Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

လူသိများတဲ့ ရုပ်ရှင်တွေရဲ့ နောက်ကွယ်က စိတ်ဝင်စားဖွယ် အကြောင်းအရာများ

$
0
0

ရုပ်ရှင်တွေ ကြည့်ရှုတဲ့အခါ မိမိကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားဆိုရင် ဒီဇာတ်ကားရဲ့ နောက်ကွယ်က အကြောင်းအရာတွေကိုပါ သိချင်တတ်တာဟာ ရုပ်ရှင် ဝါသနာအိုးတွေရဲ့ အကျင့်တခုပါ။

ဒါကြောင့် လူသိများ ကျော်ကြားတဲ့ ရုပ်ရှင်တွေရဲ့နောက်ကွယ်က စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာ တချို့ကို ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ၁၉၉၀ ခုနှစ်မှာ ရုပ်ရှင်အဖြစ် စတင်ရိုက်ကူးခဲ့ပြီး နောက်ထပ် ၂၇ နှစ်အကြာမှာ ပုံစံသစ်တမျိုးနဲ့ ပြန်လည် ဆန်းသစ် ရိုက်ကူးခဲ့တဲ့ It ဇာတ်ကားရဲ့ အဓိကဇာတ်ကောင် Pennywise ဟာဆိုရင် တကယ့် အပြင်လောကမှာရှိတဲ့ မုဒိမ်းမှု ကျူးလွန်သူ ရာဇဝတ်သားတယောက်ကို မှီငြမ်းပြီး ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ အဲဒီ မုဒိမ်းကောင်ဟာ လူရွှင်တော်တယောက်လို ဝတ်စားကာ ကလေးတွေရဲ့မွေးနေ့ပွဲတွေမှာ ဖျော်ဖြေလေ့ရှိပြီး ပရဟိတပွဲတွေ အတွက်လည်း သူကိုယ်တိုင် အရင်းအနှီး စိုက်ထုတ်ကာ ဖျော်ဖြေလေ့ရှိတယ်ဆိုတာပဲ ဖြစ်ပါတယ်။

(၂) အော်စကာဆုတွေ သိမ်းပိုုက်နိုင်ခဲ့တဲ့ La La Land ရုပ်ရှင်အတွက် မင်းသမီး Emma Stone နဲ့ မရိုက်ကူးခင် Emma Watson ကိုကမ်းလှမ်းခဲ့ပေမယ့် Beauty And The Beast ရုပ်ရှင်ရိုက်ကူးဖို့ စာချုပ်ချုပ်ဆိုပြီး ဖြစ်တာကြောင့် သူမက ငြင်းဆိုခဲ့ပါတယ်။

(၃) Pixar ကုမ္ပဏီကထုတ်လုပ်တဲ့ Up ကာတွန်းကားထဲမှာ Carl ရဲ့အိမ်ကို အပေါ်တက်ဖို့ မိုးပျံပူဖောင်း စုစုပေါင်း ၂၀၆၂၂ လုံး အသုံးပြုခဲ့တယ် ဆိုပေမယ့် တကယ့်အပြင်မှာတော့ အိမ်တလုံးကို မိုးပျံပူဖောင်းတွေ အသုံးပြုပြီး အပေါ်တက်အောင် လုပ်မယ်ဆိုရင် ပူဖောင်းပေါင်း ၂၀ မီလီယံကနေ ၃၀ မီလီယံအထိ အသုံးပြုရမှာဖြစ်ပါတယ်။

(၄) ၁၉၉၂ ခုနှစ်မှာ Beauty And The Beast ရုပ်ရှင်ကို အော်စကာဆုအတွက် အကောင်းဆုံး Animated ရုပ်ရှင်အဖြစ် လျာထားခြင်း ခံခဲ့ရပေမယ့် တကယ်ရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကတော့ The Silence Of The Lambs ဖြစ်ပါတယ်။

(၅) Leonardo Dicarprio,Will Smith, Nicolas Cage နဲ့Johnny Depp တို့မှာ တိုက်ဆိုင်မှု တခု ရှိပါတယ်။ အဲဒါကတော့ သူတို့ ၄ ယောက်လုံးဟာ The Matrix ရိုက်ကူးဖို့ ကမ်းလှမ်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။

Ref : brightside.me

The post လူသိများတဲ့ ရုပ်ရှင်တွေရဲ့ နောက်ကွယ်က စိတ်ဝင်စားဖွယ် အကြောင်းအရာများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...