ကမ္ဘာ့ ရုပ်ရှင်ရုံဝင်ငွေ စာရင်းထိပ်ပိုင်းနေရာမှာတော့ Star Wars ရုပ်ရှင်သစ်ကို “Deadpool 2” ရုပ်ရှင်က ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။
R-Rate အဆင့်စူပါဟီးရိုးအဖြစ် မင်းသား Ryan Reynolds ပါဝင်သရုပ်ဆောင် ထားတဲ့ “Deadpool 2” ရုပ်ရှင်ဟာ နိုင်ငံတကာရုပ်ရှင်ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၄၁ ဒဿမ ၆ သန်းရရှိခဲ့ပြီး ထိပ်ပိုင်းကို ပြန်လည် ရောက်ရှိ လာတာ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ဟာ ကမ္ဘာတဝန်းမှာ ရုံဝင်ငွေ ဒေါ်လာ ၃၄၄ သန်း ရရှိထားပြီး မြောက်အမေရိကမှာတော့ ဒေါ်လာ ၂၅၅ သန်း ရရှိထားပါတယ်။
မင်းသားကြီး Harrison Ford ရဲ့ဇာတ်ကောင် Han Solo ရဲ့ မူရင်း ဇာစ်မြစ်ကို ဇာတ်အိမ်တည်ထားတဲ့ Solo: A Star Wars Story ရုပ်ရှင်ကတော့ ဒုတိယနေရာမှာ ဒေါ်လာ ၃ဝ ဒဿမ ၃ သန်းနဲ့ ရပ်တည်နေပါတယ်။ စတင်ပြသပြီး သီတင်းနှစ်ပတ် အတွင်းမှာတော့ ရုံဝင်ငွေ ဒေါ်လာ ၁၄၈ ဒဿမ ၉ သန်း ရရှိထားပြီး ဖြစ်ပါတယ်။
Avengers: Infinity War ရုပ်ရှင်ကတော့ ကမ္ဘာတဝန်းရုံဝင်ငွေ ဒေါ်လာ ၁ ဒဿမ ၉၆ ဘီလီယံရရှိထားပြီး စတုတ္ထမြောက်ဝင်ငွေ အများဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။
မင်းသား Sam Claflin နဲ့ မင်းသမီး Shailene Woodley တို့ရဲ့ Adrift ရုပ်ရှင်ကတော့ ဒေါ်လာ ၁၁ ဒဿမ ၅ သန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။ Avengers: Infinity War ရုပ်ရှင်ကတော့ နံပါတ် ၄ နေရာမှာ ရှိပြီး Book Club ရုပ်ရှင် ကတော့ နံပါတ် ၅ နေရာမှာ ရှိနေပါတယ်။
သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖိုရုပ်ရှင် “Upgrade” ကတော့ နံပါတ်ခြောက်နေရာမှာ ရှိနေပြီး သူ့နောက်မှာတော့ Life of the Party, Breaking In နဲ့ Action Point ရုပ်ရှင်တို့က အသီးသီးရပ်တည်နေပါတယ်။ “Overboard” ရုပ်ရှင်ကတော့ နံပါတ် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။
Ref: aceshowbiz
The post ကမ္ဘာ့ ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးပြန်ရောက်လာတဲ့ “Deadpool 2” ရုပ်ရှင် appeared first on ဧရာဝတီ.