မင်းသား Tom Cruise ဟာ မကြာမီထွက်ရှိလာတော့မယ့် “Mission: Impossible” ရှပ်ရှင်သစ်အတွက် ပရိသတ်များကို စိတ်ဝင်စားဖွယ် ဓာတ်ပုံတချို့ ထုတ်ပြလိုက်ပါတယ်။
အသက် ၅၅ နှစ်အရွယ် မင်းသားဟာ ဘယ်လောက်ပဲ စိန်ခေါ်မှုနဲ့ အန္တရာယ်ရှိရှိ ကိုယ်တိုင် အက်ရှင် စတန့်ပြကွက်တွေကို လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ “Mission: Impossible – Fallout” ရုပ်ရှင်မှာတော့ မင်းသား Cruise ဟာ HALO Jump လို့ခေါ်တဲ့ အမြင့်ကနေ ခုန်ချတာမျိုး၊ တိုက်တခုနဲ့တခုကြား ခုန်တာမျိုးကို လုပ်ဆောင်ခဲ့ပါတယ်။
မင်းသား Cruise နဲ့ ရုပ်ရှင်ရိုက်ကူးရေးဝန်ထမ်းတွေဟာ အဲဒီစတန့်ပြကွက်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဖြစ်နိုင်ချေပိုင်းဆိုင်ရာ ခက်ခဲတဲ့ သဘောသဘာဝတွေကို ပြောကြားခဲ့ကြပါတယ်။
မင်းသားနဲ့ ရိုက်ကူးရေးဝန်ထမ်းတို့ဟာ ဝေဟင်ပေါ်မှာရှိတဲ့လေယာဉ်၊ ရဟတ်ယာဉ်ပေါ်ကနေ ခုန်ချရတဲ့ပြကွက် အတွက် အကြိမ် ရာနဲ့ချီပြီး လေ့ကျင့်ခဲ့ရတဲ့အပြင် သဘောဝကျတဲ့ အလင်းရောင်မှာ ပြီးပြည့်စုံတဲ့ ရိုက်ချက်တခုကို ရရှိဖို့ တနေ့ကို နားချိန် တခုမှာ ၃ မိနစ်လောက်ပဲ ရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ အမြင့်ခုန် ပြကွက်ကို မြေပြင်အထက် ပေ ၂၅၀၀၀ မှာ ပြလုပ်ခဲ့တာဖြစ်ပြီး စတန့်ပြကွက် စီစဉ်သူရဲ့ အဆိုအရ အဲဒီ အမြင့်ဟာ ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်ချို့တဲ့မှုကို မြင့်တက်စေနိုင်ကြောင်း သိရပါတယ်။
အဲဒီအခြေအနေမှာဆိုရင် စိတ်ထိန်းချုပ်မှုလျော့နည်းနိုင်ပြီး မှတ်မိနိုင်စွမ်းမရရှိနိုင်ဘူးလို့ ဆိုပါတယ်။ “Mission: Impossible” ရဲ့ ၆ ခုမြောက် ရုပ်ရှင်မှာတော့ မင်းသား Cruise နဲ့အတူ Henry Cavill, Rebecca Ferguson, Simon Pegg, Angela Basset နဲ့ Alec Baldwin တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
“Mission: Impossible — Fallout” ရုပ်ရှင်ကို ဇူလိုင် ၂၇ ရက်မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။
Ref:etcanada
The post “Mission: Impossible – Fallout” ရုပ်ရှင်မှ Tom Crusie ရဲ့ စတန့်ပြကွက်ဓာတ်ပုံများ ထွက်လာ appeared first on ဧရာဝတီ.