Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သားဖြစ်သူကို လမ်းမှား မရောက်အောင် ဘာသာတရားနဲ့ ဆိုဆုံးမတယ် ဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်

$
0
0

အဆိုဘက်မှာရော သရုပ်ဆောင်ဘက်မှာပါ ပရိသတ် ကြိုက်နှစ်ရတဲ့ အကယ်ဒမီ မင်းသမီးကြီး ထွန်းအိန္ဒြာဗိုလ်က သူမရဲ့ သားဖြစ်သူ အောင်ဗိုလ်ကောင်းသန့်ကို ဆုံးမတဲ့အခါ လမ်းမှားမရောက်အောင် ဘာသာတရားနဲ့ ဆုံးမလေ့ရှိတယ်လို့ ဧရာဝတီကို ဆိုပါတယ်။

သားကို ဆုံးမလမ်းညွှန်ပုံနဲ့ ပတ်သတ်ပြီး ပြောဆို ဆုံးမတဲ့အခါ ဘာသာတရားနဲ့ ပြောဆို ဆုံးမပြီး လမ်းမှားရောက်မှာ စိတ်ပူတဲ့အတွက် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက် ထိန်းကျောင်းနေတယ်လို့ သူက ဆိုပါတယ်။ အခုခေတ် အင်တာနက်တွေ သုံးစွဲမှုနဲ့ ပတ်သတ်ပြီး သားဖြစ်သူကို အင်တာနက် ပေးသုံးတယ်လို့ဆိုပြီး ဒါနဲ့ပတ်သတ်လို့ ထွန်းအိန္ဒြာဗိုလ်က အခုလိုဆိုပါတယ်။

“သားကခု ၁၂ နှစ်ဆိုတော့ ငယ်သေးတယ်။ လူပျိုဖော်တောင် မဝင်ချင်သေးဘူးဆိုတော့ အင်တာနက်က သူတို့ ကျောင်းမှာလည်း သုံးရတယ်။ ကျမတို့လည်း သုံးခွင့်ပြုရတာ ရှိတာပေါ့။ ဒါပေမယ့် သူသုံးတိုင်း ကျမတို့ မျက်စိရှေ့မှာပဲ ပေးသုံးတယ်။ အင်တာနက်တွေမှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကိုတော့ သူအရွယ်နဲ့ နားလည်အောင်တော့ ပြောပြ ရှင်းပြထားပါတယ်။ အန္တရာယ်ကို ပြောပြထားရင် သူကြားဖူးနားဝ ရှိထားရင် ခေါင်းထဲ ရှောင်ဖို့ နည်းနည်းလေး ရောက်တာပေါ့”လို့ ထွန်းအိန္ဒြာဗိုလ်က ဆိုပါတယ်။

ဆက်လက်ပြီး “သားက အသက် ၁၂နှစ်နဲ့ လပိုင်းလေး စွန်းနေပြီ။ ဒီအရွယ်ကတော့ နီးစပ်ရာလေးတွေကို ဟိုလုပ် ဒီလုပ်လေးတော့ ရှိတာပေါ့။ သီချင်းလည်း နားထောင်တယ်။ သီချင်းလည်း ဆိုတယ်။ ဂေါက်ရိုက်တာကိုတော့ သူအဖေက Guideline ပေးရိုက်ခိုင်းရင်းနဲ့ ငယ်ငယ်လေးတည်းက ပျိုးလာတော့ ခုတော့ ဆရာနဲ့ သေချာသင်ပြီး ရိုက်တဲ့ အဆင့်လေးတွေတော့ ဖြစ်နေပြီပေါ့။ သူ အသက် ၆ နှစ်ခွဲ၊ ၇နှစ်လောက် စရိုက်တာ၊ အခု အသက် ၁၂နှစ်ရှိနေပြီဆိုတော့ ပြိုင်ပွဲတွေလည်း တော်တော်များများ ဝင်ပြိုင်ဖူးနေပြီ”လို့လည်း သားဖြစ်သူရဲ့ ဝါသနာအပေါ် အခုလို ပြောပြပါတယ်။

“ဆုတွေလည်း တော်တော်များများ ရဖူးပါပြီ။ မြန်မာပြည်မှာတောင် ပထမဦးဆုံး အသက်အငယ်ဆုံး Hole in One ဝင်တာတွေတောင် ဖြစ်သွားပြီပေါ့။ ဒါ သူရဲ့ ဝါသနာပါလို့ လုပ်မယ်ဆိုလည်း ကျမက ပျိုးထောင်ပေးရမှာပဲ။ အနုပညာ ဝါသနာ ပါတယ်ဆိုလည်း ကျမက ပျိုးထောင်ပေးမှပါ ။ သားကတော့ အနေအေးပါတယ်” လို့ ထွန်းအိန္ဒြာဗိုလ်က ဆိုပါတယ်။

အကယ်ဒမီ မင်းသမီးကြီး ထွန်းအိန္ဒြာဗိုလ်ကတော့ လက်ရှိမှာ မင်းသား ဇေရဲထက်နဲ့အတူ “မြင့်မိုရ်ထက် မြင့်သော မာတာ” ဇာတ်ကားကို ရိုက်ကူးနေပြီး ဇွန်လမှာတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးနဲ့ ရုပ်ရှင်ကားကြီးတကား ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

The post သားဖြစ်သူကို လမ်းမှား မရောက်အောင် ဘာသာတရားနဲ့ ဆိုဆုံးမတယ် ဆိုတဲ့ ထွန်းအိန္ဒြာဗိုလ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...