Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အမာညို ဇာတ်ကောင်က ခေးအတွက် စိန်ခေါ်မှု မရှိဘူး”လို့ ဆိုတဲ့ ခေးဆက်သွင်

$
0
0

MRTV-4 ရုပ်သံဇာတ်လမ်းတွဲများမှ တဆင့် “အိမ်နီးချင်း” ဆိုတဲ့ ရုပ်သံဇာတ်လမ်းနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့ပြီးနောက် ယခု လတ်တလော MRTV-4 မှာ ပြသနေတဲ့ “အရိပ်” ရုပ်သံဇာတ်လမ်းတွဲထဲမှ “အမာညို” ဇာတ်ကောင်နဲ့ ပရိသတ်တွေ အကြိုက်တွေ့နေကြတဲ့ သရုပ်ဆောင် ခေးဆက်သွင်ကို ဇာတ်ကောင်အပေါ်သရုပ်ဆောင်မှုနဲ့ ပတ်သတ်ပြီး ဧရာဝတီမှ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

“ကျမတို့ကို mrtv-4 က အပြင်ကလိုမျိုး ငှားပြီးရိုက်တာ မရှိဘူး။ ဒီနေရာမှာ အိုက်တင် သွက်တဲ့သူကို လူရွေးပြီးမှ ဒီဇာတ်ကောင်နဲ့ လိုက်တယ်ဆိုပြီး ဒိုင်တွေက ဆုံးဖြတ်ခဲ့တယ်။ ကျမက အမာညိုနဲ့ လိုက်တယ်ဆိုပြီး ရွေးချယ်ခဲ့တယ်။ တလလောက် ဇာတ်ညွန်းပေးထားပြီး ကျင့်ခိုင်းထားပြီး ရိုက်ဖြစ်ခဲ့တာပါရှင့်” လို့ ခေးဆက်သွင်က ပြောပါတယ်။

အရင် ရုပ်ရှင်ဇာတ်ကားဟောင်း “အရိပ်” နဲ့ ဇာတ်လမ်းအပေါ် သူမအမြင်များကို မေးမြန်းကြည့်တဲ့အခါ “ခေး ဇာတ်ကား ဟောင်းကို နည်းနည်းတော့ကြည့်ဘူးတယ်။ ကားက ရုပ်ရှင်ဖြစ်တဲ့အတွက် ၂ နာရီစာ ချုံ့ရတဲ့အတွက် ပေါ်လွင်ချင်တဲ့ ဇာတ်ကောင်တခုကို ဖော်ပြတယ်။ ခေးတို့ ဇာတ်လမ်းတွဲကတော့ မိသားစု ၃ စုကို နှိုင်းယဉ်တာပေါ့။ ရုပ်ရှင်ထဲမှာခေးရဲ့ အမာညို ကာရိုက်တာက သိပ်မပေါ်လွင်ခဲ့ဘူး။ လုပ်ကွက်လည်း သိပ်မရှိခဲ့ဘူး။ အမှန်တိုင်းပြောရရင် မကြည့်ဖို့ ဆုံးဖြတ်ထားတယ်။ မတူဘူးပေါ့။ မတူအောင်လည်း သရုပ်ဆောင်မယ်လို့ စဉ်းစားထားတယ်” လို့ ခေးဆက်သွင်က ဆိုပါတယ်။

“ခေတ်တွေကလည်း မတူကြဘူး။ နားလည်ထားတဲ့ ကာရိုက်တာ ချင်းကလည်း တူမှာ မဟုတ်တော့၊ ဆရာမကြီး မစန္ဒာ ဝတ္ထုထဲက အမာညိုကိုပဲ အသက်သွင်းခဲ့တာပါ။ ဒီဇာတ်ကောင်က ခေးအတွက်တော့ စိန်ခေါ်မှု မရှိဘူးရှင့်။ ဘာလို့လဲ ဆိုတော့ ခေးပိုင်တဲ့ ဇာတ်ကောင်ဖြစ်လို့ပါ။ ခေး ဒီနေရာကို လုပ်နိုင်မယ်လို့ ယုံကြည်ထားတဲ့အတွက် ဒီဇာတ်ကောင်ကို အသေအချာကို လေ့ကျင့်ထားပါတယ်။ အစထဲက ကြိုတင်ပြင်ဆင်မှု လုပ်ခဲ့တဲ့အတွက် ခေးမှာ စိန်ခေါ်မှု မရှိတာပါ။ ဒီဇာတ်ကောင် အမာညိုကို အားရကျေနပ်မှု ရှိခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ညီမဇာတ်က လှုပ်သွားတဲ့အတွက် ပရိသတ်တွေက သတိထားမိသွားတာပါ” လို့ ခေးဆက်သွင်က ပြောပါတယ်။

လက်တလောမှာတော့ ခေးဆက်သွင်က ကျန်းမာရေး အခြေအနေအရ ဇာတ်ကား ရိုက်ကူးမှုများ နားထားပြီး ဓာတ်ပုံ ရိုက်ကူးခြင်းနဲ့Music Video များ ရိုက်ကူးခြင်းတွေကိုသာ လုပ်ဆောင်နေပြီး ဇွန်လိုင်လမှ ဇာတ်လမ်းတွဲများ ပြန်လည် ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။

The post “အမာညို ဇာတ်ကောင်က ခေးအတွက် စိန်ခေါ်မှု မရှိဘူး”လို့ ဆိုတဲ့ ခေးဆက်သွင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...