Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သူခိုးလက်က သူဝှက်လုမယ့် ကမ္ဘာကျော် လူလိမ်အဖွဲ့ “Special 26”

$
0
0

ဒီနေ့မှာတော့ ၂၀၁၃ ခုနှစ်က ထွက်ရှိတဲ့တဲ့ “Special 26” ဆိုတဲ့ ဘောလိဝုဒ် ဟာသရုပ်ရှင် အကြောင်း ညွှန်းပေးမှာပါ။ ဒါရိုက်တာကတော့ Neeraj Pandey ဖြစ်ပြီး ခေါင်းဆောင်မင်းသားအဖြစ် Akshay Kumar နဲ့ ဇာတ်ပို့တွေအဖြစ် Manoj Bajpayee, Anupam Kher, Kajal Aggarwal, Jimmy Sheirgill နဲ့ Divya Dutta တို့က ပါဝင်သရုပ်ဆောင်ထား ပါတယ်။

မွမ်ဘိုင်းမြို့မှာရှိတဲ့ လက်ဝတ်ရတနာ ကုန်သည်တဦးရဲ့ အိမ်ကို အကောက်ခွန် ရှာဖွေစီးနင်းမှု လုပ်ဆောင်ခဲ့တဲ့ ဗဟိုထောက်လှမ်းရေး ဗျူရိုအရာရှိ အယောင်အဆောင် အဖွဲ့တခုရဲ့ “1987 Opera House ဓါးပြတိုက်မှု”ကို ဇာတ်အိမ် တည်ထားပါတယ်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ ထွက်ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်ရဲ့ “အကောင်းဆုံး ရုပ်ရှင်”တခု အဖြစ် သတ်မှတ်ခံထား ရပါတယ်။

ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် Ajay Devgn နဲ့ Abhishek Bachchan တို့နဲ့ ရိုက်ကူးဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဒါရိုက်တာရဲ့ ပထမဦးစားပေး ရွေးချယ်မှုအတိုင်း မင်းသား Akshay Kumar ကိုပဲ ရွေးချယ် ခဲ့တာ ဖြစ်ပါတယ်။ ဒေလီ၊ ကိုးလ်ကတ္တား၊ ချန်ဒီဂရာ့ နဲ့ မွမ်ဘိုင်းမြို့တို့မှာ ရိုက်ကူးခဲ့ပြီး ရိုက်ကူးရက် ၄၇ ရက်ရှိခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း အခုလိုမျိုး ဗဟိုထောက်လှမ်းရေးဗျူရို (CBI) အယောင်ဆောင်တွေကနေ ငွေကြေးလိမ်လည်မှုတွေ၊ ဓါးပြတိုက်မှုတွေ ဖြစ်နေတဲ့အတွက် အရာရှိတွေ ကိုယ်တိုင်က CBI အယောင်ဆောင်တွေကို ပြည်သူတွေအနေနဲ့ သတိထားကြဖို့ လှုံ့ဆော်ရေး ရုပ်ရှင်ထဲမှာ ထည့်ပေးဖို့ ထုတ်လုပ်သူတွေကို တောင်းဆိုခဲ့ပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်မှာ ဇာတ်အိမ် တည်ထားတာ ဖြစ်တဲ့အတွက် ရိုက်ကွင်းကို ဖုန်းသယ်ဆောင်ခွင့် မပြုခဲ့ပါဘူး။ ဒါဟာလည်း ဒါရိုက်တာကြီးရဲ့ အိုင်ဒီယာ ဖြစ်ပါတယ်။ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတချို့ကို ဇာတ်လမ်းဆင် ပြန်လည် ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။

ဇာတ်လမ်းအစမှာပဲ Ajay Singh (Akshay Kumar) ဟာ ဗဟိုထောက်လှမ်းရေးဗျူရို ဝင်ရောက်စီးနင်းမှု တခု အတွက် တပ်သားအင်အား တောင်းဆိုဖို့ ဒေသဆိုင်ရာ ရဲစခန်းတခုကို ဖုန်းဆက်လိုက်ပါတယ်။ Ajay နဲ့အတူ သူ့ရဲ့ လုပ်ဖော် ကိုင်ဖက်တွေဟာ လမ်းခုလတ်မှာ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အင်အားပူးပေါင်းပြီး လာဘ်စားထားတယ်လို့ သတင်းထွက်နေတဲ့ အစိုးရဝန်ကြီးတယောက်ရဲ့ အိမ်ကို ဝင်ရောက်စီးနင်ခဲ့ပါတယ်။

အခုလိုမျိုး ဝန်ကြီးရဲ့ အိမ်ကို ဝင်ရောက်စီးနင်းပြီးတဲ့နောက်မှာတော့ Ajay တို့အဖွဲ့ဟာ CBI အယောင်ဆောင်တွေ ဖြစ်ကြောင်း သိလာခဲ့ရပါတယ်။ စီးနင်းမှု ပြီးတဲ့နောက်မှာတော့ သူတို့အဖွဲ့ဝင်တွေ အသီးသီးဟာ မူရင်းဘဝနေထိုင်ရာ နိုင်ငံတဝန်းက ဒေသအသီးသီးကို ပြန်သွားခဲ့ကြပါတယ်။ သူတို့ဟာ ချန်ဒီဂရာ့မြို့မှာရှိတဲ့ အဖွဲ့ဝင်တဦးရဲ့ သမီး မင်္ဂလာဆောင်မှာ ပြန်ဆုံကြမယ်လို့ စီစဉ်ထားခဲ့ပါတယ်။

တဖက်မှာလည်း ဝန်ကြီးအိမ်စီးနင်းမှုမှာပါဝင်ခဲ့တဲ့ ရဲမှူးကလည်း သူတို့အလိမ်ခံလိုက်ရမှန်း သိလိုက်ရပေမယ့် ဝန်ကြီးက သူ့ရဲ့ပုံရိပ်ထိခိုက်မှာစိုးလို့ အဲဒီအမှုကို သူတို့က တိတ်တဆိတ်ပဲ ဖြေရှင်းကြပါတော့တယ်။ လူလိမ်အဖွဲ့ကို မျက်မြင် ကိုယ်တွေ့ ကြုံလိုက်ရပေမယ့် သူတို့နာမည်နဲ့ ဘယ်ဒေသကလာတယ်၊ ဘယ်မှာ ရှိနေတယ်ဆိုတာကို မသိလိုက်ရတဲ့ အတွက် ပိုခံပြင်း နေတာပါ။

ဒါပေမယ့် တကယ့် CBI အရာရှိ Waseem Khan က ငွေတွေကို ဝန်ကြီးအိမ်ကနေ ခိုးထုတ်သွားတဲ့ Ajay နဲ့ အပေါင်းအပါ ရာဇဝတ်သားတွေကို ဖမ်းဆီးဖို့ စတင်လုပ်ဆောင်ခဲ့ပါတယ်။ တဖက်မှာလည်း Ajay တို့အဖွဲ့ဟာ CBI အယောင်ဆောင်ပြီး လာဘ်စားထားတဲ့သူတွေ၊ အခွန်ရှောင်ထားတဲ့ သူတွေထံကနေ ငွေကြေးတွေကို လိမ်လည်ခိုးယူလျက်ရှိနေပါတယ်။

အညှိးကြီးတဲ့ ရဲအရာရှိ၊ တိကျပြတ်သားဉာဏ်ရည်ထက်မြက်တဲ့ CBI အရာရှိတို့ လက်ကနေ လူလိမ် Ajay တို့အဖွဲ့ လွတ်မြောက် နိုင်ပါ့မလားဆိုတာ “Special 26” ရုပ်ရှင်ကို ကြည့်ရှုနိုင်ပါတယ်။ တဝါးဝါး တဟာဟား ရယ်မောရတဲ့ ရုပ်ရှင်မဟုတ်ပေမယ့် တွေးမိရင်း ပြုံးပျော်ရမယ့် ရုပ်ရှင် ဇာတ်လမ်းတခုဖြစ်ပါတယ်။ IMDB Raiting (10/8) ရရှိထားတဲ့ ရုပ်ရှင်ဇာတ်လမ်း ဖြစ်ပါတယ်။

The post သူခိုးလက်က သူဝှက်လုမယ့် ကမ္ဘာကျော် လူလိမ်အဖွဲ့ “Special 26” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...