Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဘဝကို ပေါ့ပါးပျော်ရွှင်စွာ ဖြတ်သန်းနေသူ ကချင်မော်ဒယ် လုလုအောင်

$
0
0

ယနေ့ မေလ ၂၄ ရက်နေ့က ကချင်မော်ဒယ် လုလုအောင်ရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။ လုလုအောင်က အွန်လိုင်းမှာ ပရိသတ်အားပေးမှု အထူးသဖြင့် အမျိုးသားပရိသတ်များ အားပေးဝန်းရံမှုအများအပြား ရရှိထားတဲ့ မော်ဒယ် တယောက် ဖြစ်ပါတယ်။

လုလုအောင်က အနုပညာအလုပ်ကို ၂၀၀၄ ခုနှစ်မှာ မော်ဒယ်အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး သိပ်မကြာဘဲ အနုပညာလောက ကနေ အချိန်တော်ကြာ ပျောက်ကွယ်သွားပါသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အချိန် ၃ နှစ်နီးပါးလောက်မှာတော့ လုလုအောင်ကို အွန်လိုင်း ပရိသတ်များကြားမှာ တဖန် ရေပန်းစားကာ ပြန်လည်တွေ့ရပါတယ်။ Facebook ပေါ်မှာ Sexy ကျကျ ခန္ဓာကိုယ် ကောက်ကြောင်းပေါ် အလှပုံများနဲ့ ပရိသတ်များကို ပြန်လည်ဖမ်းစားပြီး လူသိများလာခဲ့ပြန်ပါတယ်။

မြစ်ကြီးနားဇာတိ ကချင်တိုင်းရင်းသူ တဦးဖြစ်တဲ့ လုလုအောင်က သမီးတယောက် မိခင်အဖြစ်လည်း ပရိသတ်ကို အသိပေးခဲ့ပြီး Single Mother တယောက်အဖြစ် သူ့ဘဝကို ချပြခဲ့သူတဦးပါ။ ၂၀၁၆ခုနှစ်က စတင်ပြီး ထူးထူးခြားခြား “လုကို ဝန်းရံကြ” ဆိုပြီး လုလုအောင်မှ လုလုအောင် ဆိုပြီး အားပေးတဲ့ အမျိုးသားထုပရိသတ်ရဲ့ အားပေးမှုကို သိမ်းပိုက်ထားသူတဦးပါ။

အဲဒီအတွက်လည်း လုလုအောင်က ဒီလိုမျိုး တခြားအမျိုးသမီးတွေရဲ့ အငြူစူကိုခံပြီး သူကိုအားပေးတဲ့ အမျိုးသား ပရိသတ်ကြီးကို ကျေးဇူးတင်ကြောင်းလည်း ဧရာဝတီနဲ့ အင်တာဗျူးတခုမှာ ဆိုထားဖူးပါတယ်။ အားပေးတဲ့ အမျိုးသား ထုကြီးရှိပေမယ့် လုလုအောင်ရဲ့ အချစ်ရေးကတော့ ဘာသံမှ မကြားဘဲ ငြိမ်သက်လို့နေပါတယ်။

မဂ္ဂဇင်းအလှဓာတ်ပုံများ ကြော်ငြာများကိုလည်း ရိုက်ကူးလာရတဲ့ လုလုအောင်က အွန်ုလိုင်းမှာ ပုံတင်တဲ့ အခါတိုင်းမှာလည်း like အများဆုံး Share အများဆုံးနဲ့ Comment အများဆုံးရတဲ့ Cele အနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။ အပြင်မှာ ပျော်ပျော်နေတတ်တာကြောင့် Facebook မှာ ပုံတင်တိုင်းလည်း သူမရဲ့ ပရိသတ်များပျော်စေရန် ရည်ရွယ်ပြီး ဟာသပါတဲ့ စကားလုံးများရွေးချယ် ရေးသားပြီးပုံတင်လေ့ ရှိတာ လုလုအောင်ရဲ့ အားသာချက်တခုပါပဲ။

ဒါ့အပြင့် လုလုအောင်က မကြာခဏ ဆိုသလို ကချင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းက ဒုက္ခသည်များကိုလည်း မကြာခဏ သွားရောက်တွေ့ဆုံပြီး လှူဒါန်းမှုများပြုလုပ်နေသူတဦးပါ။ အလှူအတန်း ပြုလုပ်ရတာ ဝါသနာပါတဲ့ လုလုအောင်က ဒီနေ့ သူမရဲ့မွေးနေ့ကိုလည်း ကလေးသူငယ်များနဲ့ကို ကျွေးမွေးပြီး ကုသိုလ်ပြု အလှူလုပ်ရင်း ကုန်ဆုံးခဲ့ပါတယ်။

လုလုအောင်ကတော့ သူ့ဝါသနာပါရာ အလှဓာတ်ပုံ အရိုက်ခံရတဲ့ အလုပ်ကို လုပ်ကိုင်ရင်းပဲ သမီးလေးနဲ့အတူ ဘဝကို စိတ်ချမ်းသာစွာနဲ့ လျှောက်လှမ်းနေဆဲ အနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်Swimsuit ထုတ်မယ်ဆိုတဲ့ မော်ဒယ်လ်လုလုအောင်နဲ့ အင်တာဗျူး 

The post ဘဝကို ပေါ့ပါးပျော်ရွှင်စွာ ဖြတ်သန်းနေသူ ကချင်မော်ဒယ် လုလုအောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...