Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ခင်ပွန်းနဲ့အတူ နေထိုင်နေတဲ့ သမီး ဒိန်းပိုပိုဒေါင်ရဲ့ ကိစ္စများကို တာဝန်မယူဘူး” လို့ဆိုတဲ့ ဒိန်းဒေါင်

$
0
0

ဟာသသရုပ်ဆောင် ဒိန်းဒေါင်က သမီး ဒိန်းပိုပိုဒေါင်နဲ့ပတ်သက်ပြီး ဖခင်ရဲ့ဂုဏ်သိက္ခာ ထိခိုက်အောင် ပြုလုပ်တဲ့အပြင် ဆိုဆုံးမမှုကို မနာခံဘဲ သူမရဲ့ သဘောဆန္ဒအလျောက် ပြုမူနေထိုင်တောကြောင့် သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်နဲ့ ပတ်သက်ပြီး တာဝန် မယူကြောင်းကို မေလ ၂၈ ရက်နေ့ထုတ်၊ နိုင်ငံပိုင်သတင်းစာမှ တဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒိန်းဒေါင်ရဲ့သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်မှာ နေအိမ်မှခွဲထွက်ပြီး ခင်ပွန်းဖြစ်သူနဲ့အတူ တအိုးတအိမ် ထူထောင်ကာ စီးပွားရေးခွဲ လုပ်ကိုင် ဆောင်ရွက်နေသူဖြစ်တယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ပါရှိပါတယ်။

အဲဒီလို ထုတ်ပြန်ကြေညာချက် ထုတ်ရတဲ့အပေါ်ကို ဒိန်းဒေါင်အား ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့ရာ “ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ဖြေပေးလို့ မရဘူး။ မဖြေချင်သေးဘူး” လို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။ မေလ ၂၈ ရက်နေ့မှာ ကြေညာခဲ့တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ဒိန်းပိုပိုဒေါင်မှာ အိမ်ထောင်ရှိနေတယ်ဆိုတာကို လူအများက အခုမှ သိရှိကာ ဝေဖန်မှုများလည်း ရှိနေခဲ့ပါတယ်။

မေလ ၂၈ ရက်နေ့ထုတ် သတင်းစာမှာ ပါဝင်တဲ့ ဒိန်းဒေါင်ရဲ့ ထုတ်ပြန်ချက်

ဖခင်ဖြစ်သူ ဒိန်းဒေါင်ကတော့ မြတ်နိုးဦး (ခေါ်) ဒိန်းပိုပိုဒေါင်နဲ့ ဆက်နွယ်ပတ်သက်သူများအနေဖြင့် သူ့ရဲ့ အမည်၊ ဓာတ်ပုံများကို သတင်းစာများ၊ ဂျာနယ်များ၊ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဂုဏ်သိက္ခာ ထိပါးအောင် နှောင့်ယှက် ပြောဆို၊ ပြုမူထည့်သွင်းခြင်းများ ပြုလုပ်ပါက ဒိန်းဒေါင်အနေဖြင့် တည်ဆဲ ဥပဒေနဲ့အညီ ထိထိရောက်ရောက် တရားစွဲဆို သွားမယ်လို့ ပြောထားပါတယ်။

ဒိန်းပိုပိုဒေါင်ကတော့ မကြာသေးမီအချိန်က အွန်လိုင်း စုမဲကိစ္စများနဲ့ ပတ်သက်ပြီး ငွေကျပ်သိန်း ၈ထောင်နီးပါး လိမ်လည်မှုနဲ့ ပါဝင်ပတ်သတ်နေကာ ဖြေရှင်းနေရသူ တဦးပါ။ ဒါ့အပြင့် ကိုးထပ်ကြီးဘုရားဝင်းအတွင်းရှိ ဗေဒင်ပြခန်းမှ ဗေဒင်ဆရာ အောင်ချစ်ပိုရဲ့ အမျိုးသမီးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုနဲ့ ပတ်သတ်ပြီးတော့လည်း တရားစွဲဆိုထားတဲ့ သူတယောက်လည်း ဖြစ်ပါတယ်။

The post “ခင်ပွန်းနဲ့အတူ နေထိုင်နေတဲ့ သမီး ဒိန်းပိုပိုဒေါင်ရဲ့ ကိစ္စများကို တာဝန်မယူဘူး” လို့ဆိုတဲ့ ဒိန်းဒေါင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...