Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ခေါင်းကိုစွပ်တဲ့ ပလတ်စတစ်အိတ်အနံ့ကြောင့် သေကြောင်းကြံဖို့ လက်လျှော့ခဲ့တဲ့ ဂီတပညာရှင် Moby

$
0
0

ကမ္ဘာကျော် ဂီတပညာရှင် Moby ဟာ တချိန်တခါတုန်းက ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ဖို့  ကြိုးစားခဲ့ဖူးပြီး  ခေါင်းမှာ စွပ်မယ့် ပလတ်စတစ်အနံ့ကြောင့် အတွေးပြောင်းသွားခဲ့တယ်လို့ဆိုပါတယ်။

အီလက်ထရောနစ်အက သံစဉ် ဂီတပညာရှင် အခုတော့ သတ်သတ်လွတ်စားသုံးသူ တယောက်ဖြစ်နေပြီးတော့  တချိန်က တောက်ပတဲ့ ကြယ်တပွင့့်ဖြစ်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ သူ့ရဲ့ ပဉ္စမမြောက်အယ်လ်ဘမ် “Play” နဲ့  အောင်မြင်ခဲ့ ပြီးတဲ့နောက် စိတ်ဓါတ်တွေ ကျရှုံးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၇ ခုနှစ်၊ နယူးယောက်စီးတီးမြို့မှာ အရက်အလွန်အကျွံသောက်သုံးခဲ့တဲ့အချိန်မှာ ကိုယ့်ကိုယ် အဆုံးစီရင်တဲ့ အကြောင်းကို ဖတ်မိခဲ့ပြီးနောက် အဲဒီလို ဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။

Moby က “လူတွေဟာ သူတို့ရဲ့ခေါင်းမှာ ပလတ်စတစ်အိတ်တွေကို ချည်ပြီး ကိုယ့်ကိုကိုယ်သတ်သေတဲ့ နည်းလမ်းတခုနဲ့  ပတ်သက်လို့ ဆောင်းပါးတပုဒ်ကို ကျနော် ဖတ်ခဲ့ရတယ်။ ဒါကြောင့် ကျနော်အဲဒါကို ကြိုးစားကြည့်ခဲ့တာ။ အဲဒီအိတ်က Polyvinyl Chloride အနံ့တော်တော်လေးကိုထွက်နေတယ်။ ကျနော် အမူးအကွဲသောက်ထားပေမယ့် ကျနော့်ခေါင်းထဲမှာ ပေါ်လာတာက ကမ္ဘာပေါ်မှာ နောက်ဆုံးအခိုက်အတန့်ဟာ  အမှိုက်အိတ်အထဲက အနံ့မဖြစ်သင့်ဘူးလို့  တွေးလိုက်မိတယ်။ အဲဒါနဲ့ပဲ မလုပ်ဖြစ်ခဲ့ဘူးလေ” လို့ Daily Telegraph သတင်းစာကို ပြောကြားခဲ့ပါတယ်။

“Natural Blues” သီချင်းဖန်တီးရှင်၊ အမည်ရင်း Richard Melville Hall လို့အမည်ရတဲ့ Moby ဟာ သူ့ဘဝကို သူအရှုံးပေးဖို့ စဉ်းစားခဲ့တဲ့ အခုသေကြောင်းကြံစည်ခဲ့တဲ့အချိန်တကြိမ်တည်း မဟုတ်ဘူးလို့ ဆိုထားပါတယ်။

သူက “၂၀၀၂ ခုနှစ် ဘာစီလိုနာမြို့မှာ ကျင်းပတဲ့ MTV ဆုပေးပွဲမှာလည်းတကြိမ်ကြုံခဲ့ပါတယ်။ ကျနော်က  တော်တော်လေး ဖန်စီကျလှပတဲ့ ဟိုတယ်မှာ ငှားနေနေခဲ့တာပါ။ ကျနော် ဆုတခုကိုတော့ ရမယ်လို့ပေါ့။ ပြီးတော့  ကျနော်အရမ်းစိတ်ရှုပ်လာပြီး စိတ်ဓာတ်ကျလာခဲ့တယ်။ ပြတင်းပေါက်ကနေ ကျနော့်ခန္ဓာကိုယ် ကြီးကို လွှင့်ပစ်လိုက်   ချင်တာပါ။ ဒါပေမယ့် ပြတင်းပေါက်တွေက ဖွင့်လို့မရခဲ့ဘူးလေ” လို့ ပြောကြားခဲ့ပါတယ်။

Moby ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ သူ့ဘဝအမှတ်တရတွေကို စုစည်းထားတဲ့ “Porcelain” စာအုပ် ပထမအပိုင်းကို  ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ ဒုတိယမြောက် စာအုပ်ကိုတော့ နောက်နှစ်ထဲမှာ ဖြန့်ချိဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ Daily Telegraph နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အဲဒီ ဒုတိယစာအုပ်ထဲမှာ ဆိုရင် ၂၀၀၁ ခုနှစ်တုန်းက တွဲခဲ့တဲ့ မင်းသမီး Natalie Portman နဲ့ အချစ်ရေးအကြောင်းကိုလည်း ခရေစေ့ တွင်းကျဖော်ပြထားမယ်လို့ ကတိပေးခဲ့ပါတယ်။

Ref:aceshowbiz

The post ခေါင်းကိုစွပ်တဲ့ ပလတ်စတစ်အိတ်အနံ့ကြောင့် သေကြောင်းကြံဖို့ လက်လျှော့ခဲ့တဲ့ ဂီတပညာရှင် Moby appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...