Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မုဒိမ်းကျင့်ခံရပြီး သေဆုံးခဲ့တဲ့ အမျိုးသမီးရဲ့ မိသားစုကို လှူဒါန်းတဲ့ ဘေဘီမောင် ဝေဖန်ခံနေရ

$
0
0

မော်ဒယ်၊ သရုပ်ဆောင် ဘေဘီမောင်က ယနေ့၊ မေလ ၂၃ ရက်နေ့၊ နေ့လည်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဒိတ်ကုန်း ကျွေးရွာအုပ်စု၊ ပေါက်တန်းကျေးရွာမှ မုဒိမ်းကျင့် လည်လှီးခံရပြီး သေဆုံးခဲ့တဲ့ အမျိုးသမီးရဲ့ မိသားစုကို သွားရောက်တွေ့ဆုံပြီး အလှူငွေ ကျပ် ၃ သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒီလိုသွားရောက် လှူဒါန်းပြီး Facebook ပေါ်မှာ အလှူငွေ ပေးအပ်နေတဲ့ ဓာတ်ပုံများ တက်လာချိန်မှာတော့ မော်ဒယ် ဘေဘီမောင်ကို Facebook အသုံးပြုသူ အချို့က ဝေဖန်မှုများ ရှိနေခဲ့ပါတယ်။ ဘေဘီမောင်က သူမ သွားရောက် လှူဒါန်းခဲ့တဲ့ မိသားစုဓာတ်ပုံနဲ့ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးရဲ့ ဓာတ်ပုံကို Facebook မှာ တင်ထားတဲ့ အတွက်နဲ့  သွားရောက်လှူဒါန်းတာကို မိတ်ကပ်များလိမ်းပြီး သွားလှူတယ်ဆိုပြီး ဝေဖန်ပြောဆိုနေကြတာ ဖြစ်ပါတယ်။

“ကျမ လှူတာတွေကို ဝေဖန်ကြတဲ့အပေါ် ကျမတို့က အနုပညာရှင်တွေ ဖြစ်တဲ့အတွက် ဝေဖန်တာကတော့ ရိုးနေပါပြီ။ လက်တောင် ၅ ချောင်းမှ မညီဘဲ။ လူအမျိုးမျိုး စိတ်အထွေထွေလေ။ အဲ့တော့ ပြောတာကို ဘာမှ ပြန်မပြောလိုပါဘူး။ ကျမက မင်းသမီးမို့ မိတ်ကပ်လိမ်းပြီး သပ်သပ်ရပ်ရပ်လေး ဝတ်ပြီး သွားလှူတာပါ။ အဲ့လိုပြင်ဆင်မှလည်း မင်းသမီးဆိုတာ သိမှာပေါ့။ အဲ့လိုမင်းသမီး လာလှူတော့ သူတို့လည်း ဝမ်းသာတယ်။ ကျမလည်း ဝမ်းသာရတယ်။ သူတို့ကို လှူချင် သူတွေလဲ သွားလှူလို့ရအောင် လိပ်စာတွေ ဓာတ်ပုံတွေ တွဲရိုက်ဖြစ်တာပါ။ သူတို့ကတောင် လာလှူတာ ဝမ်းသာ နေတာပါ။ ကျမကတော့ ကျမတတ်နိုင်တဲ့ ဘက်ကနေ အလှူလေးလုပ်တာပါ” လို့ ဘေဘီမောင်က ဧရာဝတီကို ပြောပါတယ်။

အခုလို လှူဒါန်းဖြစ်တာနဲ့ ပတ်သက်ပြီးတော့လည်း ဘေဘီမောင်က  “ကျမ ဒီအလှူလေး လှူဒါန်းဖြစ်တာက တကယ်ကို သနားစရာ ကောင်းပြီး ချို့တဲ့လို့ သွားလှူဖြစ်တာပါ။ သူ့တို့အဖေက အလုပ် သွားလုပ်နေတုန်း မကောင်းကြံချင်တဲ့ သူကြောင့် ဒီလိုဖြစ်ရပ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့အတွက် သူတို့ကို သနားပြီး သွားလှူဖြစ်တာပါ။ ကျမတို့လို တက်နိုင်တဲ့ သူတွေက သူတို့လိုလူတွေကို အများကြီး ကူညီပေးသင့်ပါတယ်။ ကျမအလှူငွေ ၃ သိန်းကို ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ သွားလှူတာပါ။ အဲ့အတွက် ကျမ နေရာကို မရမက ရှာပြီးတော့ကို လှူခဲ့တာပါ။ ကျမက တတ်နိုင်ရင် တတ်နိုင်သလိုတော့ အလှူလေးတွေလည်း လုပ်ဖြစ်ပါတယ်”လို့ ဧရာဝတီကို ဆိုပါတယ်။

ဒီလို သွားရောက် လှူဒါန်းမှုအပေါ် ပရိသတ်များရဲ့ ဝေဖန်မှုများက မြင့်တက်လာတဲ့ အတွက် သရုပ်ဆောင် ဘေဘီမောင်က သူ့ရဲ့ Facebook အကောင့်ကနေ မကြာသေးခင်ကပဲ Live လွှင့်ကာ ပရိသတ်ကို ပြန်လည် ဖြေရှင်း ပြောကြားခဲ့ပါတယ်။

ဘေဘီမောင်ရဲ့ ဖြေရှင်းချက် Live ဗီဒီယို

သရုပ်ဆောင် ဘေဘီမောင်ဟာ လတ်တလော ဇာတ်ကားများ ရိုက်ကူးနေပြီး လက်ရှိရုံတင်ပြသနေတဲ့  “ဝုန်းပစ်လိုက်မယ်” ရုပ်ရှင်ကားကြီးမှာလည်း  ပါဝင် သရုပ်ဆောင် ထားပါတယ်။

The post မုဒိမ်းကျင့်ခံရပြီး သေဆုံးခဲ့တဲ့ အမျိုးသမီးရဲ့ မိသားစုကို လှူဒါန်းတဲ့ ဘေဘီမောင် ဝေဖန်ခံနေရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...