Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဆိုတော်ကြီး Tony Bennett နဲ့အတူ သီချင်း အသံသွင်းခဲ့တဲ့ လေဒီဂါဂါ

$
0
0

ကမ္ဘာကျော် အဆိုတော်တွေ ဖြစ်ကြတဲ့ လေဒီဂါဂါနဲ့ Tony Bennett တို့ကို အသံသွင်းစတူဒီယို တခုမှာ အတူတူ မြင်တွေ့ခဲ့ရပြီး သူတို့နှစ်ဦးဟာ သီချင်း Album တခု ထုတ်ဖို့ ပြင်ဆင်နေတယ်လို့လည်း ကောလဟလတွေလည်း ထွက်ပေါ်နေပါတယ်။

အသက် ၉၁ နှစ်အရွယ် အဆိုတော်ကြီး Tony ဟာ မေလ ၂၈ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ရှိတဲ့ Electric Lady စတူဒီယိုကို သွားရောက်ခဲ့ပြီးတော့ အဲဒီမှာ လေဒီဂါဂါ နဲ့အတူ သီချင်းအသစ်တွေကို အသံသွင်းခဲ့ ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စုံတွဲတေး တပုဒ်ကိုလည်း အသံသွင်း ယူခဲ့ကြတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။

သူတို့ မိတ်ဆွေနှစ်ဦးဟာ ၂၀၁၄ ခုနှစ်မှာ Cheek to Cheek ဆိုတဲ့ သီချင်းတပုဒ်ကို အတူတူ သီဆိုခဲ့ကြပါသေးတယ်။ Jazz သီချင်းတွေ ပါဝင်တဲ့ အဲဒီ Album ဟာ Billboard 200 အပါအဝင် ကမ္ဘာတဝန်းမှာရှိတဲ့ ဂီတဇယားတွေမှာ ထိပ်ပိုင်းကို ရောက်ရှိခဲ့ပြီး Best Traditional Pop Vocal Album ဂရမ်မီဆုကိုလည်း ရရှိခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၁၅ ခုနှစ်မှာ နယ်လှည့်ဖျော်ဖြေပွဲ တခုမှာ အတူပါဝင်ခဲ့သလို ပွဲတော်တော်များများမှာလည်း တဦးကိုတဦး ထောက်ခံအားပေးခဲ့ ကြပါတယ်။ ဝါရင့်အဆိုတော်ကြီး Tony က Poker Face သီချင်းအဆိုတော် လေဒီဂါဂါနဲ့ သီချင်းတွေ အတူတွဲ သီဆိုချင်သေးတဲ့အကြောင်း ၂၀၁၇ ခုနှစ်မှာ Billboard မီဒီယာကို ပြောကြား ခဲ့ပါသေးတယ်။

အဆိုတော်ကြီး Tony က “သူနဲ့ ကျနော်ဟာ ဒုတိယ Album တခုကို လုပ်ဖို့ ပြောနေကြပါတယ်။ သူနဲ့ ကျနော် နှစ်ယောက်လုံး အကြိုက်တူတဲ့ ထူးခြားတဲ့ သီချင်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။ သူကတော့ အခု အလုပ်များနေပါတယ်။ ဒါပေမယ့် နောက်နှစ် အစပိုင်း မှာတော့ ကျနော်တို့ဟာ Album တခုအတွက် စတင်အလုပ်လုပ်နိုင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

စုံတွဲ တေးတပုဒ် သီဆိုမယ်လို့လည်း မီဒီယာကို ပြောကြားခဲ့ပါသေးတယ်။ သူက “လေဒီဂါဂါနဲ့ အခြားသီချင်း တပုဒ်ကို လုပ်မှာကျိန်းသေပါတယ်” လို့ ဆိုပြီး ပရိသတ်တွေအနေနဲ့ နှစ်သစ်ကူးမတိုင်မီ အကြိုတရက်မှာ စုံတွဲတေးကို မျှော်လင့်နိုင်တယ်လို့ ပြောဆိုထားဖူးပါတယ်။

ဒါပေမယ့် သီချင်းက အကောင်အထည် ပေါ်မလာခဲ့ဘဲ သတင်းရင်းမြစ်တခုရဲ့ အဆိုအရ သူတို့နှစ်ဦးဟာ စုံတွဲတေး သီဆိုဖို့ မရှိသေးဘဲ သူတို့ရဲ့ အချိန်ဇယားတွေ အဆင်ပြေတဲ့အချိန်မှသာ ပူးတွဲသီဆိုနိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အဆိုတော် လေဒီဂါဂါဟာ အခုနှစ် အစောပိုင်းမှာ Joanne ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ပြီးဆုံးခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Joanne နောက်ပိုင်း ထွက်ရှိမယ့် အခွေသစ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

Ref: aceshowbiz

The post အဆိုတော်ကြီး Tony Bennett နဲ့အတူ သီချင်း အသံသွင်းခဲ့တဲ့ လေဒီဂါဂါ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အသိမ်းသန်တဲ့ ဒို့နိုင်ငံ-တက္ကသိုလ်ဘုန်းကြွယ်


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ