Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

လေပြင်းကြောင့် ကိုယ်ပိုင် Futsal ဘောလုံးကွင်း ပျက်စီးသွားလို့ ဝမ်းနည်းနေတဲ့ ရဲနောင်

$
0
0

Myanmar Idol Season2 သီချင်းဆိုပြိုင်ပွဲကနေစပြီး ဂီတလောကထဲကို ရောက်ရှိလာတဲ့ ရဲနောင်ဟာ သူနေထိုင်ရာ မအူပင်မြို့မှာ ကိုယ်ပိုင် Futsal ဘောလုံးကွင်းလေး တည်ဆောက်ပြီး ဖွင့်လှစ်နေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တပတ်က မုန်တိုင်းငယ်တခု ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် မအူပင်မြို့မှာရှိတဲ့ ရဲနောင်ရဲ့ Futsal ဘောလုံးကွင်း အနည်းငယ် ပျက်စီးခဲ့တယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“ ဟိုတလောလေးက မိုးရွာလေတိုက်မုန်တိုင်း ဝင်လိုက်တာနဲ့ ကျနော်ကွင်းလေး ပြိုသွားတယ်။ ကျနော်ခံစားချက်ကတော့ ကိုယ်တိုင်ဖန်တီးထားတဲ့ သီချင်းတပုဒ် ဖျက်စီးခံလိုက်ရသလို ခံစားရတယ်။ ကိုယ့်မှာ ဒီတခုပဲရှိတာလေ။ ဒါကလည်း အိမ်မက်လို ဖြစ်နေတယ်။ ကိုယ်တိုင်ဖန်တီးတဲ့ အရာလေးဆိုတော့ ဝမ်းနည်းခဲ့တယ်။ ကျနော်ပြန်ပြုပြင် ပြီးပြန်ဆောက်နေပါတယ်။ ခဏပါပြီးရင် ပြန်ကောင်းသွားမှာပါ”လို့ အဆိုတော် ရဲနောင်က ပြောပါတယ်။

Futsal ဘောလုံးကွင်း ဖွင့်လှစ်ထားဖြစ်တာနဲ့ ပတ်သက်ပြီးတော့လည်း အဆိုတော် ရဲနောင်က အခုလိုဆိုပါတယ်။ “ကျနော် မအူပင်မှာ ဘောလုံးကွင်းလေးတည်ဆောက်ပြီး ဖွင့်လှစ်ထားပါတယ်။ ကျနော် မနှစ်က မိုးတွင်းလောက်က ဝယ်ထားတဲ့ ခြံထဲမှာ ဖွင့်လှစ်ထားတာပါ။ ကျနော် အနုပညာကြေးတွေစုပြီး ဝယ်ထားတာပါ” လို့ ရဲနောင်က ဧရာဝတီကို ဆိုပါတယ်။

ဆက်လက်ပြီး ရဲနောင်က “ကျနော်တို့ မအူပင်မြို့မှာ ဘောလုံးကွင်းရှားတယ် ။ ကျနော်ကိုယ်တိုင်လည်း ငယ်ငယ်တည်းက ဘောလုံးကန်ခဲ့တော့ ဒီဘောလုံးကွင်း ရှားပါးတဲ့ ပြဿနာကိုသိတယ်။ ကိုယ့်မှာခြံလေးရှိနေတာနဲ့ လုပ်မယ်ဆိုပြီး စိတ်ကူးရလို့ လုပ်လိုက်တာပါ။ ကျနော် ဒီကွင်းလေး ဆောက်ဖို့လည်း လေ့လာရပါတယ်။ ကျနော်တို့ နယ်ဘက်မှာ ဒီကစားနည်းက စိမ်းတော့ လေ့လာရတယ်” လို့ ဆိုပါတယ်။

အဆိုတော် ရဲနောင်ဟာ “ဆန္ဒဒိုင်ယာရီ” ဆိုတဲ့ တကိုယ်တော်တေးစီးရီးကိုလည်း မကြာခင်မှာ ပရိသတ်နားဆင်နိုင်ဖို့ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။

The post လေပြင်းကြောင့် ကိုယ်ပိုင် Futsal ဘောလုံးကွင်း ပျက်စီးသွားလို့ ဝမ်းနည်းနေတဲ့ ရဲနောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်