Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Animation ရုပ်ရှင်တခုမှာ မြားနတ်မောင်အဖြစ် အသံသရုပ်ဆောင်မယ့် Justin Bieber

$
0
0

ကမ္ဘာကျော် အဆိုတော် Justin Bieber ဟာ သူ့ရဲ့ မန်နေဂျာ Scooter Braun ရဲ့ Animation ရုပ်ရှင်မှာ Cupid (မြားနတ်မောင်) အဖြစ် အသံသရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Pop စတား Bieber ဟာ မန်နေဂျာ Scooter ကပူးတွဲတည်ထောင်ထားတဲ့ Mythos Studios ကဖန်တီးမယ့် အချစ် နတ်ဘုရား အကြောင်း ရိုက်ကူးမယ့် ရုပ်ရှင်မှာ ပါဝင်မှာဖြစ်ပြီး အဲဒီရုပ်ရှင်ရဲ့ အမှုဆောင်ထုတ်လုပ်သူ အဖြစ်လည်း ဆောင်ရွက်မှာ ဖြစ်တယ်လို့ Deadline မီဒီယာက ဆိုပါတယ်။

Scooter ဟာလည်း ၂၀၁၁ ခုနှစ်တုန်းက အဆိုတော် Bieber ရဲ့ “Never Say Never” ဖျော်ဖြေပွဲ ရုပ်ရှင်ကို ထုတ်လုပ်ခဲ့သူရဲ့ လုပ်ဖော်ကိုင်ဖက် David Maisel နဲ့အတူ အလုပ် အတူတွဲလုပ်နေပြီ ဖြစ်ပါတယ်။

သူတို့နှစ်ယောက် ပူးပေါင်းပြီးတော့ ဒဏ္ဍာရီလာ အချစ်နတ်ဘုရားရဲ့ ဘဝအကြောင်းကို ငွေရောင်ပိတ်ကားထက်  အရောက်တင်မှာ ဖြစ်ပြီး Bieber ကိုယ်တိုင် အခုလိုမျိုး အိုင်ဒီယာကို ပေးခဲ့တဲ့အတွက် သူ့ကို ထည့်သွင်း ရိုက်ကူးတာ ဖြစ်တဲ့အကြောင်း ထုတ်လုပ်သူက ဆိုပါတယ်။

Scooter က “Bieber ထံကို ဒီရုပ်ရှင် အကြောင်းသွားပြတဲ့ အချိန်တုန်းက သူဟာ ပါဝင်သရုပ်ဆောင်ဖို့ သိပ်ကို စိတ်လှုပ်ရှား နေခဲ့ပါတယ်။ ကျနော်တို့အတွက် ကံကောင်းစွာနဲ့ဘဲ သူဟာလည်း အချစ်နဲ့ ဒုက္ခများတတ်တဲ့အကြောင်းကို နည်းနည်းလောက်တော့ သိထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

“The Angry Birds” ရုပ်ရှင်၊ ပထမဆုံး “Iron Man” ရုပ်ရှင် နှစ်ခု၊ “The Incredible Hulk, Captain America: The First Avenger နဲ့ Thor” ရုပ်ရှင်တို့မှာ အမှုဆောင် ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ခဲ့ဖူးတဲ့ Maisel က “ကျနော်ကိုယ်တိုင်နဲ့ Scooter တို့မှာ ဒဏ္ဍာရီ အကြောင်းအရာတွေကို တဘဝလုံး ချစ်မြတ်နိုးခဲ့ပြီး ကျနော်တို့ဟာ Cupid ရဲ့ ထူးခြား ဆန်းကြယ်တဲ့ အကြောင်းအရာကို ကမ္ဘာကြီးကို ပြသဖို့ Bieber နဲ့အတူ ပူးပေါင်းဖို့ စိတ်လှုပ်ရှားနေပါတယ်” လို့  ပြောကြားခဲ့ပါတယ်။

Cupid ရုပ်ရှင်အပြင် Mythos Studios ဟာ Aspen Comics ကို အခြေခံထားတဲ့  ရုပ်ရှင်နှစ်ခု အတွက်လည်း  ပြင်ဆင် နေတယ်လို့ သိရပါတယ်။ အခု Cupid ရုပ်ရှင်ဟာ Bieber အတွက်တော့ ပထမဆုံး ပွဲဦးထွက် ရုပ်ရှင် မဟုတ်ပါဘူး။ “Never Say Never” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ အဆိုတော် Biber ဟာ “Zoolander 2” နဲ့ “Men in Black 3” တို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ The Simpsons ကာတွန်းဇာတ်လမ်းတွဲ အပိုင်းတခုမှာလည်း ပါဝင်ခဲ့ပါ သေးတယ်။

Ref: aceshowbiz

The post Animation ရုပ်ရှင်တခုမှာ မြားနတ်မောင်အဖြစ် အသံသရုပ်ဆောင်မယ့် Justin Bieber appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...