Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ညီဘွားညီရဲ့ အမျိုးသမီး ကွယ်လွန်သွားပြီ”လို့ ညီဘွားညီရဲ့ အဒေါ်ပြော

$
0
0

ယခု လတ်တလောမှာတော့ Facebook အသုံးပြုသူများကြား ရေပန်းစားနေတဲ့ ညီဘွားညီရဲ့ အကြောင်းကို ပရိသတ်များက စိတ်ဝင်စားနေကြပါတယ်။  သရုပ်ဆောင် ညီဘွားညီရဲ့ အင်တာဗျူး ဖြေဆိုချက်များအရ သူဟာ အသက် ၁၀ နှစ်အရွယ် သားလေးတဦးရှိတဲ့ ဖခင်တဦးလို့ သိရပြီး လက်ရှိ သူ့မှာ အိမ်ထောင်ရှိ၊ မရှိဆိုတာကိုလည်း စိတ်ဝင်စား နေကြပါတယ်။

ယနေ့ မနက်ပိုင်းမှာတော့ သရုပ်ဆောင် ညီဘွားညီရဲ့ Facebook အကောင့်ကို 9MC ဟက်ကာအဖွဲ့မှ ဟက်ကာများက Hack သွားခဲ့ပြီး သူ့အကြောင်းတွေကို အကောင့်ကနေ Screenshot များနဲ့တကွ ရေးသား ဖော်ပြနေတာ တွေ့ရပါတယ်။ ဒါကြောင့် သရုပ်ဆောင် ညီဘွားညီထံ  ဧရာဝတီ သတင်းဌာမှ ဆက်သွယ်ခဲ့ရာ ညီဘွားညီက ပုသိမ်မှာ ရိုက်ကူးရေး ပြုလုပ်နေတဲ့အတွက် ဖြေကြားနိုင်ခြင်းမရှိဘဲ အဒေါ်ဖြစ်သူက ဖုန်းနဲ့ ကိုယ်စားပြန်လည် ဖြေကြားပေးခဲ့ပါတယ်။

“သူက အခုရိုက်ကူးရေး သွားနေပါတယ်။ နယ်ဘက်မှာ ရိုက်ကူးနေတာ ဖြစ်တဲ့အတွက် သူဖုန်း မယူသွားပါဘူး။ ဒီနေ့ သူ့အကောင့်ကို Hack ခံထားရတာ သူလည်း တော်တော်စိတ်မကောင်း ဖြစ်နေပါတယ်။ ဘာမှ မဟုတ်တဲ့ အစ်မလို ဖြစ်နေတဲ့ သူတွေနဲ့ ပို့ထားတဲ့ စာတွေကိုလည်း ဟတ်ကာက တင်ထားပါတယ်။ သူ ပိုပြီး စိတ်ညစ်နေပါတယ်”လို့ ညီဘွားညီရဲ့ အဒေါ်ဖြစ်သူက အကောင့်ဟတ်ခံရတာနဲ့ ပတ်သတ်ပြီး ပြောပြပါတယ်။

ညီဘွားညီဟာ သူ့အမျိုးသမီးနဲ့ ကွဲသွားခဲ့တယ်ဆိုပြီး Facebook အသုံးပြုသူအချို့က ပြောဆိုကြသလို သူ့ရဲ့ အမျိုးသမီး သေဆုံးသွားတယ်ဆိုပြီး  ဝေဖန်ပြောဆိုခံနေရပါတယ်။ ဒါနဲ့ပတ်သတ်လို့ ညီဘွားညီရဲ့ အဒေါ်ဖြစ်သူကို ဧရာဝတီက မေးမြန်းတဲ့အခါ “သူ့အမျိုးသမီးက ဆုံးသွားတာပါ။ နယ်ဘက်မှာ အဆင်မပြေတော့ ဒုက္ခရောက်တာပေါ့။ ကိုယ်ဝန် ၇ လနဲ့ မီးတွင်းထဲမှာ ကလေးမွေးပြီး ဆုံးသွားခဲ့တာပါ”လို့ ပြောပါတယ်။

သရုပ်ဆောင် ညီဘွားညီဟာ ဒိန်းမတ်နိုင်ငံမှာ နေထိုင်တဲ့ အသက် ၇၀ ကျော် အရွယ် ဒေါ်ဖြူဖြူတင်(ခ) ဒေါ်တူးတူးတင်နှင့် အွန်လိုင်းမှာ ခင်မင်ရင်းနှီးပြီး အပြင်မှာတွေ့ဆုံကာ ပတ်သတ်ခဲ့မှုများ ရှိခဲ့တယ်ဆိုပြီး လတ်တလော Facebook မှာ ပရိသတ်များ စိတ်ဝင်စားခြင်းခံနေတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။

The post “ညီဘွားညီရဲ့ အမျိုးသမီး ကွယ်လွန်သွားပြီ”လို့ ညီဘွားညီရဲ့ အဒေါ်ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...