Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ငယ်ငယ်တည်းက ရုပ်ရှင်ပိုး ပါခဲ့လို့ သရုပ်ဆောင် လုပ်ဖြစ်တာ” ဆိုတဲ့ ရွှေထူး

$
0
0

အဆိုတော် ရွှေထူးက တေးသီချင်းသီဆိုမှု အပိုင်းမှာလည်း ပရိသတ် နှစ်သက်အားပေးတဲ့ အဆိုတော် တယောက် ဖြစ်သလို ယခုနောက်ပိုင်းမှာလည်း သရုပ်ဆောင်ပိုင်းကို လုပ်လာတာကို တွေ့လာရပါတယ်။ သရုပ်ဆောင်လုပ်ဖြစ်တဲ့ အကြောင်းကတော့ ငယ်ငယ်တည်းက ရုပ်ရှင်ပိုး နည်းနည်းပါခဲ့တာကြောင့် လုပ်ဖြစ်တာလို့ ရွှေထူးက ပြောပါတယ်။

“သရုပ်ဆောင်ကို ဘာ့ကြောင့်လုပ်တာလဲဆိုရင် ငယ်ငယ်လေးထဲက ပိုးနည်းနည်း ပါတယ်။ ကျနော်က သီချင်း ဆိုတာလည်း အရင်က အဆိုတော်ကြီးတွေရဲ့ သီချင်းတွေကို စင်ပေါ်တက်ပြီး ဆိုခဲ့တယ်။ ရုပ်ရှင်ပိုးပါလား ဆိုတာကို အားလုံး သတိထားမိမှာပါ။ ဘာလို့လဲ ဆိုရင် ကျနော့် Music Video တိုင်းကို ကြည့်ကြည့်ပါ။ မင်းသားက ကျနော်ပါပဲ”လို့ ရွှေထူးက ပြောပါတယ်။

ရွှေထူးကတော့ သူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ပက်ပက်စက်စက်ညှို့” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့တုန်းက ပရိသတ်ရဲ့ အားပေးမှု၊ ဝေဖန်မှုများလည်း ရှိခဲ့ပြီး မကြာခင်မှာ ရိုက်ကူးတော့မယ့် “နှလုံးသားကို ဝင်ချည်ထွက်ချည် လုပ်တဲ့ ဧည့်သည်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အမြင်ကတ်စရာကောင်းတဲ့ ဂျစ်ကန်ကန် ကောင်လေး တယောက် နေရာကနေ သရုပ်ဆောင်သွားရမယ်လို့ သိရပါတယ်။

ဒီကားထဲမှာတော့ ရွှေထူးက သရုပ်ဆောင် ရွှေမှုံရတီ၊ နေခြည်ဦးတို့နဲ့အတူ သရုပ်ဆောင်ရမှာ ဖြစ်တာကြောင့် ရင်ခုန်မှု ရှိနေတယ်လို့လည်း ပြောပါတယ်။

“ရုပ်ရှင်ရိုက်တာက သီချင်းဆိုတာနဲ့ မတူဘူး။ စင်ပေါ်မှာ ကြိုက်တဲ့ ပုံစံနဲ့ အပေးအယူမျှမျှ လုပ်ရတာ။ ရုပ်ရှင်ရိုက်တာက လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ အဖွဲ့အစည်းနဲ့ လုပ်ရတာ ဆိုတော့။ သရုပ်ဆောင်ပိုင်းချည်းပဲလည်း မရသလို အဝတ်အစားပိုင်းချည်းပဲ ပြင်ဆင်ရုံနဲ့ မရဘူး။ အကုန်လုံးကိုတော့ မျှတအောင် အဝတ်အစားပိုင်းဆိုင်ရာရော ပထမကားမှာ တုန်းက ဝေဖန်ခံရတာ မိတ်ကပ်ပိုင်းဆိုင်ရာရော သရုပ်ဆောင်ပိုင်းဆိုင်ရာရော အကုန်လုံးပေါ့။ အဓိကကတော့ သရုပ်ဆောင်ပိုင်းဆိုင်ရာကို ပိုပြီးလေ့ကျင့်နေတယ်” လို့ ရွှေထူးကပြောပါတယ်။

ရွှေထူးကတော့ သူ့ရဲ့ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားမှာတော့ ပထမကားထက် ပိုပြီးတော့ လုပ်နိုင်မယ်လို့ ယုံကြည်ပြီး ဒီကားထဲမှာတော့ အပြင်ကာရိုက်တာ အချိုးမပြေတာထက်ပိုပြီး ဇာတ်လမ်းထဲမှာ အချိုးမပြေတဲ့ပုံစံကို တွေ့ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုတော် ရွှေထူးကတော့ ထပ်မံပြီးတော့လည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

The post “ငယ်ငယ်တည်းက ရုပ်ရှင်ပိုး ပါခဲ့လို့ သရုပ်ဆောင် လုပ်ဖြစ်တာ” ဆိုတဲ့ ရွှေထူး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...