Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ညီဘွားညီရဲ့ ရုပ်သံအင်တာဗျူး ဖြေဆိုမှုအပေါ် ဦးမင်းလွင်တင်မှ ပြန်လည် တုံ့ပြန်ရေးသား

$
0
0

လတ်တလော Facebook အသုံးပြုသူများကြားမှာ ကြည့်ရှုသူများပြားနေတဲ့ သရုပ်ဆောင် ညီဘွားညီရဲ့ အင်တာဗျူးနဲ့ ပတ်သတ်ပြီး ဒေါ်ဖြူဖြူတင်(ခ) ဒေါ်တူးတူးတင်ရဲ့ ခင်ပွန်း ဦးမင်းလွင်တင်မှ ဖြေကြားချက်များကို အချက် ၁၃ ချက်နဲ့ ပြန်လည် ထောက်ပြထားပါတယ်။

သရုပ်ဆောင် ညီဘွားညီရဲ့ အင်တာဗျူးဖြေရှင်းချက်ကြောင့် ဦးမင်းလွင်တင်ဘက်မှ အခုလိုမျိုး ပြန်လည် ထောက်ပြခရခြင်း ဖြစ်တယ်လို့လည်း သူ့ရဲ့ Facebook မှာ ရေးသားကာ တင်ထားတာ တွေ့ရပါတယ်။

ဦးမင်းလွင်က “ညီဘွားညီရဲ့ အင်တာဗျူးများကို ယနေ့ပဲကြည့်လိုက်ရပါတယ်။ ပထမတုန်းကတော့ သူ့အပြစ်ကို နားလည်ပြီ ထင်ပြီး ဒီအတိုင်းပဲ ငြိမ်နေမလို့ပါပဲ။ Online ပေါ်မှာ သူတပြန် ကိုယ်တပြန် ဖြေရှင်းရတာမျိုး မလုပ်ချင်ဘူး။ သူ့ဘက်က ဖြေရှင်း ပြလိုက်တော့ ကျနော့်ဘက်မှာ ပြောစရာ ထောက်ပြစရာတွေ အများကြီး ဖြစ်လာတယ်။ သူတို့ နှစ်ယောက်လုံးက ကျနော် ဘဝကို ဒုက္ခရောက်အောင် လုပ်ဆောင်ခဲ့ကြတာပါ။ သူ့ဖြေရှင်းချက်အပြီးမှာ တချို့လူတွေဆိုရင် ကျနော့်ကိုတောင် အပြစ်တင်ပြီးပြောဆိုနေတာတွေ တွေ့ရပါတယ်”

“ညီဘွားညီ ဖြေရှင်းသွားတာဟာ သာမာန်သူတစ်ယောက် နားထောင်ကြည့်မယ်ဆိုရင် ဟာကွက် မရှိဘဲ အပြစ် ကင်းတယ်လို့ ထင်ရအောင် ကောင်းကောင်း ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော့်အတွက် (သူတို့ ကိစ္စတွေကို အသေးစိတ် သိထားသူ) အတွက်တော့၊ သူပြောသမျှ စကားတွေဟာ မှန်တာတဝက် မှားတာတဝက်နဲ့ မဟုတ် မမှန်တာတွေ ပါနေလို့ ဖြေရှင်းပေးချင်တာပါ”လို့ သူ့အကောင့်မှာ ရေးသားထားပါတယ်။

ညီဘွားညီရဲ့ အသက် ၁၀ နှစ် အရွယ် ကလေးကိုလည်း ဖခင်နဲ့ နှိုင်းယှဉ်ပြီး ဆဲဆိုခြင် မပြုဖို့ကိုလည်း ဦးမင်းလွင်တင်က တောင်းဆိုထားပါတယ်။ “ဖြစ်နိုင်ရင် ပတ်ဝန်းကျင်မှ ကူညီပြီး ကလေးကို စိတ်ဓာတ် မပျက်ပြားသွားစေရန် ကူညီပေး စေချင်ပါတယ်။ စိတ်ရင်းအမှန်ပါ” ဆိုပြီး ရေးသားထားပါသေးတယ်။

အချက်(၁၃) ချက်နဲ့ ချက်ချလက်ကျ ရေးသားထားပြီး နောက်ဆုံးမှာတော့ “ကျနော်ကတော့ အမှန်တရားအတွက် ဆက်လက် ဖြေရှင်းမှာ ဖြစ်ပါတယ်။ နောက်တခါ အင်တာဗျူးဖြေရင်တော့ အမှန်တရားများ ထွက်ပေါ်လာပြီး ဝန်ခံနိုင်ပါစေ။ အပြစ်တွေကိုဝန်ခံ ဆေးကြောပြီး ကလေးဘဝကို မထိခိုက်အောင် အဖတ်ဆယ်နိုင်ပါစေ” ဆိုပြီး ညီဘွားညီကို ရည်ရွယ်ကာ ရေးသား ထားပါတယ်။

ဦးမင်းလွင်တင်က လက်ရှိ ဒိန်းမတ်နိုင်ငံမှာ နေထိုင်ပြီး သရုပ်ဆောင် ညီဘွားညီကို ဧရာဝတီမှ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာမှာ ပုသိမ်ဘက်ကို ကားရိုက်ထွက်နေကြောင်းသိရပါတယ်။ ဒေါ်ဖြူဖြူတင်(ခ)ဒေါ်တူးတူးတင်ကတော့ ယခုချိန်ထိ ဖြေရှင်းချက် တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

The post ညီဘွားညီရဲ့ ရုပ်သံအင်တာဗျူး ဖြေဆိုမှုအပေါ် ဦးမင်းလွင်တင်မှ ပြန်လည် တုံ့ပြန်ရေးသား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...