Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ချစ်သူ ရဲရင့်အောင်က ၂၄ နာရီ သဝန်တိုနေတာ”လို့ ပြောတဲ့ မော်ဒယ် ဧငြိမ်းဖြူ

$
0
0

အနုပညာရှင် စုံတွဲတွေထဲမှာ လိုက်ဖက်ညီပြီး လူအများ စိတ်ဝင်စားခြင်း ခံရတဲ့ စုံတွဲတတွဲဖြစ်တဲ့ အဆိုတော် ရဲရင့်အောင်နဲ့ မော်ဒယ် ဧငြိမ်းဖြူတို့ စုံတွဲမှာ ရဲရင့်အောင်က ၂၄ နာရီ သဝန်တိုနေတယ်လို့ ဧငြိမ်းဖြူက ပြောပါတယ်။

“သူကတော့သဝန်တိုတာမှ ပြောမနေနဲ့။ ၂၄ နာရီကို သဝန်တိုနေတာ။ ညအိပ်ရင်တောင် သူ့အိမ်မက်ထဲမှာ တခြား တယောက်နဲ့ ဖောက်ပြန်နေပါတယ်ဆိုပြီး နိုးလာရင် ပြဿနာ ရှာတာပဲ။ ယောင်္ကျားလေးတွေနဲ့ သဝန်တိုတာ ပေါ့နော်။ ညီမလည်း သူ့ကို လိုက်မမှီဘူး။ သူသဝန်တိုနေလို့ ညီမတောင် တိုချိန် မရဘူး။ တပတ်မှာ ၇ ရက်ရှိရင် ၆ ရက်လောက်က ရန်ဖြစ်နေတာ” လို့ ဧငြိမ်းဖြူက ပြောပါတယ်။

ဧငြိမ်းဖြူနဲ့ ရဲရင့်အောင်တို့ ချစ်သူနှစ်ဦးကတော့ တွဲလာတာ အချိန် ၁ နှစ်ခွဲလောက်ရှိပြီဖြစ်ပြီး မကြာခဏ ရန်ဖြစ်ကြပေမယ့် ရန်ဖြစ်ပြီးတိုင်း နားလည်မှုပိုရှိသွားတယ်လို့ ထင်တဲ့အကြောင်း ဧငြိမ်းဖြူက ပြောပါတယ်။

မော်ဒယ် ဧငြိမ်းဖြူနဲ့ အဆိုတော် ရဲရင့်အောင်တို့ ချစ်သူနှစ်ဦး

“ချစ်သူဖြစ်တာ အချိန် ၁ နှစ်ကျော်ကြာသွားပါပြီ။ ခဏခဏ ရန်ဖြစ်ကြတယ်။ ရန်ဖြစ်ပြီးတိုင်း နားလည်မှုတွေ ပိုရှိလာတယ်လို့ ထင်ပါတယ်။ မိန်းကလေးပ ရိသတ်တွေနဲ့ သဝန် မတိုတတ်ဘူး။ သူလည်း ဒီအလုပ်လုပ်နေတယ်။ ညီမလည်း ဒီအလုပ်နေတဲ့အတွက် ဒါနဲ့ပတ်သက်ပြီး သဝန် မတိုတတ်ဘူး” လို့ ဧငြိမ်းဖြူက ပြောပါတယ်။

အသက် ၃ နှစ်ကွာတဲ့ သူတို့ ချစ်သူနှစ်ဦးမှာတော့ ရဲရင့်အောင်က လူကြီးတယောက်လို ရင့်ကျက်မှုမျိုး ရှိပြီး ဧငြိမ်းဖြူကတော့ ရဲရင့်အောင်ရဲ့ အနုပညာအလုပ်တွေမှာ အကြံပေးတာမျိုးတွေရှိတယ်လို့ ပြောပါတယ်။

“သူက သူ့မိဘပေါ်မှာ ရင့်ကျက်တဲ့သူ တယောက်ဖြစ်တဲ့အတွက် ညီမနဲ့ သူကလည်း ၃နှစ်ကွာတာကြောင့် သူက လူကြီးတယောက်လိုပါပဲ။ သူ့အလုပ်နဲ့ပတ်သက်ပြီး အကြံပေးတာမျိုးတွေတော့ရှိတယ်” လို့ ဧငြိမ်းဖြူက ပြောပါတယ်။

သရုပ်ဆောင် မော်ဒယ် ဧငြိမ်းဖြူ ကတော့ ရေဒီယိုနောက်ခံ စကားပြော ဇာတ်လမ်းတွဲမျာမှာ သရုပ်ဆောင်ခဲ့ရာမှ ပရိသတ်ရဲ့ အားပေးချစ်ခင်မှုရရှိလာပြီး ရုပ်ရှင်ဇာတ်ကားကြီးများမှာလည်း သရုပ်ဆောင်ထားသူ တဦးပါ။ မကြာခင်မှာလည်း အနောက်တိုင်းအက ကပြီးသရုပ်ဆောင်ရမယ့် အကရုပ်ရှင်ကား သီးသန့်ကိုလည်း ရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

The post “ချစ်သူ ရဲရင့်အောင်က ၂၄ နာရီ သဝန်တိုနေတာ”လို့ ပြောတဲ့ မော်ဒယ် ဧငြိမ်းဖြူ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...