Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“သားအိမ် အရည်အိတ် ခွဲစိတ်မှု အောင်မြင်တယ်”ဆိုတဲ့ ပိုင်ဖြိုးသု

$
0
0

သရုပ်ဆောင် ပိုင်ဖြိုးသုက သားအိမ်မှာ အရည်အိတ် တည်တာကြောင့် Grand Hantha ဆေးရုံမှာ ဇွန်လ ၃ ရက်နေ့က ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ဇွန်လ ၄ ရက်နေ့မှာ ခွဲစိတ်ကုသမှု အောင်မြင်တယ်လို့ ပိုင်ဖြိုးသုရဲ့ မိခင်က ဧရာဝတီကို ဆိုပါတယ်။

“သမီးက စိုးရိမ်စရာ မရှိတော့ပါဘူး။ မနက်ဖြန်ဆိုရင် ပြန်ဆင်းလို့ ရနေပါပြီ။ တပတ်လောက် နားပီးရင် အလုပ်တွေ ပြန်လုပ်လို့ပြီလို့တောင် ဆရာဝန်ကြီးက ပြောပါတယ်။ ဒီနေ့ကနေစပြီး ထမင်းတောင် ပြန်စားလို့ ရပါပြီ။ ခွဲစိတ်ပေးတဲ့ ဆရာဝန်ကြီးကတော့ မီးယပ်သားဖွားဆရာဝန်ကြီး ပါမောက္ခ ဦးစောကလယ်ခူးပါ” လို့ ပိုင်ဖြိုးသုရဲ့ မိခင်ဖြစ်သူက ဧရာဝတီကို ပြောပါတယ်။

သရုပ်ဆောင် ပိုင်ဖြိုးသုက ခွဲစိတ်မှု ပြုလုပ်ပြီး မကြာခင်မှာ အနုပညာအလုပ်များ ပြန်လည်လုပ်ကိုင်မယ်လို့ စာနယ်ဇင်း မီဒီယာများကို ခွဲစိတ်မှု မပြုလုပ်ခင်က ဖြေကြားခဲ့ဖူးပါတယ်။

“ခွဲပြီးတာနဲ့ တပတ်ပဲ နားမယ်။ နားပြီးတာနဲ့ ကြော်ငြာတွေ ပြန်စရိုက်ပါမယ်။ ကားရိုက်ကတော့ ဇူလိုင်လလောက်မှ ပြန်ရိုက်ပါမယ်။ သု နေပြန်ကောင်းသွားမှာပါ၊ ခွဲပြီးသွားရင်တော့ အရင်ကထက် အနုပညာအလုပ်တွေကို ပိုပြီးတော့ ကြိုးစားသွားပါ့မယ်။ သု အနုပညာအလုပ်တွေကို ကြိုးစားပြီး လုပ်နေပါ့မယ်။ လုပ်ခွင့်ရတဲ့ ကာရိုက်တာတိုင်းမှာ ပရိသတ်အတွက် တာဝန်ကျေတဲ့ သရုပ်ဆောင်တယောက် ဖြစ်စေရပါ့မယ်လို့”လို့ ပိုင်ဖြိုးသုက ဖြေခဲ့ဖူးပါတယ်။

သရုပ်ဆောင် ပိုင်ဖြိုးသုက သားအိမ်မှာ အရည်အိတ်တည်တဲ့အတွက် ခွဲစိတ်မှု ပြုလုပ်ရတာ ဖြစ်ပြီး ပထမပိုင်းမှာ UK (အင်္ဂလန်) နိုင်ငံမှာ သွားရောက်ခွဲစိတ်ဖို့ ရည်ရွယ်ထားပေမယ့် Visa အခက်အခဲကြောင့် မြန်မာနိုင်ငံအတွင်းမှာပဲ ခွဲစိတ်မှု  ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – သားအိမ်မှာ အရည်တည်တဲ့အတွက် ခွဲစိပ်မှု ပြုလုပ်ရမယ့် ပိုင်ဖြိုးသု

The post “သားအိမ် အရည်အိတ် ခွဲစိတ်မှု အောင်မြင်တယ်”ဆိုတဲ့ ပိုင်ဖြိုးသု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...