Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“13 Reasons Why” မှာ နောက်ထပ် မပါဝင်နိုင်တော့တဲ့ မင်းသမီး Katherine Langford

$
0
0

Hannah Baker (ဟန်နာဘိတ်ကာ) ဟာ “13 Reasons Why” ရုပ်သံစီးရီးရဲ့ အဓိကဇာတ်ဆောင် တယောက်ပါ။ “13 Reasons Why” စီးရီးဟာ ကမ္ဘာတဝှမ်းမှာ အောင်မြင်မှု ရရှိခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်ပြီး Season 2 အထိ ပြသပြီးပြီ ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီး ဟန်နာဘိတ်ကာ အဖြစ် ပါဝင်ခဲ့တဲ့ မင်းသမီး Katherine Langford ကိုယ်တိုင် ကလည်း ဒီဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး အပြည့်အဝ အားထုတ်ပြီးပြီလို့ ဆိုပါတယ်။

Netflix က နောက်ထပ် ထပ်မံရိုက်ကူးမယ့် Season 3 နဲ့ပတ်သက်ပြီး သတင်း မထုတ်ပြန်သေးပေမယ့် Season 2 ရဲ့ အဆုံးသတ်အရ ဆက်လက်ရိုက်ကူးဖို့ အခြေအနေ ရှိနေပါတယ်။ သတင်း အတိအကျ မထုတ်ပြန်ရသေးပေမယ့်လည်း မင်းသမီး Katherine Langford ကတော့ ပါဝင်နိုင်မှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။

Katherine Langford အနေနဲ့ သူမက ဟန်နာဘိတ်ကာ ဇာတ်ကောင်ကို ချန်ထားခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဟန်နာအစား Clay Jensen ကို ဇာတ်ရဲ့ အဓိကနေရာအဖြစ် ဦးတည်ချင်တဲ့အတွက် Season 2 မှာ ဟန်နာပါဝင်လာတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါကြောင့် မင်းသမီး Langford ဟာ “13 Reason Why” ရဲ့ Season 2 အပြီး နောက်ထပ် ရိုက်ကူးမယ့် ဇာတ်လမ်းမှာ ပြန်မလာဖို့ ဆုံးဖြတ်ချက်က အကောင်းဆုံးဖြစ်သလို Season 2 မှာလည်း သူမအနေနဲ့ အများကြီး အားထုတ်မှုတွေ လုပ်ခွင့်မရခဲ့ဘူးလို့လည်း ဆိုပါတယ်။

“ကျမ အတွက်တော့ Hannah ကို စွန့်လွှတ်ရတာ Clay က သူမကို စွန့်လွှတ်သလို ခံစားရပါတယ်။ Season 1 မှာ Hannah ရဲ့ ဇာတ်လမ်းက အပြည့်အဝ ပါဝင်ခဲ့ပေမဲ့ Season 2 မှာတော့ အဖြည့်သဘောမျိုးလောက်ပဲ ဖြစ်တယ်” လို့ မင်းသမီးက ဆိုပါတယ်။ Netflix က တာဝန်ရှိသူတွေကတော့ ဒီလိုသတင်းတွေနဲ့ ပတ်သက်ပြီး တစုံတခုကိုမှ မှတ်ချက်ပေးခြင်း မရှိပါဘူး။

“13 Reasons Why နဲ့ စတင်ပွဲထွက်ခဲ့တဲ့ ကျမအတွက် ဒီအရာက ထူးခြားနေပါတယ်။ ဒီဇာတ်လမ်းတွဲက အောင်မြင်မှုတွေ ရခဲ့တဲ့သလို Hannah နေရာမှာ သရုပ်ဆောင်ခွင့်ရတဲ့အတွက် အရမ်းပဲ ကျေးဇူးတင်ပါတယ်။ ကျမ လုပ်ခဲ့တဲ့ အရာတွေထဲက သဘောကျ နှစ်ခြိုက်ခဲ့ရတဲ့ အရာတခု ဖြစ်ပါတယ်။ ဒါပေမဲ့ ကျမ အနေနဲ့ ရှေ့ဆက်လုပ်ဆောင်ရမယ့် အရာတွေ ရှိတာကြောင့် Hannah ကို စွန့်လွှတ်ခဲ့ရတာ ဖြစ်ပြီး လာမယ့် နှစ်၊ လတွေမှာ ကျမ မပါဝင်တော့တဲ့ 13 Reasons Why ကို စောင့်ကြည့်ဖို့အတွက် စိတ်လှုပ်ရှားနေပါတယ်” လို့ မင်းသမီး Katherine Langford က ဆိုပါတယ်။

ဒါဆိုရင် အဓိကဇာတ်ဆောင် Hanah Baker မပါဝင်နိုင်တဲ့ “13 Reasons Why” က ဘယ်လိုဖြစ်မလဲဆိုတာ ပရိသတ်များ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref ; contactmusic & vanityfair

The post “13 Reasons Why” မှာ နောက်ထပ် မပါဝင်နိုင်တော့တဲ့ မင်းသမီး Katherine Langford appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...