီမှာရှိတဲ့ သူတွေကို လက်ခံစေချင်တယ်။

မေး။   ။ တချို့က နားထောင်ပြီး သီချင်းခေါင်းစဉ် ပေးထားတာ ရိုင်းတယ်လို့ပြောကြတဲ့ အပေါ် ဘာများပြောချင်လဲ။

ဖြေ။   ။ သီချင်းခေါင်းစဉ်လေးက နည်းနည်းလေး ရိုင်းတဲ့ဘက်ကိုတော့ ရောက်တယ်။ သီချင်းပုံစံက အဝင်တည်းက ကြမ်းတဲ့ ပုံစံလေးနဲ့ သွားတယ်။ ညီမရော၊ မဒီးရော ဆိုထားတာကလည်း အကြမ်းမို့ ဒါက ပေါ့ပ်ဂီတ ပုံစံလည်း မဟုတ်ဘူး။                         I don’t care ဆို သီချင်းနဲ့ မလိုက်တာကြောင့် “I don’t fucking care” ဆိုပြီး ပေးဖြစ်တယ်။

အဓိကက ဆဲချင်တာ မဟုတ်ဘူး။ လက်မခံတဲ့သူတွေကို “ငါတို့ စောက်ဂရုမစိုက်ဘူး”လို့ ပြောချင်တာတော့ မဟုတ်ပါဘူး။ သီချင်းနဲ့ လိုက်အောင်ပဲ ပေးလိုက်တာပါ။ Live Show တွေမှာပဲ ဖြစ်ဖြစ် ပွဲအရမ်းကြီးတာမျိုး ဆိုရင်တော့ “I don’t really care” နဲ့ပဲ ဆိုပါတယ်။

မေး။   ။ ကိုယ်တိုင်ရော အဲ့လို LGBT တယောက်လား။

ဖြေ။   ။ LBGT မဟုတ်ပါဘူး။ ညီမက ယောကျာ်းလေးပဲ စိတ်ဝင်စားတာပါ။

မေး။   ။ ဆိုဖီယာ ဖက်ရှင်တွေက အခုနောက်ပိုင်း ခါတိုင်းနဲ့ မတူဘဲ ထူးခြားလာတယ်၊ ဖက်ရှင်ကို ဘယ်လိုလေ့လာဖြစ်လဲ။

ဖြေ။   ။ နိုင်ငံခြားကဖက်ရှင်လေးတွေလေ့လာဖြစ်တယ်။ ညီမကိုယ်တိုင် ရှော့ပင်းထွက်ပြီး ဝယ်တယ်၊ ပွဲတွေ ဆိုတာတို့၊ ဓာတ်ပုံ ရိုက်တာတွေကို ကိုယ်တိုင်ပဲ စီစဉ်ပါတယ်။

မေး။   ။ဆိုဖီယာ ဝတ်တဲ့ဖက်ရှင်က Sexy ဘက်သွားတာများတယ်။ အဲ့တာကို သဘောကျတာလား။

ဖြေ။   ။ ညီမက Sexy ဘက်သွားတာတော့ မဟုတ်ဘူး။ ဖက်ရှင်ဘက် ကျတာကိုပဲ သွားတာပါ။ ဒါဆို Sexy ဖြစ်မလား ဆိုပြီး ဝတ်လိုက်တာမျိုး မဟုတ်ပါဘူး။ ပွဲပေါ်ကြည့်ပြီး ကိုယ်ဝတ်မယ့် အဝတ်အစားက လိုက်ဖက်မှု ရှိမလား ဆိုပြီး ဝတ်လိုက်တယ်။

မေး။   ။ အခုခေတ် ဖက်ရှင်တွေ အရမ်းတိုးတက်လာတဲ့ အပေါ်ရော ဘယ်လိုမြင်လဲ။

ဖြေ။   ။ ဖက်ရှင် အရမ်းတိုးတက်လာတာ ကောင်းပါတယ်။ ဆိုဖီယာကတော့ Sexy ဘက်သွားတာလေးတွေ  ကြိုက်တယ်။ Smart ဖြစ်တဲ့ ပုံစံလေးတွေ သဘောကျတယ်။ အဲ့ဒီအတွက် အဲ့လိုပုံစံလေးတွေ ဝတ်ဖြစ်ပါတယ်။ ။

The post “LGBT မဟုတ်ပါဘူး၊ ယောကျာ်းလေးပဲ စိတ်ဝင်စားတာပါ” ဆိုတဲ့ အဆိုတော် ဆိုဖီယာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...