Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မင်းသား Song Joong Ki နဲ့ ဒါရိုက်တာရင်ကို ဒရာမာကား တခုမှာ မြင်တွေ့ရဖွယ်ရှိ

$
0
0

မြန်မာနိုင်ငံမှာ ဒါရိုက်တာရင် လို့ လူသိများတဲ့ မင်းသား Jang Dong Gun နဲ့ မင်းသား Song Joong Ki ၊ မင်းသမီး Kim Ji Won တို့ကို ဒရာမာ ဇာတ်လမ်း တခုတည်းမှာ  မြင်တွေ့လာနိုင်ချေရှိတယ်လို့ သိရပါတယ်။

မင်းသား Jang Dong Gun ရဲ့ ကိုယ်စားလှယ်က “မကြာမီ ရိုက်ကူးတော့မယ့် ‘Asadal’ ဆိုတဲ့ ဒရာမာ ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်နေရာကနေ ပါဝင်ဖို့ သူကမ်းလှမ်းခံထားရပါတယ်။ ဒါပေမယ့် ဘာကိုမှအတည်မပြုနိုင်သေးပါဘူး” လို့ ယနေ့ မေလ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

တကယ်လို့သာ သူပါဝင်ဖြစ်မယ်ဆိုရင်တော့ ဒရာမာမှာ ပါဝင်ဖို့ ဆွေးနွေးနေတဲ့ မင်းသား Song Joong Ki နဲ့ မင်းသမီး Kim Ji Won တို့နဲ့အတူ အလုပ်အတူ တွဲလုပ်တာကို မြင်တွေ့ကြရတော့မှာပါ။

မင်းသား Jang ဟာ လက်ရှိမှာတော့ KBS ရုပ်သံလိုင်းကနေ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ “Suits” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေပြီး သူပါဝင်တဲ့ ဇာတ်ရုပ်အပေါ် အကောင်းမြင်မှတ်ချက်များစွာ ရရှိထားပါတယ်။  ပရိသတ်အများစုကတော့ နောက်ထပ်သူသရုပ်ဆောင်မယ့်ပုံစံကိုလည်း မြင်တွေ့ချင်နေပြီလို့ ဆိုထားကြပါတယ်။

“Asadal” ဇာတ်လမ်းတွဲကိုတော့ “The Great Queen Seon Deok” , “Tree with Deep Roots” နဲ့ “Six Flying Dragons” တို့ကို ဇာတ်ညွှန်းရေးပေးခဲ့တဲ့ Park Sang Yeon နဲ့ Kim Young Hyun တို့က ပူးတွဲ ရေးသား ပေးကြမှာ ဖြစ်ပါတယ်။

အဲဒီ ဒရာမာကို “Incomplete Life  (Misaeng)”, “Signal” နဲ့ မကြာသေးခင်ကမှ ပြသခဲ့တဲ့ “My Ahjussi” ဇာတ်လမ်းတ ဒါရိုက်တာ Kim Won Suk က ရိုက်ကူးထုတ်လုပ်မှာ ဖြစ်ပါတယ်။  ဂိုဂျိုဆွန်းခေတ်က  မြို့တော်ဖြစ်ခဲ့ တယ်လို့ ဆိုကြတဲ့ Asadal ဆိုတဲ့ မြို့မှာ ဖြစ်ခဲ့တဲ့ အာဏာ၊ အချစ်နဲ့ ရှင်သန်မှုတို့အကြောင်း ရိုက်ကူးမယ့်  စိတ်ကူးယဉ် ဒရာမာ ဇာတ်လမ်း  တခုဖြစ်ပါတယ်။

Ref:soompi

The post မင်းသား Song Joong Ki နဲ့ ဒါရိုက်တာရင်ကို ဒရာမာကား တခုမှာ မြင်တွေ့ရဖွယ်ရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...