Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၆ လကြာ တွဲပြီး ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့ မင်းသမီး Emma Watson

$
0
0

ကမ္ဘာကျော် မင်းသမီး Emma Watson နဲ့ မင်းသား Chord Overstreet တို့ကြားက အချစ်ရေး ၆ လကြာ တွဲခဲ့ပြီးနောက် အဆုံးသတ်သွားပြီဖြစ်ကြောင်း သူတို့နှစ်ဦးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တခုကို ကိုးကားပြီး The Sun သတင်းစာက ဖော်ပြလိုက်ပါတယ်။

“Emma နဲ့ Chord တို့ဟာ ပထမတော့ သူတို့နှစ်ဦး ဆက်ဆံရေးနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်ထားခဲ့ပေမယ့် အခုတော့ တကယ့်ကိုပဲ လမ်းခွဲလိုက်ကြပါပြီ။ ဒါပေမယ့် သူတို့ကြားမှာရှိတဲ့ အရာတွေက ထူးထူးခြားခြား ပြောင်းလဲသွားမှာ မဟုတ်ဘဲ သူတို့ နှစ်ယောက်လုံးက တကိုယ်တည်းသမား ဖြစ်သွားတာပါပဲ” လို့ သတင်းရင်းမြစ် တခုက The Sun သတင်းစာကို ပြောကြားခဲ့ပါတယ်။

ပြီးတော့ သူတို့နှစ်ဦးဟာလည်း Instagram မှာ တဦးကိုတဦး Unfollow လုပ်လိုက်ကြပြီပဲ ဖြစ်ပါတယ်။ Daily Mail သတင်းစာက အခုနှစ်အစောပိုင်းမှာ ရိုက်ကူးထားတဲ့ သူတို့နှစ်ဦး ပျော်ပျော်ရွှင်ရွှင်လက်ချင်းတွဲပြီး လမ်းလျှောက်နေကြတဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပြီးနောက် မင်းသမီး Emma နဲ့ “Glee” စတားဟောင်း Chord တို့ တွဲနေကြပြီဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် မင်းသား Chord နဲ့ အသက် ၂၇ နှစ်အရွယ် မင်းသမီး Emma တို့ဟာ အော်စကာဆုပေးပွဲအပြီးမှာ ကျင်းပတဲ့ Vanity Fair ပါတီမှာ အတူတွဲပြီး တက်ရောက်လာခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဖျော်ဖြေပွဲတခုမှာ သူတို့နှစ်ဦး ဓာတ်ပုံအတူတူ ရိုက်ကူးခဲ့ပြီးနောက် အချစ်ရေး ကောလာဟလသတင်းတွေ စတင် ထွက်ပေါ်လာခဲ့ပြီး ဟောလိဝုဒ် အတွင်းသတင်းတခုက သူတို့နှစ်ဦးဟာ ချစ်သူတွေ ဖြစ်နေကြပြီလို့ New York Post ရဲ့ Page Six ကဏ္ဍမှာ ပြောကြားခဲ့ပါတယ်။

အခြားအတွင်းသတင်းတခုက “ရူးကြောင်ကြောင်တော့ နိုင်ပါတယ်။ ဒါပေမယ့် Emma ဟာ နှုတ်ဆိတ်နေလိုပြီး သီးသန့် နေလိုပေမယ့် သူတို့နှစ်ယောက် တွဲနေကြပါပြီ” လို့ ပြောဆိုခဲ့ပေမယ့် အခြားအတွင်း သတင်းတခုကတော့ “သူတို့နှစ်ဦးက ရင်းနှီးကြပါတယ်၊ ဒါပေမယ့် တွဲနေကြတာတော့ မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

မင်းသမီး Emma ဟာ Silicon Valley နည်းပညာကုမ္ပဏီ မန်နေဂျာ William “Mack” Knight နဲ့ ၂ နှစ်ကြာ တွဲခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလမှာပဲ တကိုယ်တည်း ဖြစ်ခဲ့ရတာပါ။

Ref: etcanada

The post ၆ လကြာ တွဲပြီး ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့ မင်းသမီး Emma Watson appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...