၂၀၁၇ ခုနှစ်က ကြည့်ရှုသူ စံချိန်ချိုးခဲ့ပြီး ဝင်ငွေ သန်း ၁၀၀ ကျော်ဝင်ခဲ့တဲ့ “Along with the Gods” ဇာတ်လမ်းတွဲ အဆက် ဒုတိယပိုင်း ရုံတင်မယ့်ရက်ကို မေလ ၂၆ ရက်နေ့ သတင်းတွေမှာ တရားဝင်ဖော်ပြလိုက်ပါပြီ။
ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ Korean Film Council ရဲ့ထုတ်ပြန်ချက်အရ လက်မှတ်စောင်ရေ ၁၄,၂၅၉,၃၉၄ စောင်ရေ ရောင်းချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့တဲ့ ဒီဇာတ်လမ်းရဲ့အဆက်ကို ရုံတင်မယ်လို့ ပထမကားအပြီးထဲက ကြေညာထားခဲ့တာပါ။
ဒါပေမယ့် “Along with the Gods 2” ဇာတ်ကားကို သြဂုတ်လ ၁ ရက်နေ့မှာ ရုံတင်မယ်လို့ အခုမှ ကြေညာနိုင်ခဲ့တဲ့ အကြောင်းရင်းက ဒီဇာတ်ကားမှာ ပါဝင်မယ့် သရုပ်ဆောင်တွေကို နောက်ဆုံးအချိန်ထိ အတည် မပြုနိုင်ခဲ့လို့ပါ။ ဧပြီလကျမှပဲ အပြီးသတ် ရွေးချယ်နိုင်ခဲ့ပြီး အခုလို အသစ်ထွက်ရှိမယ့် ဇာတ်ကား ရုံတင်ရက်ကို သတ်မှတ်နိုင်ခဲ့တာလို့ ထုတ်လုပ်သူတွေက ဆိုပါတယ်။
အခုချိန်မှာ ဇာတ်ကား ရိုက်ကူးမှုတွေ ပြီးစီးသွားပေမယ့် ကျန်နေသေးတဲ့ တည်းဖြတ်၊ နောက်ခံသီချင်း၊ CG effects တွေ ဖန်တီးဖို့ ကျန်ရှိနေပါသေးတယ်။ “Along with the Gods 2” ဇာတ်ကားက ၃ ကားထွက်မယ် လို့ စီစဉ်ထားတဲ့ထဲမှာ ဒုတိယမြောက် ထွက်ရှိလာတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ ပထမကားက သရုပ်ဆောင်တွေဖြစ်တဲ့ ဟဂျန်းဝူ၊ ဂျူးဂျီဟွန်း၊ ကလေးသရုပ်ဆောင် ကင်ဟွန်းဂီ၊ ကင်ဒုံဝုခ်နဲ့ EXO အဖွဲ့က DO တို့ ဆက်လက် ပါဝင်မှာဖြစ်ပြီး ခေါင်းဆောင်မင်းသားအဖြစ် မတ်ဒုံဆော့က အားဖြည့်ပါဝင်ထားပါတယ်။
Action, Adventure, Drama, Science Fiction အမျိုးအစားဖြစ်ပြီး ဒီရုပ်ရှင်ကို အခြေခံယူထားတဲ့ webtoon အဆက် ကိုလည်း ဆက်လက်ရေးသား ထုတ်ဝေနေဆဲလို့ သိရပါတယ်။ ပထမဇာတ်ကားမှာ အားပေးခဲ့တဲ့ ပရိသတ်တွေရော အခု ဇာတ်ကားအသစ်ကိုကော စောင့်ကြည့်ဖို့ ပရိသတ်တွေ အဆင်သင့်ဖြစ်နေကြပြီလို့ ယုံကြည်ပါတယ်။
Ref: Allkpop
The post နွေရာသီမှာ ထပ်မံထွက်ရှိလာတော့မယ့် “Along with the Gods 2” ဇာတ်ကားသစ် appeared first on ဧရာဝတီ.