Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Galaxy Star ပြိုင်ပွဲမှာ ပြုတ်ပြီး တပတ်လောက် စိတ်ဓာတ်ကျခဲ့ဖူးတယ်”ဆိုတဲ့ မီးနို

$
0
0

Melody World နှင့် Galaxy Star ပြိုင်ပွဲများမှတဆင့် ပရိသတ်အားပေး လက်ခံမှု ရရှိခဲ့တဲ့ အဆိုတော်မီးနိုက ဒုတိယမြောက် တကိုယ်တော်အခွေ “ပြိုင်ပွဲ” လို့အမည်ပေးထားတဲ့ သီချင်းခွေ မိတ်ဆက်ပွဲကို ယနေ့၊ မေလ ၂၄ ရက်နေ့က ရန်ကုန်မြို့၊ Central Hotel မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ “ပြိုင်ပွဲ”အခွေထဲမှာတော့ တေးရေး စောပီးပီ၊ ကောင်းကောင်း၊ ဝေကြီး၊ စောထက်နိုင်စိုး၊ ရှိုင်းဝေယံ၊ စည်သူမင်း၊ မီးမီးခဲတို့က ရေးသားပေးထားပြီး သီချင်း ၁၃ ပုဒ် ပါဝင်တယ်လို့ သိရပါတယ်။

“ဒုတိယအခွေကို လုံးဝကျေနပ်မှုရှိနေတယ်။ မီးနို ကိုယ်စိတ်နှစ်ပါး ၃ ပါးလုံး မအားမလပ် စိတ်နှစ်ပြီးလုပ်ထားတယ်။ အခက်အခဲတွေ အတားအဆီးတွေရော အန္တရာယ်တွေကြားက ကြိုးစားပြီး ရုန်းကန်ခဲ့ရတဲ့ အတွက် စေတနာပါပါ အကောင်းဆုံး လုပ်ထားတဲ့အတွက် ကျေနပ်အားရမှုရှိတယ်” လို့ မီးနိုက ပြောပါတယ်။

အဆိုတော်မီးနိုဟာ သီချင်းဆိုပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ဖူးပြီး အဲဒီအတွေ့အကြုံ၊ ခံစားချက်များနဲ့ ပတ်သတ်ပြီးတော့လည်း ယခုလို ဆိုပါတယ်။

“Galaxy Star ပြိုင်ပွဲမှာ ပြုတ်သွားတယ်။ တပတ်လောက်တော့ အရမ်းစိတ်ဓာတ် ကျသွားတယ်။ ပြုတ်ပြုတ်ချင်းတော့ မငိုခဲ့ဘူး။ အိမ်ပြန်ပြီး ဘယ်လိုမှ နေလို့ မရဘူး။ နေ့တိုင်းအပြင်ထွက်တာ စိတ်ဆင်းရဲပြီးတော့ လျှောက်လုပ်တယ်။ ပြိုင်ပွဲလုပ်တဲ့ သောကြာနေ့ ရောက်တိုင်း မကြည့်ဘူးလုပ်ခဲ့ပေမယ့် ကြည့်ဖြစ်တယ်။ ငါဒီအရာကို အရမ်း ခံစားမနေတော့ဘဲ သူတို့ကို ပြန်ပြီးတော့ Support လုပ်မယ်။ မနက်ဖြန်တိုင်းမှာ ငါအကောင်းဆုံးလုပ်မယ် ဆိုပြီး တွေးလိုက်တယ်။ အဲဒီလိုနဲ့ ပြန်ကြိုးစားခဲ့တာပါ” လို့ မီးနိုက ပြောပါတယ်။

“ပြိုင်ပွဲ” အခွေထဲမှာ ပါတဲ့ သီချင်းတွေမှာ မီးနိုရဲ့ True Story တွေသာ ဖြစ်ပြီး Music Video ရိုက်တဲ့အခါမှာလည်း သူမရဲ့ True Story ထဲမှာ ပါဝင်တဲ့သူတွေနဲ့ ဆင်တူသောသူများဖြင့် ရိုက်ကူးသွားဖို့ စိတ်ကူးရှိတယ်လို့ ပြောပါတယ်။ မီးနိုရဲ့ “ပြိုင်ပွဲ” အခွေကို မေလ ၂၇ရက်နေ့တွင် Bo Bo Music Entertainment မှ စတင်ဖြန့်ချိသွားမှာဖြစ်ပြီး လှည်းတန်း စင်တာမှာလည်း ပရိုမိုးရှင်းအစီအစဉ်များပြုလုပ်ကာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

အဆိုတော် မီးနိုကတော့ ၂၀၀၈ခုနှစ် Melody World Season 2 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုံး တကိုယ်တော် အခွေဖြစ်တဲ့   “ကျမရဲ့ Idol” ဆိုတဲ့အခွေ ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Galaxy Star ၂၀၁၇ခုနှစ်  ပြိုင်ပွဲမှာလည်း ထပ်မံ ယှဉ်ပြိုင်ခဲ့ပါတယ်။

The post “Galaxy Star ပြိုင်ပွဲမှာ ပြုတ်ပြီး တပတ်လောက် စိတ်ဓာတ်ကျခဲ့ဖူးတယ်” ဆိုတဲ့ မီးနို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...