Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကင်ဆာဖြစ်နေတဲ့ ကလေးများအတွက် အရုပ်တွေရောင်းပြီး ကုသိုလ်ပြုမယ့် မိစန္ဒီ

$
0
0

အဆိုတော် မိစန္ဒီကတော့ ကင်ဆာရောဂါ ခံစားနေရတဲ့ ကလေးငယ်များအတွက် သူမ စုထားတဲ့ ဝက်ရုပ်ကလေးများနဲ့ ပရိသတ်များက ပေးထားတဲ့ အရုပ်ကလေးများကို ရောင်းချကာ ရလာတဲ့ အကျိုးအမြတ်ကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

အဲဒီ အရုပ်ကလေးတွေကိုတော့ “ချစ်သောမြန်မာ” ဆိုတဲ့ ပရဟိတအဖွဲ့က ပြုလုပ်မယ့် ဈေးရောင်းပွဲတော်မှာ ရောင်းချ ပေးသွားမှာဖြစ်ပြီး ရလာတဲ့ငွေများနဲ့ ကင်ဆာရောဂါ ဖြစ်နေတဲ့ ကလေးငယ်များအတွက် တကယ်လိုအပ်နေတဲ့ ဆေးသွင်း စက်များကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ မိစန္ဒီက သူရဲ့ Facebook အကောင့်မှာ ရေးသားထားပါတယ်။

“မိစန္ဒီရဲ့ ဒီအရုပ်တွေ အားလုံးကို ရောင်းမယ်။ ပြီးရင် ရသမျှငွေတွေ အားလုံးကို ကင်ဆာ ကလေးငယ်တွေအတွက် ပြန်လှူပါမယ်။ မိစန္ဒီ စုထားတဲ့ ဝက်ရုပ်လေးတွေရော ပရိသတ်တွေ လက်ဆောင်ပေးထားတဲ့ အရုပ်လေးတွေရော အားလုံးကို ဈေးအသက်သာဆုံးနဲ့ “ချစ်သောမြန်မာ”ပရဟိတအဖွဲ့က ပြုလုပ်တဲ့ ဈေးရောင်းပွဲလေးမှာ ရောင်းချပြီး ရသမျှ ငွေတွေအားလုံးကို ကင်ဆာဖြစ်နေတဲ့ ကလေးတွေအတွက် တကယ်လိုအပ်တဲ့ ဆေးသွင်းစက်များကို ဝယ်ပြီး လှူဒါန်းသွားမှာ ဖြစ်ပါတယ်” လို့ မိစန္ဒီက ဆိုထားပါတယ်။

ဒီလိုလှူဒါန်းမှုကိုတော့ ပရိသတ်များရော သူကိုယ်တိုင်ပါ ကုသိုလ်ရစေရန် လှူဒါန်းတာဖြစ်ပြီး ပရိသတ်များအနေနဲ့ လာရောက်ကြဖို့အတွက်လည်း မိစန္ဒီက ဖိတ်ခေါ်ထားပါတယ်။

“ချစ်သောမြန်မာ” ပရဟိတအဖွဲ့က ပြုလုပ်တဲ့ “ကလေး ကင်ဆာဝေဒနာ ဈေးဝယ်ရင်းနဲ့ ကူညီပါ” ဆိုတဲ့ပွဲကိုတော့ မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ရက်နေ့ထိ Myanmar Culture Valley (People’s Park) ပြည်သူ့ရင်ပြင်မှာ ညနေ ၃ နာရီကနေ ည ၉ နာရီထိ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ မိစန္ဒီက သီချင်းတွေ သီဆိုရင်း ကိုယ်ပိုင်စီးပွားရေးအဖြစ် “My Boo” အမှတ်တံဆိပ် အဝတ်အစားများကို ကိုယ်တိုင် ထုတ်လုပ်ရောင်းချနေတဲ့ အဆိုတော် တဦး ဖြစ်ပါတယ်။

The post ကင်ဆာဖြစ်နေတဲ့ ကလေးများအတွက် အရုပ်တွေရောင်းပြီး ကုသိုလ်ပြုမယ့် မိစန္ဒီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...