Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

တောင်ကိုရီးယားမှာ ကြည့်ရှုနှုန်း စံချိန်တင်သွားတဲ့ “Jurassic World: Fallen Kingdom”

$
0
0

ကမ္ဘာတဝန်းမှာ မကြာခင်ပြသတော့မယ့် “Jurassic World: Fallen Kingdom” ရုပ်ရှင်ဟာ တောင်ကိုရီးယားနိုင်ငံမှာတော့ စတင်ပြသတဲ့နေ့မှာပဲ ပြီးခဲ့တဲ့ ဧပြီလတုန်းက “Avengers: Infinity War” ရုပ်ရှင်တင်ခဲ့တဲ့ လူကြည့်နှုန်း စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

အဆိုပါ နာမည်ကျော် ဟောလိဝုဒ် အက်ရှင် ရုပ်ရှင်ဟာ စတင်ပြသတဲ့နေ့မှာပဲ ရုပ်ရှင်ရုံတွေကို လူ ၁ ဒဿမ ၁၈ သန်း လာရောက် ကြည့်ရှုခဲ့တယ်လို့ ကိုရီးယားရုပ်ရှင်ကောင်စီက ထုတ်ပြန်တဲ့ ကွန်ပျူတာစနစ်သုံး ရုံဝင်ငွေ စာရင်းအရ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်တုန်းက “Infinity War” ရုပ်ရှင်ကို စတင်ရုံတင် ပြသခဲ့ပြီး လာရောက်ကြည့်ရှုသူ ၉၈၀၀၅၂ ဦး ရှိခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ တဝန်းမှာ ပရိသတ် ၅ ဒဿမ ၅၄ သန်း လာရောက်ကြည့်ရှုခဲ့တဲ့ ၂၀၁၅ ခုနှစ်ရဲ့ “Jurassic World” နောက်ဆက်တွဲ ရုပ်ရှင်မှာတော့ မီးတောင် ပေါက်ကွဲမှု ကြောင့် သေဆုံးရမယ့်ဘေးကနေ ကယ်ဆယ်ဖို့ အသက်ရှင်နေသေးတဲ့ ဒိုင်နိုဆောတွေကို ကယ်ဆယ်ဖို့ Claire နဲ့ Owen တို့က ဗဟိုအမေရိကဒေသမှာရှိတဲ့ စွန့်ပစ်ပန်းခြံကြီးသို့ ပြန်လည်ရောက်ရှိလာခဲ့ပုံကို ဇာတ်အိမ်တည်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့မှာတော့ ကိုရီးယား သည်းထိတ်ရင်ဖို မှုခင်းရုပ်ရှင်ဖြစ်တဲ့ “Believer” ကတော့ ကြည့်ရှုသူ ပရိသတ် ၄ သန်းကို ကျော်လွန်ခဲ့ပါတယ်။ နာမည်ကျော်မင်းသားတွေဖြစ်တဲ့ Cho Jin-woong နဲ့ Ryu Jun-yeol တို့ ခေါင်းဆောင်ပါ ဝင်ထားတဲ့ အဲဒီရုပ်ရှင်ဟာ မေ ၂၂ ရက်မှာ စတင်ပြသခဲ့ပြီး ၁၅ ရက်ကြာတဲ့အထိ ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးနေရာကို ရရှိထားခဲ့တာဖြစ်ပေမယ့် “Fallen Kingdom” ပြသချိန်မှာတော့ အဲဒီပထမနေရာကို ဖယ်ပေးခဲ့ရပါတယ်။

၂၀၁၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဟောင်ကောင်သည်းထိတ်ရင်ဖိုမှုခင်းရုပ်ရှင် “Drug War” ကို ပြန်လည်ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်မှာတော့ မူးယစ်တိုက်ဖျက်ရေးရဲဌာနခွဲမှ အရာရှိ Won Ho နဲ့ မူးယစ်မှောင်ခိုရောင်းဝယ်သူ၊ သတင်းပေး Rak တို့နှစ်ဦးပူးပေါင်းပြီး ဆိုးလ်အခြေစိုက်နိုင်ငံတကာ မူးယစ်မှောင်ခိုဂိုဏ်း ဖြိုခွင်းပုံကို ရှုစားကြရမှာဖြစ်ပါတယ်။

Ref:Yonhap

The post တောင်ကိုရီးယားမှာ ကြည့်ရှုနှုန်း စံချိန်တင်သွားတဲ့ “Jurassic World: Fallen Kingdom” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...