Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အလွန်ပိန်ချုံးသွားသည့် မင်းသား Johnny Depp ကို ပရိသတ်များ စိုးရိမ်နေ

$
0
0

မင်းသား Johnny Depp ဟာ မကြာသေးခင်က ထွက်ရှိလာခဲ့တဲ့ ဓာတ်ပုံတခုထဲမှာ အလွန်ပိန်ချုံးနေတဲ့ ပုံရိပ်ကြောင့် ပရိသတ်တွေက သူ့ကျန်းမာရေးအတွက် အထူးစိုးရိမ်နေကြပါတယ်။

အသက် ၅၄ နှစ်အရွယ်မင်းသား Depp ဟာ Instagram နဲ့ Twitter မှာတင်ခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ အလွန်ပိန်လွန်းနေပြီး နေမကောင်းတဲ့ ပုံပေါက်နေတဲ့အတွက် ပရိသတ်တွေ စိုးရိမ်ထိတ်လန့်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ အဲဒီဓာတ်ပုံတွေကို ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့က Four Seasons Hotel Lion Palace ဟိုတယ်မှာ မိတ်ကပ်ပညာရှင် နှစ်ဦးနဲ့ အတူ ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။

သူ့ရဲ့ Rock တီးဝိုင်းဖြစ်တဲ့ Hollywood Vampires နဲ့အတူ နယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်နေတဲ့ မင်းသား Depp ဟာ ဓာတ်ပုံတွေထဲမှာ မမှတ်မိနိုင်လောက်အောင် ဖြစ်နေခဲ့ပြီး Pirates of the Caribbean စတားမင်းသားဟာ နေမကောင်း ဖြစ်နေပြီလို့ ထင်ကြေးပေးပြောဆိုမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ အရင်တုန်းက ပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်ခဲ့တဲ့ မင်းသားကတော့ ဓာတ်ပုံထဲမှာ ပြုံးနေခဲ့တာကိုတော့ တွေ့ခဲ့ရပါတယ်။

မိတ်ကပ်ပညာရှင် Nadya Shestakova ကတော့ “ထူးခြားတဲ့ အလုပ်နဲ့ အံ့သြဖို့ကောင်းတဲ့ အခွင့်အလမ်းတွေအတွက် ကမ္ဘာကြီးကို ကျေးဇူးတင်ပါတယ်” လို့ ပုံစာမှာ ရုရှားဘာသာနဲ့ ရေးသားခဲ့ပါတယ်။ မိတ်ကပ်ပညာရှင် နောက်တဦးဖြစ်တဲ့ Katerina Kurt က “ဒီလိုမျိုး ထူးခြားတဲ့လူတွေနဲ့ တွေ့ဆုံဖို့ အခွင့်အရေးအတွက် ကမ္ဘာပေါ်က ကျမရဲ့ အကောင်းဆုံး အလုပ်ကို ကျေးဇူးတင်ပါတယ်” လို့ရေးသားခဲ့ပါတယ်။

အဲဒီဓာတ်ပုံဟာ Twitter မှာ ပျံ့နှံ့သွားခဲ့ပြီး ပရိသတ်တွေကတော့ မင်းသား Depp ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ မှတ်ချက်ပေးပြောဆိုခဲ့ကြသလို တချို့ကလည်း ရုပ်ရှင်အသစ်အတွက် ပိန်အောင် လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့ လည်း ထင်ကြေးပေးပြောဆိုမှုတွေရှိနေပါတယ်။

မင်းသား Depp ဟာ “Sherlock Homes” ဆိုတဲ့ရုပ်ရှင်မှာ အသံသရုပ်ဆောင်ထားသလို လာမယ့် နိုဝင်ဘာလမှ ရုံတင်ပြသတော့မယ့် “Fantastic Beasts: The Crimes of Grindelwald” ရုပ်ရှင်မှာလည်း မှော်ကေ၀ Gellert Grindelwald အဖြစ် သရုပ်ဆောင်ထားပါတယ်။

ဒါပေမယ့် သူ့ရဲ့ ကိုယ်ပိုင်ဘဝကတော့ မင်းသမီး Amber Heard နဲ့ ကွာရှင်းပြီးတဲ့နောက် နှစ်ပေါင်းများစွာကြာ ခံစားမှု ပြင်းပြင်းထန်ထန်တွေကို ကြုံတွေ့ခဲ့ရပါတယ်။ အရင် မန်နေဂျာဟောင်းတွေ၊ ရှေ့နေ့တွေ၊ ကိုယ်ရံတော်တွေနဲ့လည်း အမှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။

Ref: aceshowbiz

The post အလွန်ပိန်ချုံးသွားသည့် မင်းသား Johnny Depp ကို ပရိသတ်များ စိုးရိမ်နေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343